backup og meta

Premium

ဇွန်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇွန်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    ဇွန်လဆိုတာက နှစ်တစ်နှစ်တာရဲ့ တဝက်တိတိရောက်နေပြီဖြစ်တဲ့ လတစ်လပါ။ ဇွန်လက မိုးဦးကျ ကာလပါ။ အပူတွေလျော့ပြီး အေးမြမှုတွေကို ယူဆောင်လာတဲ့ လတစ်လပေါ့။ မြန်မာနိုင်ငံလို စိုက်ပျိုးရေးကို အဓိကအားထားတဲ့ နိုင်ငံအတွက် အရေးပါတဲ့ လတစ်လပါ။ ဒီလိုမျိုး အေးမြမှုတွေကို ယူဆောင်လာတဲ့ ဇွန်လမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဇွန်လမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    ဇွန်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    ဇွန်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့

    • ရောဂါကြီးကြီးမားမား မရှိကြပါဘူး

    ဇွန်လက ပူပြင်းမှုတွေကို လျော့ကျစေတာကြောင့် ကျန်းမာ​ရေး ထိခိုက်နိုင်ခြေ နည်းပါတယ်။ ကျန်းမာရေး ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မရှိပေမယ့် ရောဂါလုံးဝ ကင်းပြီး ဒေါင်ဒေါင်မြည်တယ်လို့လည်း မဆိုသာပါဘူး။ များသောအားဖြင့်ကတော့ ဇွန်လဖွားလေးတွေက ဖျားနာခဲတဲ့ သံမဏိခဲလေးတွေပါ။ တစ်နှစ်မှာ တစ်ကြိမ်တောင် ဖျားခဲကြတာ ဇွန်ဖွားလေးတွေပါ။ အခန့်မသင့်ရင်တော့ ရင်ကျပ်တာလိုမျိုး ကျန်းမာရေးပြဿနာတွေတော့ ခံစားရနိုင်ပါတယ်။ အချို့အချက်အလက်တွေအရတော့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေ များတယ်လို့ သိရပါတယ်။

    • Nobel ဆုရှင်လေးတွေပါ

    ဇွန်လဖွားလးတွေက နှစ်တစ်နှစ်တာရဲ့ အခြားလမှာ မွေးဖွားတဲ့ ကလေးလေးတွေထက် Noble ဆုရှင် ဖြစ်နိုင်ခြေက တော်တော်လေး များပါတယ်။ ကမ္ဘာပေါ်က Noble ဆုရှင် အများစုက ဇွန်လဖွားလေးတွေပါတဲ့။

    • အကောင်းမြင်တတ်ကြပါတယ်

    ကံကောင်းတာ တစ်ခုက ဇွန်လမှာ မွေးဖွားတဲ့ ကလေးလေးတွေက ရာသီဥတုအခြေအနေကြောင့် စိတ်ခံစားမှု ပြောင်းလဲတာကို ခံစားရနိုင်ခြေ မရှိသလို အရာရာကို အကောင်းမြင်တဲ့ဘက်က ရှု့မြင်တတ်ကြသူလေးတွေပါ။ စိတ်ခံစားမှု အတက်အကျ မြန်ပေမယ့် အကောင်းမြင်တဲ့ စိတ်စွမ်းအားကို ပြည့်ပြည့်ဝဝ ပိုင်ဆိုင်ထားကြသူလေးတွေပေါ့။

    • အနုပညာတွေနဲ့ ဝန်းရံထားရတာကို ကြိုက်နှစ်သက်ကြတယ်

    ဇွန်လဖွားလေးတွေက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ကြသလို သူတို့ရဲ့ ပတ်ဝန်းကျင်ကို အနုပညာဆန်တဲ့အရာတွေ အနုပညာပစ္စည်းတွေနဲ့ ဝန်းရံထားရတာကို နှစ်သက်ကြပါတယ်။ အနုပညာပစ္စည်းတွေ၊ အနုပညာဆန်တာတွေကို နှစ်သက်မြတ်နိုးတန်ဖိုးထားတတ်ကြသူလေးတွေပါ။

    • သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်ကြတယ်

    ဇွန်လဖွားလေးတွေက ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းသပ်ရပ်စွာ နေတတ်ကြသလို သူတို့ရဲ့ နေအိမ်နဲ့ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်သပ်ရပ်စွာ ထားတတ်ကြသူလေးတွေပါ။ သန့်ရှင်းသပ်ရပ်မှုက သူတို့ရဲ့ မူပိုင်သင်္ကေတလို့တောင် ဆိုရမှာပါ။

    • အရပ်မြင့်ကြသူလေးတွေပါ

    ဇွန်လဖွားလေးတွေက အရပ်ပုသူရှားပြီး အရပ်မြင့်ကြသူလေးတွေပါ။ အရပ်က အရမ်းမမြင့်ရင်တောင် ထိုက်သင့်တဲ့ အရပ်အမောင်း ရှိကြပါတယ်။ အခြားလတွေနဲ့ယှဉ်ရင် အရပ်မြင့်ကြပါတယ်။

    • အိုင်ဒီယာဘဏ်လေးတွေပါ

    အရာရာကို စူးစပ်တတ်တဲ့ စပ်စုစိန်လေးတွေ ဖြစ်တာကြောင့် ဇွန်လဖွားလေးတွေက သိနေတဲ့အရာ တော်တော်များပါတယ်။ အရာရာတိုင်းကို စိတ်ဝင်တစား လေ့လာတတ်ပြီး အိုင်ဒီယာ အသစ်တွေထုတ်နိုင်စွမ်းလည်း မြင့်မားကြပါတယ်။ နောက်တစ်ခုက multitasking ရတာပါ။ တစ်ခုတည်းမှာ အာရုံစိုက်မထားတတ်ဘဲ အရာရာတိုင်းကို လေ့လာတတ်ကြသူလေးတွေပါ။  အတွေးစိတ်ကူးမြန်သလောက် အမီလိုက်ပြီး တီထွင်ဆန်းသစ်နိုင်ကြတာလည်း ဇွန်လဖွားလေးတွေပါပဲ။

    • အဓိကကျတာကို မှန်ကန်စွာ ရွေးချယ်တတ်သူလေးတွေပါ

    ဇွန်လဖွားလေးတွေက ဘယ်လောက်အရေးကြီးပါတယ်ဆိုတဲ့ အခြေအနေတွေမှာ ဖြစ်ဖြစ် ဘယ်အရာကို အရင် ဦးစားပေးလို့ ဘာကိုနောက်မှ လုပ်ဆောင်ရမလဲဆိုတာကို ကောင်းကောင်းခွဲခြားတတ်ကြသူလေးတွေပါ။ အရာရာကို စိတ်ပျက်စရာ အခြေအနေ ကင်းဝေးအောင် စီမံခန့်ခွဲနိုင်စွမ်း ရှိတာကလည်း သူတို့လေးတွေရဲ့ အခြားသူနဲ့ မတူတဲ့ အရည်အသွေးပါပဲ။

    • စိတ်ဖတ်နိုင်ကြသူလေးတွေပါ

    ဇွန်လဖွားလေးတွေက အရာရာကို သိနိုင်စွမ်း ရှိကြပါတယ်။ အာရုံခံနိုင်စွမ်း မြင့်ကြတယ်လို့ပဲ ဆိုရပါမယ်။ လူတစ်ယောက်ရဲ့ စိတ်အခြေအနေ သဘောထားကို ကောင်းစွာ ဖတ်နိုင်ကြပါတယ်။ သူတို့က ရိုးသားကြသလို အခြားသူတွေရဲ့ အတွင်းစိတ်ကိုလည်း ကောင်းကောင်း ဖတ်နိုင်ကြပါတယ်။ သူတို့က မရိုးသားတာ ချက်ချင်း ခံစားသိနိုင်ပြီး ရိုးသားမှု မရှိသူတွေနဲ့ ခပ်ကင်းကင်း နေတတ်ကြပါတယ်။ မကောင်းတာ တစ်ခုကတော့ လူတစ်ယောက်ကို မြန်မြန် အကဲဖြတ်လိုက်တာပါပဲ။

    • မိတ်ဆွေဖွဲ့ရတာကို နှစ်သက်ကြတယ်

    ဇွန်လဖွားလေးတွေက တစ်ယောက်တည်း နေရတာကို နှစ်သက်တယ်လို့ ထင်စရာရှိပေမယ့် တကယ်ကတော့ သူတို့လေးတွေက မိတ်ဆွေဖွဲ့ရတာကို နှစ်သက်သလို ပွင့်ပွင်းလင်းလင်း နေတတ်ကြသူလေးတွေပါ။ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းကြပါတယ်။ စိတ်ရှည်သည်းခံတတ်ကြသလို ချစ်ခင်တဲ့သူတွေအပေါ်မှာ အနွံနာအခံနိုင်ဆုံးလေးတွေပါ။ အမြဲတမ်းမြဲနေမယ့် relationship ကို ဖန်တီးနိုင်စွမ်း ရှိသူလေးတွေပါတဲ့။

    • စွန့်စားရတာကို နှစ်သက်ကြတယ်

    ဇွန်လဖွားလေးတွေရဲ့ နောက်ထပ် ထင်မှတ်မထားတဲ့ skill တစ်ခုက စွန့်စားရတာကို နှစ်သက်တာပါ။ လေ့လာစူးစမ်းရတာကို နှစ်သက်ကြသလို အသစ်အသစ်တွေ ဖော်ထုတ်ရတာ စွန့်စားလုပ်ဆောင်ရတာကို နှစ်သက်ကြပါတယ်။

    • ခေါင်းဆောင်ကောင်းတွေပါ

    ဇွန်လဖွားလေးတွေရဲ့ မွေးရာပါဗီဇက ဦးဆောင်ရတာကို နှစ်သက်ကြတာပါ။ ဇွန်လဖွားလေးတွေက ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြသလို အရာရာကို ကောင်းကောင်း ဦးဆောင်နိုင်ပါတယ်။ မျှတစွာ ဦးဆောင်နိုင်ကြတဲ့ ခေါင်းဆောင်ကောင်းရဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြသူလေးတွေက ဇွန်လဖွားလေးတွေပါတဲ့နော်။

    • ငြိမ်းချမ်းရေး ဆွေးနွေးသူလေးတွေပါ

    အရာရာကို ကြားဝင်ဖြေရှင်းပေးနိုင်တဲ့ အစွမ်း၊ စေ့စပ်ညှိနှိုင်းမှုတွေကို လုပ်ဆောင်ပေးနိုင်တဲ့ အစွမ်းကို ငယ်စဉ်လေးကတည်းက မသင်ပေးရဘဲ တတ်ကျွမ်းကြသူလေးတွေက ဇွန်လဖွားလေးတွေပါ။ သူတို့လေးတွေရဲ့ အောင်မြင်နိုင်ခြေ အများဆုံး အလုပ်အကိုင်တစ်ခုက စေ့စပ်ညှိနှိုင်းသူလုပ်ခြင်းပါ။ ရှေ့နေအလုပ်အကိုင်ကလည်း ကိုက်ညီတဲ့ အလုပ်တစ်ခုပါပဲ။

    • ပျော်ရွှင်ခြင်းဆောင်ကြဉ်းသူလေးတွေပါ

    ဇွန်လဖွားလေးတွေက ပတ်ဝန်းကျင်ကသူတွေကို ရယ်ရွှင်မောဖွယ်ရာလေးတွေ ဆောင်ကြဉ်ပေးကြသူလေးတွေပါ။ သူတို့ရဲ့ သူမတူတဲ့ နေထိုင်မှုပုံစံလေးက ခင်မင်နှစ်လိုဖွယ် ကောင်းသလို အခြားသူတွေကို ပျော်ရွှင်စရာတွေ ဖန်တီးပေးနိုင်ကြပါတယ်။ သာမန်အရာတွေကိုတောင် ရယ်ရွှင်စရာဖြစ်အောင် ပုံဖော်တတ်ကြသူလေးတွေပါ။

    ဇွန်လမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement