backup og meta

Premium

စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    စက်တင်ဘာလက နှစ်တစ်နှစ်တာရဲ့ ၉လမြောက် လပါ။ နှစ်တစ်နှစ်ရဲ့ ၃ ချိုး ၂ ချိုး ကုန်ဆုံးခါနီး အချိန်ဆိုလည်း မမှားပါဘူး။ မိုးနှောင်းကာလဖြစ်ပြီး ပတ်ဝန်းကျင်မှာ စိမ်းစိုသာယာလှပမှုတွေနဲ့လည်း ပြည့်စုံနေတဲ့ အချိန်ကာလပေါ့။ ဒီလိုမျိုး သာယာလှပမှုတွေကို ယူဆောင်လာတဲ့ စက်တင်ဘာလမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့

    • ကျန်းမာသန်စွမ်းကြတယ်

    စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက အခြားလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေထက် အရပ်လည်း ပိုမြင့်ကြသလို ခန္ဓာကိုယ်ကလည်း ကျန်းမာသန်စွမ်းကြပါတယ်။ ထွားထွားကျိုင်းကျိုင်းနဲ့ ကြည့်ကောင်းကြတဲ့ ကောင်လေးတွေ အရပ်မြင့်မြင့်နဲ့ ခန္ဓာကိုယ်ပြည့်ပြည့်ထွားထွား ကောင်မလေးတွေက စက်တင်ဘာလဖွား ဘေဘီလေးတွေပါတဲ့။

    • စီမံခန့်ခွဲမှု စွမ်းရည် ကောင်းကြတယ်

    စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ နောက်ထပ် စွမ်းဆောင်ရည် တစ်ခုကတော့ စီမံခန့်ခွဲမှု ကောင်းကြတာပါ။ သူတို့လေးတွေက အရာရာတိုင်း အခြေအနေတိုင်းကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ကြပါတယ်။

    • ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေများတယ်

    သူတို့လေးတွေက ကောင်းခြင်းတွေနဲ့ပဲ ပြည့်ဝနေတာတော့ မဟုတ်ပါဘူး။ သူတို့လေးတွေမှာ အားနည်းချက် အနေနဲ့ ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေက အခြားလဖွား ဘေဘီလေးတွေထက် ပိုများနေပါတယ်။ ရာခိုင်နှုန်းအားဖြင့် တိတိကျကျ ပြောပြရရင် အခြားလဖွား ဘေဘီလေးတွေထက် ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေက ၃၀ ရာခိုင်နှုန်းကျော် ပိုများနေပါတယ်။ အအေးမိနိုင်ခြေ များသလို ဗိုင်းရပ်စ် ကူးစက်နိုင်ခြေလည်း တော်တော်လေး များပါတယ်။

    • အသက်ရှည်ကြတယ်

    စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေ များတယ်ဆိုပေမယ့် အသက်ရာကျော် ရှည်ကြတဲ့သူလေးတွေပါ။ ဒီလမှာ မွေးဖွားတဲ့ ကလေး အများစုက အသက် ၁၀၀ နဲ့ အထက် နေထိုင်ကြတဲ့သူတွေပါ။ အစားအသောက် ဂရုစိုက်ဖို့ လိုသလို လေ့ကျင့်ခန်း လုပ်ဖို့လည်း လိုမှာပါ။ အကောင်းမြင် စိတ်အတွေးတွေနဲ့ နေ့စဉ်ဘဝကို ကျော်ဖြတ်ဖို့လည်း လိုပါမယ်။

  • စိတ်ဓာတ်ကျနိုင်ခြေ နည်းကြသူလေးတွေပါ
  • ဒီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက အခြားလတွေမှာ မွေးဖွားတဲ့သူလေးတွေထက် စိတ်ဓာတ်ကျနိုင်ခြေ နည်းကြသလို စိတ်နှစ်ခွဖြစ်တာလိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေ နည်းပါတယ်။

    • ကျောင်းစာမှာ တော်ကြသူလေးတွေပါ

    စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေမှာ နောက်ထပ် ထူးချွန်တဲ့ အရည်အသွေး တစ်ခုရှိပါသေးတယ်။ ဒါကတော့ ကျောင်းစာမှာ တော်ကြတာပါ။ အတန်းထဲမှာ အတော်ဆုံးပါဆိုတဲ့ ကလေးအများစုက စက်တင်ဘာလမှာ မွေးဖွားကြတာပါတဲ့။

    • အရိုးတွေ သန်မာကြတယ်

    စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက အရိုးတွေ သိပ်သည်းဆ ပိုကောင်းသလို အရိုးတွေက အခြားလဖွားတွေထက် သန်မာကြပါတယ်တဲ့။ သန်မာတဲ့ အရိုးတွေကို ပိုင်ဆိုင်ကြသလို အရပ်မြင့်ပြီး ခန္ဓာကိုယ် ဖွံ့ထွားကြသူလေးတွေပါ။

    • အားကစားသမားကောင်းတွေပါ

    လေ့လာမှုတွေအရ သိရတာက စက်တင်ဘာလဖွား ဘေဘီလေးတွေက အားကစားမှာ ထူးချွန်ကြပြီး အားကစားသမားကောင်းလေးတွေပါ။ကျောင်းနေအရွယ်ကတည်းက အားကစားကို စိတ်အားထက်သန်စွာ လုပ်တတ်ကြသူလေးတွေပေါ့။

    စက်တင်ဘာလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 13/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement