backup og meta

ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့

    ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့ ဘာကြောင့် ဆံပင်ကျွတ်တာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့

    ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ ကလေးမွေးပြီးရင် ဆံပင်တွေကျွတ်လာတာ ပုံမှန်ပါပဲ။ အသစ်စက်စက် မေမေတို့ ဆံပင်တွေ ပါးလာတာ အတော်များများမှာ ကြားရလေ့ရှိတဲ့ ညည်းတွားစကားပါ။ ကလေးမွေးပြီးကာစ ပထမနှစ်လသုံးလထက်တောင် နောက်ပိုင်းမှာ ဆံပင်တွေ ပိုကျွတ်လာတာ ရှိနိုင်ပါတယ်။ ဖြစ်လေ့ရှိတဲ့ သဘာဝမို့ ဆံပင်တွေကျွတ်ကုန်ပြီ ဆိုပြီး အရမ်း ထိတ်လန့်မသွားပါနဲ့။ ကလေး အသက် တစ်နှစ် မပြည့်ခင်မှာပဲ မေမေတို့ဆံပင် ပုံမှန် ပြန်ဖြစ်သွားပါလိမ့်မယ်။

    ပုံမှန်အားဖြင့် အမျိုးသမီး တစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ဆံပင် အချောင်းရေ ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆို အက်စထရိုဂျင် ဟော်မုန်း ပမာဏက မြင့်တက်နေတာကြောင့် ဆံပင်ကျွတ်နှုန်းကို နှေးစေတယ်။

    ဒါပေမယ့် မီးဖွားပြီးတဲ့အခါ အက်စထရိုဂျင် ဟော်မုန်းပမာဏ ထိုးကျသွားပြီး ဆံပင်တွေ ကျွတ်ပါတော့တယ်။ ကလေး အသက် လေးငါးလမှာ အဆိုးဆုံး ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ဆံပင်သန်ဆေးတွေ၊ ပေါင်းဆေးတွေ ဘယ်လောက် ကောင်းကောင်း အာနိသင် ထူးခြားမှာတော့ မဟုတ်ပါဘူး။ ဆံပင် အကျွတ် သက်သာအောင်သာ ကိုယ့်ဘာသာ ဂရုစိုက်တာပဲ တတ်နိုင်ပါမယ်။

    တချို့အမျိုးသမီးတွေဆို သိပ်မသိသာပေမယ့် ဆံပင် ရှည်တဲ့ မေမေတွေကျ ဆံပင် ပါးလာတာ ပိုသိသာပါတယ်။ ဒါပေမယ့် ယာယီဖြစ်တတ်တဲ့သဘာဝမို့ စိတ်တွေ ဆင်းရဲမနေပါနဲ့ဦး။ ဒီနည်းလေးတွေ လုပ်ကြည့်ရင် အဲဒီအခိုက်အတန့်ကို အလှမပျက်ဘဲ ကျော်ဖြတ်နိုင်မှာပါ။

    ဆံပင်ကျွတ်ကာလကို ဘယ်လိုဖြတ်ကျော်မလဲ

    တကယ်တော့ ထူးခြားပြီးလုပ်ရမယ့်အချက်တွေမဟုတ်ပါဘူး။ ခုလိုအချိန်မှာ အားနည်းနေတဲ့ ဆံသားကျန်းမာရေးကို ပုံမှန်ထက်ပိုဂရုစိုက်ပေးဖို့ပါပဲ။

    (၁) ဆံပင်ညှပ်ပါ

    ဒါ့ကြောင့် မီးဖွားထားတဲ့မေမေတွေ ဆံတိုလေးတွေဖြစ်ကုန်ကြတာပါ။ ဆံပင်ပုံစံပြောင်းလို့ ပိုလှသွားနိုင်သလို ဆံပင်ရှည်ရှည်တွေခေါင်းဖြီးတိုင်း ပိုကျွတ်ရတဲ့အဖြစ်ကို ကာကွယ်နိုင်မယ်။ ကလေးတစ်ဖက်နဲ့အလုပ်ရှုပ်ချိန်မှာ ဆံပင်နဲ့ပတ်သက်ပြီးစိတ်ရှုပ်မနေရတော့ဘူး။ သိပ်တိုတာ မဟုတ်တောင် အလွယ်တစ်ချက်စည်းလို့ရတဲ့ မတိုမရှည်လောက်လည်း အဆင်ပြေပါတယ်။ အဓိကကဖြီးနေရတာ ဆံပင်ရှုပ်တာဖြစ်ရင် ပိုကျွတ်မှာစိုးလို့ဖြစ်ပါတယ်။ ဆံပင်ရှည်ရင် အဖျားရှူးနိုင်တော့ တိုသွားရင် ပိုထူသလိုလည်း ထင်ရစေပါတယ်။

    (၂) ဆံသားမခြောက်သွေ့အောင် ဂရုစိုက်ပါ

    ပြောချင်တာကတော့ ဆီထည့်ပါပေါ့။ ခေါင်းလျှော်ပြီးရင် သံလွင်ဆီလေးဖြစ်ဖြစ်၊ hair coat ဒါမှမဟုတ် ဆံသားအစိုဓာတ်ထိန်းမယ့် ပစ္စည်းတစ်ခုခုသုံးပါ။ ဆံပင်ပျော့ဆေးသုံးပါ။

    (၃) ဓာတုဆေးတွေရှေုာင်ပါ

    ဆံပင်အရောင်ဆိုးတာက အလှအတွက် အဆင်ပြေနိုင်ပေမယ့် ဆံပင်ပိုကျွတ်နိုင်စေမယ့်အရာ ဘာမှထပ်မလုပ်တာအကောင်းဆုံးပါ။ ဓာတုဆေးတွေထိတဲ့အခါ ဆံသားကျန်းမာရေးအတွက်မကောင်းပါဘူး။

    (၄) Dryer သို့မဟုတ် ဖြောင့်/ကောက်စက် မသုံးပါနဲ့

    ဆံပင်ကို dryer နဲ့အခြောက်ခံတဲ့အခါ ဒါမှမဟုတ်ဖြောင့်စက်/ကောက်စက် သုံးတဲ့အခါ ဆံသားကိုအပူနဲ့ ထိတွေ့စေတဲ့အခါ ဆံပင်ပိုပါးစေပါလိမ့်မယ်။

    (၅) ခပ်ကြမ်းကြမ်းမဖြီးပါနဲ့

    ဘယ်လောက်အလုပ်ရှုပ်ရှုပ် ခေါင်းဖြီးတာကို အမြန်မလိုပါနဲ့။ ဆံပင်မနာအောင် ခပ်ဖွဖွ၊ အသာအယာဖြီးပါ။ တစ်နေ့ တစ်ကြိမ်၊နှစ်ကြိမ် ထက်ပိုပြီးမဖြီးပါနဲ့။

    (၆) အာဟာရပြည့်အောင်စားပါ

    ခန္ဓာကိုယ်မှာလိုအပ်သမျှ အာဟာရတွေကို ညီညွတ်မျှတအောင်စားပေးရပါမယ်။ အသား၊ငါး၊ အသီးအရွက်နဲ့ သီးနှံတွေကို အစုံအလင်စားပါ။ ဒီအချက်က ဆံသားအတွက်တင်မကဘဲ မိခင်နို့ကိုပါ သက်ရောက်မှုရှိစေတာမို့ ကလေးကျန်းမာရေးအတွက်လည်းအကျိုးပြုပါတယ်။

    (၇) အားဆေးသောက်ပါ

    လိုအပ်လာရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အားဆေးသောက်သင့်သောက်ပါ။ အစာအာဟာရကနေ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်အောင်ရနိုင်ပါ့မလားဆိုတာ သိဖို့ အရေးကြီးပါတယ်။ မိခင်ကျန်းမာမှ နို့စို့ကလေးက ကျန်းမာဖွံ့ဖြိုးနိုင်မှာပါ။

    ဆံကေသာအလှကို ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေပြောပြပြီးပြီဆိုတော့ မေမေတို့ ဆံပင်တွေကျွတ်လို့ စိတ်ဆင်းရဲမနေနဲ့တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement