backup og meta

ကလေးမွေးပြီးသော မိခင်များ၏ခန္ဓါကိုယ်တွင် ဖြစ်ပေါ်သော ပြောင်းလဲမှုများ


Dr. K Zin Thwe မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးပြီးသော မိခင်များ၏ခန္ဓါကိုယ်တွင် ဖြစ်ပေါ်သော ပြောင်းလဲမှုများ

    မိခင်တစ်ဦး အနေဖြင့် ကလေးမွေးပြီးစအချိန်သည် အားအနည်းဆုံးနှင့် ထိလွယ်ရှလွယ် အဖြစ်နိုင်ဆုံးအချိန်ဖြစ်ပါသည်။ အထူးသဖြင့် ဗိုက်ခွဲမွေးထားလျှင် ပိုဆိုးပါသည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများသာမက မိခင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများသည်လည်း ကလေးမွေးပြီး ရက်အတော်ကြာအထိ ပြောင်းလဲမှုများ ဖြစ်နိုင်ခြင်း နှင့် အချိန်ကြာမြင့်စွာ စိတ်မကျန်းမာမှုများခံစားရခြင်းတို့ဖြစ်နိုင်ပါသည်။

    အောက်ဖော်ပြပါများသည် ကလေးမွေးပြီး အချိန်တွင် မိခင်များခံစားရမည့် ရုပ်ပိုင်းဆိုရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ဖော်ပြထားခြင်းဖြစ်ပါသည်။

    ကလေးမွေးပြီး အချိန်ဆိုတာဘာလဲ။

    ကလေးမွေးပြီး ၁ ပတ်အချိန်တွင် သင့်ကိုယ်ခန္ဓါသည် အနာကျက်ရန်နှင့် နောက်ကိုယ်ဝန်မရရန် ထိန်းညှိမှုဖြစ်စဉ်များဖြစ်နေသော အချိန်ဖြစ်ပါသည်။ ထိုအချိန်ကို မွေးပြီးကာစအချိန်အဖြစ် သတ်မှတ်ထားပြီး ထိုအချိန်တွင် နာလန်မထနိုင်ခင်အချိန်အထိ မိခင်များ၏ ကိုယ်ခန္ဓါနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ခံစားရပါသည်။ ခံစားရပုံများသည် မိခင်တစ်ဦးနှင့် တစ်ဦးမတူညီပါ။

    ကလေးမွေးပြီး ၂ ပတ်မှ ၆ ပတ်အတွင်းတွင် ဆရာဝန်နှင့်ရက်ချိန်းပြသပြီး အနာကျက်မကျက်နှင့် မိခင်၏ ကျန်းမာရေးစစ်ဆေးမှုများကို ခံယူရမည်ဖြစ်ပါသည်။

    ကလေးမွေးပြီး အချိန်တွင် ဘယ်လိုပြောင်းလဲမှုတွေဖြစ်သလဲ။

    ကလေးမွေးပြီးချိန်တွင် မိခင်၏ကိုယ်ခန္ဓါတွင် နာကျင်မှုများနှင့် ပင်ပန်းနွမ်းနယ်မှုများကို ခံစားရပါသည်။ အနာကျက်ရန်အတွက် ကြာမြင့်ရန်အချိန်မှာ ၄ ပတ်မှ ၆ ပတ်အထိဖြစ်ပါသည်။ သို့သော် ဗိုက်ခွဲမွေးထားရလျှင် ထိုထက်အနည်းငယ်ပိုကြာမြင့်မည်ဖြစ်ပါသည်။

    ကလေးမွေးပြီး ချိန်တွင်ဖြစ်သော ပြောင်းလဲမှုများမှာ အောက်ပါတို့ဖြစ်ပါသည်။

    ဖောရောင်ခြင်း

    မိန်းမကိုယ်မှ သွေးထွက်ခြင်း

    မိန်းမကိုယ်တွင် နာကျင်ရောင်ရမ်းမှုများဖြစ်ခြင်း

    ရင်သားများ ဖောရောင်ခြင်း

    ဗိုက်အောင့်ခြင်း

    ဆီးအိမ်နှင့် ဆိုင်သော ပြသနာများ

    ဝမ်းသွားခြင်းနှင့် ဆိုင်သော ပြသနာများ

    ဆံပင်များကျွတ်ခြင်း

    အသားရေတွင် ရောင်ခြယ်များမှေးမှန်သွားခြင်း (ဥပမယ မှဲ့ခြောက်များ ပျောက်သွားခြင်း)

    ကလေးမွေးပြီး ချိန်တွင် စိတ်ကျရောဂါ ခံစားရခြင်း စသည်တို့ခံစားရနိုင်ပါသည်။

    ကလေးမွေးပြီး ချိန်တွင်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို မြန်မြန် သက်သာလာအောင် ဘယ်လိုလုပ်မလဲ။

    · သင့်စိတ်ကို ဖြေလျှော့ထားပါ။

    · သင့်ကလေးအိပ်ပျော်နေသောအခါတွင် သင်လည်း တရေးတမောအိပ်ပျော်အောင်ကြိုးစားပါ။

    · ကလေးမွေးမွေးပြီးချင်း ရက်အနည်းငယ်တွင် ကလေးထိန်ပေးမည့်သူ သို့မဟုတ် အဖော်တယောက်ဌားထားခြင်းဖြင့် သင့်ကို အနားရစေပါသည်။

    · သင့်မိသားစု၏အကူအညီဖြင့် အိမ်မှုကိစ္စများ ပြူလုပ်ခြင်း၊ အချက်အပြုတ်များပြုလုပ်ခြင်းတို့ကို သင်ကိုယ်တိုင်ပြုလုပ်နိုင်လောက်အောင် ကျန်းမာသွားသည့်အချိန်အထိ ပြုလုပ်းပေးရန် အကူအညီတောင်းပါ။

    · သင့်တွင် အခြားကလေးများရှိနေပါက ကလေးကိုပြုစုစောင့်ရှောက်ရန် အကူလိုအပ်ပါသည်။

    · သင်သည် ကလေးနို့တိုက်နေလျှင် ရေများများ၊ အရည်များများပိုသောက်ပါ။

    · မကြာခဏဆိုသလို ခရီးတိုများထွက်ပေးခြင်းက သင့်စိတ်ပင်ပန်းမှုများကို ပြေလျော့စေပါသည်။

    · သင့်စ်တ်ခံစားချက်များနှင့် ဖြစ်နေသော ပြသနာများကို သင့်အိမ်ထောင်ဖက်၊ ဆရာဝန်နှင့် ကုထုံးသမားတော်များကို ပြောပြပြီး အဖြေရှာပါ။

    ကလေးမွေးပြီး ချိန်တွင် မည်သို့သော စိတ်အခြေအနေပြောင်းလဲမှုများဖြစ်နိုင်သလဲ။

    ကလေးမွေးပြီးတပတ်ခန့်တွင် စိတ်လှုပ်ရှားခြင်း၊ စိတ်ပင်ပန်းခြင်း စသည့်စိတ်အတက်အကျများကို တပြိုင်နက်တည်း ခံစားရနိုင်ပါသည်။ သင့်ကလေးမျက်နှာကို မြင်ရလျှင် လဝန်းကြီးကို ကြည့်နေရသကဲ့သို့ စိတ်ချမ်းသာမှုများကို ခံစားရမည်ဖြစ်ပြီး အိပ်ပျက်ညများ များလာပြီး တာဝန်များပိုလာခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုများကို လည်းသင်ခံစားရမည်ဖြစ်ပါသည်။

    အများစုသော မိခင်များသည် ကလေးမွေးပြီး ကာစအချိန်များတွင် Baby Blue ဟုခေါ်သော စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ခံစားရမည်ဖြစ်ပြီး ယင်းတို့သည် မွေးပြီး ၄ရက်ခန့်မှ ၂ ပတ်ခန့်အတွင်း ပုံမှန်အနေအထားသို့ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။ သို့သော် အဆိုပါ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသ်ည ရက်အတော်အကြာဖြစ်ပေါ်နေပြီး မိမိကလေးကို ထိခိုက်စေခြင်းများအထိ ဖြစ်လာပါက ဆရာဝန်ထံချက်ချင်း အကြောင်းကြားရမည်ဖြစ်ပါသည်။ ထိုသို့ခံစားရလျှင် နောက်ပိုင်းတွင် စိတ်ကျရောဂါ ခံစားရသည်အထိဖြစ်လာနိုင်ပါသည်။

    အချုပ်ဆိုရသော် အများစုသော အမျိုးသမီးများသည် ကလေးမွေးပြီး ချိန်တွင် အဖော်ပြုပေးမည့်သူများနှင့် ကူညီလုပ်ကိုင်ပေးမည့်သူများ လိုအပ်ပါသည်။ ထို့ကြောင့် မိသားစုဝင်များအနေဖြင့် နားလည်မှုများထားပေးပြီး မီးနေသည်နှင့် ကလေးအတွက် အချိန်ပေးပြီး ကူညီစောင့်ရှောက်ပေးသင့်ပါသည်။ ထို့ပြင် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းမွေးပြီး ချိန်တွင် ဖြစ်ပေါ်သော စိတ်မူမမှန်မှုများသည် ၂ ပတ်ထက်ပိုပြီးဖြစ်ပေါ်နေခြင်း၊ ကလေးငယ်အား ထိခိုက်စေသည်အထိ ဆိုးရွားခြင်းများဖြစ်သော် ဆရာဝန်သို့မဟုတ် ကျွမ်းကျင်ပညာရှင်များ၏ လမ်းညွှန်ချက်များ၊ ကုထုံးများကို လိုက်နာရမည်ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement