backup og meta

Premium

အောက်တိုဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အောက်တိုဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    အောက်တိုဘာလက နှစ်တစ်နှစ်တာရဲ့ ၁၀ လမြောက် လပါ။ နှစ်တစ်နှစ်ရဲ့ကုန်ဆုံးခါနီး အချိန်ဆိုလည်း မမှားပါဘူး။ ဆောင်းဦးကာလဖြစ်ပြီး ပတ်ဝန်းကျင်မှာ စိမ်းစိုသာယာလှပမှုတွေနဲ့လည်း ပြည့်စုံနေတဲ့ အချိန်ကာလပေါ့။ ဒီလိုမျိုး သာယာလှပမှုတွေကို ယူဆောင်လာတဲ့ အောက်တိုဘာလမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ အောက်တိုဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    အောက်တိုဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    အောက်တိုဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့

    • တိတ်ဆိတ်ငြိမ်သက်တာကို နှစ်သက်မြတ်နိုးကြတယ်

    အောက်တိုဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေကတော့ တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးကြပြီး အေးအေးဆေးဆေး နေရတာကို နှစ်သက်ကြပါတယ်။ အော်ဟစ်ဆူပူ သောင်းကျန်းတာမျိုးလည်း မလုပ်တတ်ကြသလို ခက်ခဲတဲ့ အချိန်တွေမှာတောင် ​ဒေါသတကြီး တုံ့ပြန်တာမျိုး မရှိကြပါဘူး။ သူတို့လေးတွေက အေးဆေးတည်ငြိမ်စွာ နေတတ်ကြပေမယ့် အချောင်ခိုတတ်ကြသူလေးတွေတော့ မဟုတ်ကြပါဘူး။ စိတ်အေးချမ်းမှုကို နှစ်သက်ကြရုံသက်သက်ပါ။

    • ရိုမန်တစ်ဆန်တတ်ကြတယ်

    အောက်တိုဘာလမှာ မွေးဖွားတဲ့ ကလေးလေးတွေက ရိုမန်တစ်ဆန်ကြပြီး နှစ်လိုဖွယ် ကောင်းကြသူလေးတွေပါ။ သူတို့လေးတွေက အမျိုးသားဖြစ်ဖြစ် အမျိုးသမီး ဖြစ်ဖြစ် အတွင်းစိတ်ထဲက သူတို့ရဲ့ ဘဝလက်တွဲဖော်ကို နှစ်နှစ်ကာကာ ချစ်တတ်ကြသလို အမြဲပျော်ရွှင်ပြီး သက်သောင့်သက်သာဖြစ်စေချင်တဲ့ ဆန္ဒက အခြားလဖွားတွေထက် ပိုပါတယ်။ သူတို့က ရိုမန်တစ်ဆန်သလို ချစ်လည်းချစ်တတ်ကြပါတယ်။

    • စိတ်ဓာတ်ခိုင်မာကြတယ်

    သူတို့လေးတွေက ရဲရင့်ကြသလို အလုပ်လည်း ကြိုးစားကြပါတယ်။ အောင်မြင်မှုပန်းတိုင်တွေကို အာရုံစူးစိုက် လုပ်ဆောင်တတ်ကြပြီး ဘယ်လောက်ပဲ ခက်ခဲပါစေ။ အောင်မြင်အောင် လုပ်ဆောင်တတ်ကြသူလေးတွေပါ။ သူတို့က ပြဿနာ ဖြေရှင်းနိုင်စွမ်း ကောင်းကြသလို ဒီအရည်အသွေးကပဲ သူတို့ကို အောင်မြင်စေဖို့ တွန်းပို့ပေးနေတဲ့ အင်အားတစ်ခုပါ။ သူတို့က အစွမ်းကုန် အားထုတ်ရင်း အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းတတ်ကြတာလည်း အောက်တိုဘာလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေပါတဲ့။

  • အကောင်းမြင်တတ်ကြတယ်
  • ရင့်ကျက်လာသူတိုင်းက ဆိုးရွားတဲ့ အခြေအနေကိုတောင် အကောင်းမြင်စိတ်နဲ့ပဲ ကြည့်တတ်ကြပါတယ်။ အောက်တိုဘာလဖွား ဘေဘီလေးတွေရဲ့ အံ့ဩစရာကောင်းတဲ့ အရည်အချင်းတစ်ခုကတော့ အရာရာတိုင်းကို စိုးရိမ်မှု ကင်းစွာနဲ့ အကောင်းမြင်စိတ် ရှေ့ထားလို့ ထက်ထက်မြက်မြက် ဖြေရှင်းနိုင်တာပါပဲ။ အရှုံးနဲ့ ရင်ဆိုင်နေရရင်တောင် အောင်မြင်နိုင်ခြေ ရှိပါသေးတယ်လို့ အကောင်းမြင်စိတ်နဲ့ အဆိုးဆုံး အခြေအနေတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ကြတာလည်း စက်တင်ဘာလဖွား ဘေဘီလေးတွေပါနော်။

    • အကောင်းဆုံးသော အချိန်ကာလတွေကို ဖန်တီးနိုင်ကြတယ်

    လူတော်တော်များများ ကျူးလွန်တတ်တဲ့ အမှားတွေက အရာရာကို စိုးရိမ်မှု ကြီးပြီး စိတ်ဖိစီးစွာနဲ့ အရေးကြီးတဲ့ အခြေအနေတွေကို ခြေမကိုင်မိ လက်မကိုင်မိ အနေအထားတွေနဲ့ ကုန်ဆုံးစေတာပါ။ ဒါပေမယ့် အောက်တိုဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက အချိန်တိုင်းလိုလိုမှာ သူတို့ရဲ့ တာဝန် ဝတ္တရားတွေကို အေးဆေးတည်ငြိမ်စွာနဲ့ အကောင်းဆုံး ကျော်ဖြတ်ရင်း အချိန်ကာလတိုင်းကို ကောင်းမွန်တဲ့ အခြေအနေတွေအဖြစ် ဖန်တီးနိုင်ကြသူလေးတွေပါ။

    • ထူးခြားပြီး တီထွင်ဖန်တီးနိုင်စွမ်း ပိုကောင်းကြပါတယ်

    သူတို့လေးတွေရဲ့ တွေးတောပုံက အခြားသူတွေနဲ့ မတူကွဲပြားပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်း ကောင်းကြသလို အခြားသူတွေရဲ့ တွေးတောပုံနဲ့ မတူညီတဲ့ နည်းလမ်းတွေနဲ့ တွေးတော တတ်ကြပါတယ်။ အနုပညာဉာဏ် ကောင်းကြသလို ဒီဇိုင်းဆွဲတဲ့ အလုပ်နဲ့လည်း သင့်တော်ကြပါတယ်။

    • နွေးထွေးကြင်နာတတ်ကြတယ်

    စက်တင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တစ်ခုကတော့ နွေးထွေးကြင်နာတတ်ကြတာပါ။ သူတို့လေးတွေက အခြားသူတွေကို နာကျင်စေလိုရင်း မရှိကြသလို လူတိုင်းကို နွေးထွေးကြင်နာစွာ ဆက်ဆံတတ်ကြသူလေးတွေပါ။

    အောက်တိုဘာလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 13/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement