ဘေဘီလေးမှာဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 29, 2020 . 1 min read
Share now

ဘေဘီလေးတွေရဲ့ နုနယ်တဲ့ အရေပြားက ထိခိုက်လွယ် ပါတယ်။ ဒီလို ထိခိုက်လွယ်တဲ့ အရေပြားလေးမှာ အင်ပျဉ် ဖြစ်တဲ့အခါ သက်သာစေဖို့ ဘာလုပ်ပေးရမလဲ ဆိုပြီး အကြံအိုက်နေတဲ့ မေမေတွေ ရှိလား……….. ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက ဘေဘီလေးမှာ ဖြစ်တဲ့ အင်ပျဉ်ကို သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

ဘေဘီလေးမှာ ဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့

အင်ပျဉ် ဖြစ်တဲ့အခါ ဘေဘီလေးမှာ ယားယံတာနဲ့ နာကျင်တာကို ခံစားရစေနိုင်ပါ။ ဒီ အရေပြား ပြဿနာကို သက်သာစေဖို့ဆိုရင်

ရေအေးဝတ် ကပ်ပေးပါ

အင်ပျဉ်ကို သက်သာစေဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး နည်းလမ်းက ရေအေးဝတ် ဒါမှမဟုတ် ရေခဲကပ်တာပါ။ ရေအေးဝတ် ကပ်တာက ရောင်ရမ်းမှုကိုရော ယားယံမှုကိုပါ သက်သာစေမှာပါ။

ဒါကြောင့် တဘက်စ သန့်သန့်လေးထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး ကပ်ပေးပါ။ ၅ မိနစ် ကြာတိုင်း ခဏ နားပေးပါ။ အအေးကြောင့် အရေပြား မလောင်စေဖို့ပါ။

ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ

အင်ပျဉ် ဖြစ်တဲ့အခါ ဘေဘီလေးကို ရေနွေးနွေးလေးနဲ့ ချိုးပေးပါ။ ဒီလို ချိုးပေးတာက ယားယံမှု နဲ့ မအီမသာ ဖြစ်တာကို သက်သာစေနိုင် ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်က အရေပြားက အင်ပျဉ်ကို သက်သာ စေနိုင်ပြီး ကိုယ်ခံအား ကိုပါ အားဖြည့်ပေး ပါတယ်။ ဒိန်ချဉ် မှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေက အင်ပျဉ်ကြောင့် ယားယံမှုကို သက်သာစေနိုင် ပါတယ်။

ဒါကြောင့် ဘေဘီလေးမှာ အင်ပျဉ် ဖြစ်တဲ့အခါ ဒိန်ချဉ် အသုံးပြုပေးလို့ ရပါတယ်။

သခွားသီး

သခွားသီးက အင်ပျဉ်တွေကို သက်သာစေပြီး နာကျင် ရောင်ရမ်းမှုကို သက်သာ စေနိုင်ပါတယ်။ သခွားသီးကို အုတ်ဂျုံနဲ့ ရောကြိတ်ပြီး အနှစ်လေး ဖြစ်အောင် လုပ်ပါ။ ဒီ အနှစ်ကို ဘေဘီလေး အရေပြားပေါ်မှာ လိမ်းပေးတာက အင်ပျဉ်ကို သက်သာစေမှာပါ။

သံလွင်ဆီ

သံလွင်ဆီက အရေပြားကို အစိုဓာတ် ဖြည့်ပေးသလို အရေပြားက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေး ပါတယ်။ ဒါကြောင့် ဘေဘီလေးက အင်ပျဉ် ဖြစ်တဲ့အခါ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်နေတဲ့ သံလွင်ဆီ လိမ်းပေးလို့ ရပါတယ်။

ငှက်ပျောခွံ

ငှက်ပျောခွံက အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ရေဓာတ် ဖြည့်ပေးပါတယ်။ ဒါကြောင့် အင်ပျဉ် ဖြစ်တဲ့အခါ ငှက်ပျောခွံကို အင်ပျဉ်ဖြစ်တဲ့နေရာကို ကပ်ပေးရုံပါ။

ဒါတွအပြင် အုန်းဆီ လိမ်းပေးတာ၊ မိခင်နို့ရည် လိမ်းပေးတာတွေကလည်း ဘေဘီလေးရဲ့ အင်ပျဉ်ကို သက်သာစေမှာပါ။

သဘာဝပစ္စည်းလေးတွေကို အသုံးပြုရတဲ့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို သုံးပြီး ဘေဘီလေးတွေကို အင်ပျဉ် သက်သာစေဖိုပ လုပ်ဆောင်ပေးလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ

မနက်ခင်း တစ်နေ့တာ အလွဲ နည်းပညာ အိပ်စက်ချိန် ကော်ဖီ ခွန်အား ရေတစ်ခွက် ရေဓာတ် လေ့ကျင့်ခန်း အောက်ဆီဂျင် ယောဂ မျက်နှာသစ် မနက်စာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Safflower oil ကပေးတဲ့ အသားအရေ ကျန်းမာမှု

အသားအရေ အာဟာရ Safflower အသားအရေကျန်းမာမှု ဟင်းချက်ဆီ ဝက်ခြံ ချွေးပေါက် ရောင်ရမ်းမှု ဆားဝက်ခြံ ပေါင်းတင် အုတ်ဂျုံ နေလောင်တာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပင်ပန်းတဲ့ မနက်ခင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မနက်ခင်း လေ့ကျင့်ခန်း ရေချိုး မနက်စာ ပင်ပန်းနေရတာ ဦးနှောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် ညဘက် အိပ်ချိန် မမှန်တာ အိပ်ရာဝင်ချိန် ကွန်ပျူတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ပိုးသတ်ဆေး ဘေးထွက်ဆိုးကျိုး ဘက်တီးရီးယား ဗိုက်အောင့်ဗိုက်နာ ဖျားနာ နေလောင်ဒဏ် အရေပြား အစာအိမ် ဓာတ်မတည့် မိန်းမကိုယ် သွေးမတိတ် မှိုစွဲ အင်ပျဉ်ထ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ် စားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 2 mins read