backup og meta

မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ

မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ

ဗိုက်အောင့် ဗိုက်နာတယ်ဆိုတာက မီးမဖွားခင် ကာလမှာပဲ ဖြစ်တတ်တာ မဟုတ်ပါဘူး။ မီးဖွားပြီးချိန်မှာလည်း ဖြစ်နိုင်ပါတယ်။ မွေးဖွားပြီးချိန် ကစလို့ ရက်သတ္တပတ် ၆ ပတ်တာကာလမှာ ခန္ဓာကိုယ်က ပုံမှန် အနေအထားရောက်အောင် ပြန်လည် လုပ်ဆောင်နေချိန်ပါ။ ဒီကာလမှ ဗိုက်အောင့်တာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး အခြေအနေတွေကို ခံစား ကျော်လွှားရနိုင်ပါတယ်။

ဒီတစ်ခေါက်တော့ မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ ……. ဒီအခြေအနေတွေကို ဘယ်လို သက်သာအောင် လုပ်ရမလဲ …… ဆိုတာနဲ့ ဘယ်အခြေအနေတွေဆိုရင် ကုသမှု ခံယူဖို့ လိုမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

မွေးဖွားပြီးချိန် ဗိုက်အောင့်တာ စိုးရိမ် ရလား …….

မွေးဖွားပြီးချိန် ဗိုက်အောက်ပိုင်းနား ဆီးစပ်တစ်ဝိုက်မှာ အောင့်တာကို ခံစားရတာမျိုးက အဖြစ်များပါတယ်။ အများစုကတော့ အန္တရာယ် မရှိပါဘူး။ ဘာကြောင့် မွေးဖွားပြီးချိန် ဗိုက်အောင့်ရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ

မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ

မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဒီအချက်တွေပါပဲ။

  • မီးဖွားပြီးနောက် နာကျင်မှု

ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ သားအိမ်က နဂိုအရွယ်အစားကို ပြန်ကျုံ့သွားတတ်ပါတယ်။ ဒီလို သားအိမ်က ဘေဘီလေးကို ကိုယ်ဝန်မဆောင်မီ အရွယ်အစားဖြစ်အောင် ပြန်လည်ကျုံ့နေချိန်မှာ ဗိုက်အောက်ဘက်နားမှာ နာကျင်ကိုက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲသလိုပါ။ သားအိမ်က ဘေဘီလေးကို ကိုယ်ဝန်မဆောင်ချိန် အနေအထားကို ရောက်ရှိဖို့ ၆ ပတ်လောက် အချိန်ယူရပါတယ်။ ဒီကာလအတွင်းမှာ နာကျင်တာကို ခံစားရမှာပါ။

အမျိုးသမီး အများစုကတော့ ဘေဘီလေးကို မွေးဖွားပြီး ၁ ပတ်တာအတွင်းမှာ ဒီနာကျင်မှုကို သိသိသာသာ ခံစားရပါတယ်။ ဘေဘီလေးကို မိခင်နို့ချို တိုက်ကျွေးမယ်ဆို နာကျင်မှုက ပိုပြင်းထန်နိုင်ပါတယ်။ အကြောင်းကတော့ ဘေဘီလေးကို မိခင်နို့တ တိုက်ကျွေးတာက သားအိမ်ကျုံ့ဆန့်မှုကို ဖြစ်စေနိုင်တဲ့ ဟော်မုန်း တစ်မျိုးဖြစ်တဲ့ အောက်ဆီတိုစင်ဟော်မုန်းတွေ အများကြီး ထွက်ရှိအောင် လှုံ့ဆော်တာကြောင့်ပါ။

ဒီနာကျင်မှုက သားဦးမေမေတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ သားအိမ်ကြွက်သားထု ပိုများတာကြောင့် နာကျင်မှု ပိုပြင်းထန်တာပါ။

ဘယ်လို သက်သာအောင် လုပ်မလဲ

ဒီနာကျင်မှုက ကြိုတင်ကာကွယ်လို့ မရပါဘူး။ သားအိမ် မူလအရွယ်အစား ပြန်ရောက်ဖို့အတွက်ကလည်း သားအိမ်ကျုံ့ဆန့်မှုကို မဖြစ်မနေ လိုအပ်တာကြောင့် နာကျင်မှု သက်သာစေဖို့အတွက် နာကျင်တဲ့နေရာကို ရေနွေးဝတ် ကပ်ပေးတာ၊ ရေနွေးအိတ် ကပ်ပေးတာမျိုး လုပ်ပေးပါ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကိုက်အခဲ ပျောက်ဆေး သောက်ပေးပါ။

မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ ဝမ်းချုပ်တာကြောင့်ပါ။ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားချိန်မှာ ဝမ်းချုပ်နိုင်သလို ဘေဘီလေး မွေးဖွားပြီးချိန်မှာလည်း ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။

အကြောင်းကတော့

  • အမျှင်ဓာတ် အစားနည်းတာ
  • ဟော်မုန်း ပြောင်းလဲတာ
  • စိတ်ဖိစီးတာ
  • မွေးဖွားပြီးချိန်မှာ ကိုယ်လက်လှုပ်ရှားမှု နည်းတာ
  • မီးဖွားချိန်မှာ မိန်းမကိုယ်နဲ့ စအိုကြားက အရေပြား စုတ်ပြဲတာ
  • လိပ်ခေါင်း ဖြစ်တာ
  • မွေးလမ်းကြောင်း ချုပ်ရိုးက နာကျင်တာကြောင့် ဝမ်းချုပ်ရတာပါ။

နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ မီးဖွားပြီးချိန်မှာ သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်ပါ။ မီးဖွားပြီးချိန် နာကျင်မှု သက်သာအောင် သောက်ရတဲ့ ဆေးအချို့က ဝမ်းချုပ်စေနိုင်ပါတယ်။ သံဓာတ် အားဖြည့်ဆေး သောက်သုံးရမှုကလည်း ဝမ်းချုပ်စေနိုင်ပါတယ်။

    ဘယ်လို သက်သာအောင် လုပ်မလဲ

    အမျှင်ဓာတ် ပြည့်ပြည့်ဝဝ စားပေးပါ။ (ဥပမာ – သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ ကုလားပဲ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ စားပေးပါ) ရေများများ သောက်ပေးပါ။ ဒီအချက်တွေကို ကိုယ်ဝန်ဆောင်ချိန်တည်းက လိုက်နာသင့်ပါတယ်၊၊

    ဟော်မုန်း ပြောင်းလဲတာကြောင့် ဝမ်းချုပ်တာကို သက်သာစေဖို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။ လေကောင်းလေသန့်ရှူရင်း လမ်းလျှောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။

    လိပ်ခေါင်းကြောင့် ဝမ်းချုပ်တာကို သက်သာစေဖို့ဆိုရင် ရေနွေးခွက်ထဲ ထိုင်ပေးနိုင်ပါတယ်။ မိန်းမကိုယ် နဲ့ စအိုတဝိုက်က နာကျင်မှုကို သက်သာစေဖို့ ဆရာဝန်နဲ့ တိုင်ပင်အကိုက်အခဲပျောက်ဆေး သောက်ပေးပါ။ နာတဲ့နေရာကို ရေခဲဝတ် ကပ်ပေးပါ။ လိုအပ်မယ်ဆိုရင် ဝမ်ပျော့ဆေး သောက်ပေးပါ။
    • ခွဲမွေးထားတဲ့ ချုပ်ရိုး အနာကျက်တာ

    ဘေဘီလေးကို ခွဲမွေးထားတာ ဖြစ်မယ်ဆိုရင် ချုပ်ရိုးနေရာက နည်းနည်း နာကျင်နိုင်ပါတယ်။ အတွင်းက အနာကျက်ရင်လည်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ချုပ်ရိုး တဝိုက်က စူးပြီး နာကျင်နိုင်ပါတယ်။ မီးဖွားပြီးစရက်တွေမှာ ပိုနာနိုင်ပါတယ်။

    ဘယ်လို သက်သာအောင် လုပ်မလဲ

    ပြည့်ပြည့်ဝဝ အနားယူပါ။ ဗိုက်ကြွက်သား အရမ်း အားပြုတာမျိုး မလုပ်ပါနဲ့ ။ ဘေဘီလေး အလေးချိန်ထက် ပိုတဲ့ ဘယ်အလေးအပင်ကိုမှ မမပါနဲ့။

    အနာကို သန့်ရှင်းပါ။ ဆေးထည့်ပါ။ အကိုက်အခဲပျောက်ဆေး လိုအပ်မယ်ဆိုရင် သောက်ပေးပါ။

    ဘယ်လိုအခြေအနေမှာ ဆရာဝန် ပြသရမလဲ

    မွေးဖွားပြီးချိန် ဗိုက်အောင့်တာ ပုံမှန် အနေအထား တစ်ရပ်ပဲ ဆိုပေမယ့် အခုလို အခြေအနေ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။

    • သွေးအများကြီး ဆင်းမယ်
    • အဖျားဝင်မယ်
    • မအီမသာဖြစ်မယ်
    • အော့အန်မယ်
    • နာကျင်မှုက ဆက်တိုက်ဖြစ်နေမယ်၊ ပိုဆိုးလာမယ်၊ ပြင်းထန်လာမယ်
    • ချုပ်ရိုးတွေ တဝိုက်က နီမြန်းမယ်။ အရေပြား တင်းမယ်၊ ပြည်တည်မယ်၊ ရောင်မယ်
    • မိန်းမကိုယ်နဲ့ စအိုက ပုံမှန်မဟုတ်တဲ့ အကျိအချွဲတွေ ဆင်းမယ်
    • ခေါင်းကိုက်မယ်
    • ရင်ဘတ်အောင့်မယ်
    • အသက်ရှူရခက်မယ်။

    [embed-health-tool-ovulation]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Common Causes of Postpartum Abdominal Pain https://www.verywellfamily.com/is-stomach-pain-normal-after-giving-birth-290215 Accessed Date 6 April 2022

    Abdominal pain in a postpartum patient https://pubmed.ncbi.nlm.nih.gov/20619573/ Accessed Date 6 April 2022

    Postpartum Abdominal Pain: What Should I Expect? https://flo.health/being-a-mom/recovering-from-birth/postpartum-problems/postpartum-abdominal-pain Accessed Date 6 April 2022

    ယခုပုံစံ

    05/08/2022

    Aye Thi Mon မှ ရေးသားသည်။

    မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

    Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


    ဆက်စပ် အကြောင်းအရာများ

    မီးဖွားပြီးပြောင်းလဲလာမယ့် သင့်ကိုယ်ခန္ဓာအကြောင်း ။ ။

    မေမေတို့ မီးဖွားပြီး ဗိုက်ကလေးကို ချပ်ရပ်အောင် ဘယ်လိုပြန်လုပ်ကြမလဲ။


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement