backup og meta

အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာများနဲ့အတူ ဖော်မြူလာနို့တိုက်စို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာများနဲ့အတူ ဖော်မြူလာနို့တိုက်စို့

    ချစ်မဝတဲ့ သားသားမီးမီးတို့က မျက်စေ့ရှေ့တင် တရိတ်ရိတ် ကြီးပြင်းလာခဲ့တာကို ကြည့်နေရတာကလည်း မေမေဖြစ်ရခြင်းရဲ့ ပီတိတစ်မျိုးပါ။ ကလေးက ကျန်းလည်း ကျန်းမာမယ်။ အရပ်တွေ ကိုယ်အလေးချိန်တွေ ကလည်း အသက်အရွယ်နဲ့အလိုက် ကောင်းစွာ ဖွံ့ဖြိုးနေမယ်။ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုကလည်း အားရလောက်တယ်ဆိုတာမျိုးက မေမေတိုင်း လိုချင်တဲ့ စိတ်ကူးဆန္ဒလေး တစ်ခုပေါ့။ 

    ဒီဆန္ဒလေးကို ပြည့်ဝစေဖို့ဆိုရင် မဖြစ်မနေ ဖြည့်ဆည်းပေးရမှာလေး ရှိနေပါတယ်။ ဒါကတော့ ကလေးကို အာဟာရပြည့်ဝစေဖို့ သေချာလေး ဂရုစိုက် ပြင်ဆင်ပေးဖို့ပါ။ အထူးသဖြင့်ကတော့ အသက် ၂နှစ် နောက်ပိုင်းမှာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကလေးကို ဘယ်လိုလေးတွေ ပြင်ဆင်ပေးသင့်လဲ ဆိုတာကို ပြောပြပေးပါမယ်။

    အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရ ပြည့်ဝမျှတဖို့ အရေးကြီးသလား!

    အာဟာရ ပြည့်ဝမျှတဖို့အတွက်က ကလေးတစ်ယောက်ရဲ့ ဘယ်အသက်အရွယ်မှာ မဆို အရေးပါတဲ့ အချက်တစ်ခုဆိုပေမယ့် အသက်နှစ်နှစ်နောက်ပိုင်းမှာတော့ ပိုလို့ အရေးကြီးပါတယ်။ အကြောင်းကတော့ ကလေးတွေက အသက် ၂ နှစ်ကျော်ပြီဆိုရင် တစ်ချိန်လုံး အာဟာရအဖြစ် မှီဝဲခဲ့တဲ့ မိခင်နို့ကို ဆက်မသောက်ဖြစ် တော့တာကြောင့်ပါ။

    ဒါကြောင့် ကလေးက အသက် ၂ နှစ်ကျော်လာချိန်မှာ ကလေးရဲ့ နေ့စဉ် စားသုံးမှုမှာ ထမင်း၊ အသီးအရွက်၊ အသား၊ ငါး စတာတွေကို မျှတအောင် ပြင်ဆင်ပေးဖို့ လိုသလို နို့နဲ့ နို့ထွက်ပစ္စည်း၊ သစ်သီးစတာတွေကိုလည်း အလျဉ်းသင့်သလို ပြင်ဆင်ပေးဖို့ လိုပါမယ်။ 

    ဒီလိုမှလည်း အရှိန်အမြင့်ဆုံးနှုန်းနဲ့ ကြီးထွားဖွံ့ဖြိုးနေတဲ့ အသက်နှစ်နှစ်နောက်ပိုင်းမှာ ထိခိုက်မှု ကင်းကင်းနဲ့ လိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝ ရရှိမှာပါ။ 

    ကလေးဆိုတာကလည်း ပြင်ပေးတိုင်း မစားတတ်ကြပါဘူး!

    ကလေးက အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရ လိုအပ်ချက် မြင့်မားတာကြောင့် မိခင်တွေအနေနဲ့ အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတယ် ဆိုပေမယ့်လည်း ကလေးက အကုန်လုံးကို ကြိုက်မယ်၊ စားမယ်လို့လည်း တထစ်ချ ဆိုလို့ မရသေးပြန်ပါဘူး။

    ကလေးက အိမ်ချက်တွေထက် အပြင်စာတွေကို ပိုနှစ်သက်တာ၊ တစ်နေ့တာမှာ လုံလောက်အောင် မစားတာ၊ အစားရွေးတာ၊ အစားမစားချင်ဘဲ အမြဲလိုလို အစားစားဖို့ကို ရှောင်ပြေးနေတာမျိုး ဆိုရင်တော့ မေမေတို့အတွက် အခက်တွေ့တော့တာပါပဲ။ 

    ကလေးက မေမေပြင်ဆင်ပေးတဲ့ အာဟာရအုပ်စုတွေကို စုံလင်အောင် ကျွေးရခက်မယ်၊ ဥပမာ နို့နဲ့ နို့ထွက် ပစ္စည်းကို မကြိုက်တာမျိုး ဖြစ်ဖြစ်၊ ငါးမစားချင်တာ၊ အသီးအရွက် မကြိုက်တာမျိုးတွေကလည်း ရှိနိုင်ပါတယ်။ 

    ဒါကြောင့် ဒီလို အခြေအနေတွေကြောင့် ကလေးတွေမှာ အာဟာရ ချို့တဲ့တာမျိုး မဖြစ်စေဖို့ ကြိုတင်ပြင်ဆင် ထားရမယ့် တာဝန်ကလည်း မေမေတို့မှာ ရှိသေးတာကိုး ဒီတော့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ပြီး ကလေးကို  လိုအပ်တဲ့ အာဟာရ ပြည့်ဝအောင် ရရှိစေမယ့် နည်းလမ်း မရှိတော့ဘူးလားဆိုပြီး တွေးနေပြီလား! ဒါဆိုရင်တော့ အဖြေလေးက ရှိပါတယ်။ ဒါကတော့ ……. 

    အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာများနဲ့အတူ ဖော်မြူလာနို့တိုက်စို့

    ကလေးကို အသက် ၂ နှစ်ကျော်ပြီးချိန်မှာ ကောင်းစွာဖွံ့ဖြိုးစေဖို့ဆိုရင် အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာတွေနဲ့အတူ ဖြည့်စွက်ပြင်ဆင်ပေးသင့်တာလေး တစ်ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါကတော့ ကလေးတွေရဲ့ အသက်အရွယ်အလိုက် တိုက်ပေးရတဲ့ ဖော်မြူလာနို့ တိုက်ပေးတာပါ။

    ကလေးကို နေ့စဉ် စားသုံးမှုမှာ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်မယ့် အစားအစာတွေဖြစ်ကြတဲ့ ထမင်း၊ အသား၊၊ ငါး၊ အသီးအရွက် အမျိုးမျိုး၊ သစ်သီးတွေနဲ့ နှံစားသီးနှံတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး စတာတွေကို ပြင်ဆင်ပေးတာနဲ့အတူ ဖော်မြူလာနို့ တစ်ခွက်ကိုပါ ထည့်သွင်း ပြင်ဆင်ပေးလိုက်ပါ။

    ဒီလို ပြင်ဆင်ပေးတာက ကလေးက အစားနည်းလို့၊ အစားရွေးလို့၊ အစားရှောင်လို့ အာဟာရ မပြည့်ဝမှုကို ကာမိပြီးသား ဖြစ်စေမှာပါ။ ဖော်မြူလာနို့ဆိုတာက ကလေးတိုင်း ကြိုက်တဲ့ သောက်စရာ တစ်ခုဖြစ်တာကြောင့် ကလေးကို ဖိအားပေးစရာ မလိုဘဲ သောက်မှာ ဖြစ်သလို မေမေတို့ စိတ်ပူနေတဲ့ အာဟာရ လိုအပ်ချက် ရှိနေမှာကိုလည်း ဖြည့်ပြီးသား ဖြစ်စေမှာပါ။

    ဒီနေရာမှာ တစ်ခု သတိပေးချင်တာကတော့ ကလေးရဲ့ အာဟာရ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဖော်မြူလာနို့ ရွေးချယ်တဲ့အခါ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုကိုပါ ထောက်ကူပေးမယ့် အာဟာရဓာတ်တွေ နဲ့ ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေစနစ် ပြဿနာတွေကို ကင်းစေမယ့် အာဟာရဓာတ်တွေ ပါဝင်ဖို့ပါ။ 

    ဘယ်လို အာဟာရဓာတ်တွေလည်း ဆိုတော့ ကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ အရပ်ရှည်စေဖို့က ဗီတာမင် သတ္တုဓာတ်တွေနဲ့  ကိုယ်ခံစွမ်းအားအတွက် သံဓာတ် စတာတွေပေါ့။ ဉာဏ်ရည်ဖွံ့ဖြိုးဖို့ကတော့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးတယ်လို့ ဖေဖေမေမေတိုင်း သိပြီးဖြစ်တဲ့ DHA နဲ့ အစာခြေစနစ် ကျန်းမာပြီး စားတိုင်း အာဟာရတွေကို အူနံရံတွေက ပြည့်ပြည့်ဝဝ စုပ်ယူနိုင်ဖို့ Dual Fiber နဲ့ ကိုယ်ခံအား ကောင်းပြီး အရိုးနဲ့ ကြွက်သားတွေ ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ပရိုတင်း စတာတွေ ပါဝင်နေဖို့ပါ။

    ဒါကြောင့် အာဟာရ လိုအပ်ချက်ကို ဖြည့်ချင်တယ်။ ကလေးကို အာဟာရ ပြည့်ဝစွာနဲ့ ကြီးပြင်းအရွယ်ရောက်လာ စေချင်ဆိုရင်တော့ အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတာ၊ ဖော်မြူလာနို့ ပြင်ဆင်ပေးတာနဲ့အတူ အိပ်စက်ချိန် ပြည့်ဝစေဖို့ရော ကိုယ်လက်လှုပ်ရှားမှု ရှိစေဖို့ပါ သေချာလေး ဂရုစိုက်ပေးပါနော် မေမေတို့ရေ …..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 26/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement