backup og meta

Premium

နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    နှစ်တစ်နှစ်တာ ကုန်ဆုံးတော့မှာ ဖြစ်သလို နှစ်သစ်ကူး အငွေ့အသက်တွေနဲ့ ဆောင်းရာသီရဲ့ အေးမြမှုတွေကို စတင် ခံစားနေရပြီဖြစ်တဲ့ လလေးတစ်လကတော့ နှစ်တစ်နှစ်ရဲ့ ၁၁ လမြောက်ဖြစ်တဲ့ နိုဝင်ဘာလလေးပါ။ ဆောင်းအေးအေးမှာ သာယာလှပမှုတွေကို ယူဆောင်လာတဲ့ နိုဝင်ဘာလမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့

    • သူတို့က ကစားသမားကောင်းတွေပါ

    နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက အခြားလမှာ မွေးဖွားတဲ့ ကလေးလေးတွေထက် သန်မာကြပါတယ်။ အကြောင်းကတော့ ဒီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပိုကောင်းကြသလို လက်တွေလည်း ပိုသန်မာကြပါတယ်။ ခန္ဓာကိုယ်ကလည်း တောင့်တင်းသန်မာကြပါတယ်။ ဒီလိုသန်မာမှုကပဲ ကလေးတွေကို အားကစားသမားကောင်းတွေ ဖြစ်စေဖို့အတွက် ထောက်ကူပေးနေတာပါ။

    • နှလုံးကျန်းမာကြတယ်

    နှလုံးရောဂါက လူတော်တော်များများမှာ အဖြစ်များလာပါတယ်။ ဒါပေမယ့် နိုဝင်ဘာမှာ မွေးဖွားတဲ့ ဘေဘီလေးတွေမှာတော့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေက တော်တော်လေးနည်းပါတယ်။ များသောအားဖြင့်ကတော့ နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက နှလုံးကျန်းမာကြပြီး နှလုံးရောဂါဖြစ်နိုင်ခြေ နည်းကြပါတယ်။

    • အသက်ရှည်ကြတယ်

    နိုဝင်ဘာလဖွားလေးတွေက အခြားလတွေမှာ မွေးဖွားတဲ့ ကလေးလေးတွေထက် အသက်ရှည်ကြပါတယ်။ အသက် ရာကျော်ရှည်ကြတဲ့ လဖွားလေးတွေပေါ့။ အထူးသဖြင့် အမျိုးသမီးလေးတွေမှာပေါ့။

    • ဘယ်သန်လေးတွေပါ

    နိုဝင်ဘာလဖွားလေးတွေ အထူးသဖြင့် သားသားလေးတွေက ဘယ်သန်လေးတွေ အဖြစ်များကြပါတယ်။ ကမ္ဘာ့လူဦးရေ ၁၀ ရာခိုင်နှုန်းသော ဘယ်သန်လေး အများစုက နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေပါ။

  • ရဲရင့်ကြတယ်
  • နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ရဲရင့်ပြီး အလုပ်ကြိုးစားကြသလို ရိုးလည်းရိုးသားကြပါတယ်။ စိတ်အားထက်သန်မှုလည်း ရှိကြပါတယ်။ ရဲရင့်ကြတဲ့သူလေးတွေ အများစုက နိုဝင်ဘာလမှာ မွေးဖွားကြပါတယ်။

    • အနေအေးကြတယ်

    နိုဝင်ဘာလဖွား ဘေဘီလေးတွေက အနေအေးကြပါတယ်။ အခြားသူတွေထက် ပိုကြိုးစားကြသလို တိတ်ဆိတ်ငြိမ်သက်မှုကိုလည်း မြတ်နိုးကြပါတယ်။ ကိုယ်တိုင်ကလည်း အချိန်တိုင်းလိုလိုမှာ အေးအေးဆေးဆေးနေတတ်ကြပါတယ်။

    • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး အားနည်းကြတယ်

    လေ့လာမှုတွေအရ သိရတာက နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေ များပါတယ်။ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ များကြတာလည်း သူတို့လေးတွေပါတဲ့။

  • ဦးဆောင်နိုင်စွမ်း ကောင်းကြတယ်
  • နိုဝင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက မွေးရာပါဗီဇကိုက ဦးဆောင်နိုင်တာပါ။ ဒီလို ဦးဆောင်နိုင်တာကလည်း သူတို့လေးတွေကို ခေါင်းဆောင်ကောင်းတွေ ဖြစ်စေတဲ့ အကြောင်းအရင်းပါ။ အောင်မြင်တဲ့ ခေါင်းဆောင် တော်တော်များများကတော့ နိုဝင်ဘာလမှာ မွေးဖွားကြပါတယ်။

    • အပျော်ရွှင်တတ်ဆုံး ဘေဘီလေးတွေပါ

    သူတို့လေးတွေက အကောင်းမြင်တတ်ကြသလို စိတ်ဓာတ်ကျနိုင်ခြေလည်း အတော်နည်းကြပါတယ်။ အနေအေးပေမယ့် ပျော်ပျော်ရွှင်ရွှင် နေတတ်ကြပါတယ်။ မကောင်းတဲ့ စိတ်ခံစားချက်တွေကို မြန်မြန်လေး ဖြေဖျောက်တတ်တာကလည်း သူတို့လေးတွေပါပဲ။

    နိုဝင်ဘာလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement