backup og meta

Premium

မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    မေလဆိုတာက နှစ်တစ်နှစ်တာရဲ့ ၅ လမြောက် လပါ။ နွေရာသီကုန်ဆုံးခါနီး လတစ်လဆိုလည်း ဟုတ်ပါတယ်။ နွေရာသီရဲ့ အပူဒဏ်တွေ လျော့လာတဲ့ လတစ်လဆိုလည်း ဟုတ်ပါတယ်။ ဒီလို နွေအကုန် မိုးအကူးလတစ်လဖြစ်တဲ့ မေလမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ မေလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့

    • ရောဂါဖြစ်နိုင်ခြေ နည်းကြသူလေးတွေပါ

    မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ရောဂါ ဖြစ်နိုင်ခြေ နည်းပါတယ်။ ရောဂါဖြစ်နိုင်ခြေ နည်းပေမယ့် သူတို့လေးတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကိုတော့ ခံစားရနိုင်ခြေ များပါတယ်။ နှလုံး ကျန်းမာရေး ခံစားရနိုင်ခြေလည်း များပါတယ်။ ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေလည်း များကြပါတယ်။ များသောအားဖြင့်ကတော့ ရောဂါတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေ နည်းကြသူလေးတွေပါ။

    • အကောင်းမြင်တတ်ကြသူလေးတွေပါ

    မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက နေရောင်ကို လုံလောက်စွာ ရရှိသလို ဗီတာမင် D ပြည့်ဝမှုကြောင့် စိတ်ဓာတ်ကျမှု ကင်းပြီး အကောင်းမြင်တတ်ကြသူလေးတွေပါ။ အမြဲလိုလို အပြုံးဝေနေတတ်ပြီး အရာရာကို အကောင်းမြင်တတ်ကြသူလေးတွေပါ။

    • ညနက်တဲ့အထိ မအိပ်ကြတဲ့ ဇီးကွက်လေးတွေပါ

    မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ညဘက်တွေကို တော်တော်လေး နောက်ကျမှ အိပ်ရာဝင်တတ်ကြသူလေးတွေပါ။ စောစော အိပ်ရာဝင်တာက သူတို့ရဲ့ ပုံစံတော့ မဟုတ်ပါဘူး။ ညနက်အထိ နေရတာကို သဘောကျတဲ့သူတွေပေါ့။

    • စွဲဆောင်မှု ရှိသူလေးတွေပါ

    မေလမှာ မွေးဖွားကြတဲ့သူလေးတွေက ပတ်ဝန်းကျင်ကသူတွေကို စွဲဆောင်မှု ရှိသူလေးတွေပါ။ သူငယ်ချင်း မိတ်ဆွေတွေကိုတင် မကပါဘူး။ ဆန့်ကျင်ဖက် လိင်အမျိုးအစားတွေကိုပါ စွဲဆောင်မှု ရှိကြသူလေးတွေပါ။

    • ခန့်မှန်းရခက်သူလေးတွေပါ

    မေလမှာ မွေးဖွားတဲ့သူလေးတွေ ဘာလုပ်မယ်။ ဘယ်လို လုပ်ဆောင်မှုတွေကို လုပ်ဆောင်မယ်ဆိုတာကို ခန့်မှန်းရခက်သူလေးတွေပါ။ သူတို့လေးတွေက စိတ်ဝင်စားဖို့ ကောင်းသလို အလွယ်တကူ ခန့်မှန်းလို့လည်း မရကြသူလေးတွေပါ။

    • ကြင်နာတတ်ကြသူလေးတွေပါ

    မေလဖွား ဘေဘီလေးတွေက အရမ်းကို သနားကြင်နာတတ်ကြသူတွေပါ။ သူငယ်ချင်းတွေ မိသားစုဝင်တွေအပေါ် အရမ်းကြင်နာတတ်ကြသူတွေပါ။ စိတ်လည်း ရှည်ကြသလို နားထောင် ကောင်းသူတွေပါ။

    • ဇွဲသန်ကြသူလေးတွေပါ

    မေလဖွား ဘေဘီလေးတွေက အရာရာကို လက်မလျှော့ တတ်ကြသလို ကိစ္စတိုင်းကိုလည်း အလွယ်တကူ အလျှော့ပေးတတ်ကြသူလေးတွေ မဟုတ်ပါဘူး။ ဒါကြောင့် အောင်မြင်မှုရအောင် လုပ်ဆောင်တတ်ကြသူလေးတွေ အဖြစ် အသိအမှတ် ပြုခံထားရသူလေးတွေပါ။ အရာရာကို ကျားကုတ်ကျားခဲ ကြိုးစားတတ်ကြသူလေးတွေပါ။

    • ဆန်းသစ်တီထွင်တတ်ကြသူတွေပါ

    အနုပညာရှင်တွေအပြင် တီထွင်ဖန်တီးနိုင်သူတွေ သိပ္ပံပညာရှင်တွေကလည်း မေလမှာ မွေးဖွားကြပါတယ်။ သိပ္ပံညာရပ်တွေမှာ ဝါသနာထုံကြသူတွေပါ။ သေးသေးမွှားမွှားလေးကစလို့ ကြီးကြီးမားမားတွေအထိ တီထွင်ဖန်တီးနိုင်ကြသူတွေပါ။

    မေလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement