backup og meta

Premium

ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    မြန်မာနှစ်သစ်ကူးပွဲတော် သင်္ကြန်ပွဲတော်ရှိတဲ့ ဧပြီလက မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ်ထားတဲ့ လလေး တစ်လဆိုလည်း ဟုတ်ပါတယ်။ ဒီလို အရေးပါတဲ့ ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးက ကမ္ဘာ့ရေးရာ ပြဿနာတွေကို  သူမတူတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြလေ့ရှိကြသူတွေပါ။ မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့

    • ဦးဆောင်မှုလုပ်ဆောင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝကြသူလေးတွေပါ

    ဧပြီလဖွား ဘေဘီလေးတွေက လူအစုအဖွဲ့တွေ၊ သူငယ်ချင်း အုပ်စုတွေကို ဦးဆောင်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေကြသူလေးတွေပါ။ သူတို့လေးတွေဟာ သူတို့ အနီးဝန်းကျင်ကသူတွေကို ကောင်းကောင်း ဦးဆောင်နိုင်တာတော့ အမှန်ပါ။

    • ကြင်နာတတ်ကြသူလေးတွေပါ

    ဧပြီလဖွား ဘေဘီလေးတွေက အရမ်းကို သနားကြင်နာတတ်ကြသူတွေပါ။ သူငယ်ချင်းတွေ မိသားစုဝင်တွေအပေါ် အရမ်းကြင်နာတတ်ကြသူတွေပါ။ စိတ်လည်း ရှည်ကြသလို နားထောင် ကောင်းသူတွေပါ။ စိတ်ထိခိုက်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် အကောင်းဆုံးသော ပခုံးတွေကို ပိုင်ဆိုင်ထားကြသူလေးတွေပါ။

    • ရေလိုက်သင့် ငါးလိုက်သင့် နေတတ်ကြသူလေးတွေပါ

    ဧပြီလဖွားလေးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြသူလေးတွေ ဖြစ်သလို နှစ်လိုဖွယ် ကောင်းကြသူလေးတွေပါ။ ရှက်ရွံ့မှုကင်းပြီး ပြဿနာတွေကိုလည်း မရှောင်ပြေးတတ်ကြပါဘူး။ ဖြစ်လာတဲ့ အခြေအနေတိုင်းကို အကောင်းဆုံး နည်းလမ်းရှာပြီး ဖြေရှင်း တတ်ကြသူလေးတွေပေါ့။

    • တီထွင်ဖန်တီးဉာဏ် ကောင်းကြသူလေးတွေပါ

    ဧပြီလမှာ မွေးဖွားတဲ့ ဘေ​ဘီလေးတွေက စိတ်ကူးဉာဏ်ရင့်သန်ကြသလို တီထွင်ဖန်တီးမှုစွမ်းအားလည်း ကောင်းကြပါတယ်။ ကလေးက ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း မြင့်သလို ပဟေဠိတွေကို ဖြေရှင်းနိုင်စွမ်းလည်း ကောင်းကြပါတယ်။ ဧပြီလဖွားလေးတွေက အနာဂတ်မှာ တီထွင်ဖန်တီးဉာဏ်ကောင်းလွန်းတဲ့သူလေးတွေ ဖြစ်လာကြမှာပါ။ အနုပညာမှာ ဝါသနာထုံကြသူတွေပါ။

    • အပြောမကြီး အလုပ်နဲ့ သက်သေပြတတ်ကြသူလေးတွေပါ

    ဒါကလည်း အခြားလဖွား ဘေဘီလေးတွေနဲ့ မတူတဲ့ ဧပြီလဖွား ဘေဘီလေးတွေရဲ့ ထူးခြားတဲ့ စွမ်းရည် တစ်ခုပါ။ သူတို့က အပြောနဲ့မဟုတ်ဘဲ ကိစ္စတိုင်းကို အလုပ်နဲ့ သက်သေပြတတ်ကြသူလေးတွေပါ။ မလိုအပ်ဘဲ သူတို့လေးတွေရဲ့ စွမ်းအင်တွေကို အလဟဿ မသုံးတတ်ကြသူလေးတွေပေါ့။

    • ဦးနှောက်ထက် နှလုံးသားကို ဦးစားပေးတတ်ကြသူလေးတွေပါ

    သူတို့လေးတွေက အခြေအနေ အချိန်အခါကို လိုက်ပြီး အကောင်းဆုံး တုံ့ပြန်ပြုမူတတ်ကြသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝကြသူလေးတွေ ဖြစ်ပေမယ့်လည်း စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်စွမ်းကတော့ တော်တော်လေး နည်းပါတယ်။ သူတို့က အပြင်ပန်း ကြည့်လိုက်ရင် မာရည်ကျောရည် ရှိတယ်လို့ ထင်စရာ ရှိပေမယ့် အတွင်းစိတ်ထားကတော့ အတော်လေး နူးညံ့ပါတယ်။ ဦးနှောက်ထက် နှလုံးသားရဲ့ စေရာကို လိုက်တတ်ကြသူလေးတွေပါ။

    • သစ္စာရှိကြသူလေးတွေပါ

    သူတို့လေးတွေက ပွင့်ပွင့်လင်းလင်း နေတတ်ကြပေမယ့် သူတို့နဲ့ မတူတာက သူတို့လေးတွေက ချစ်ခင်ရင်းနှီးသူတွေအပေါ်မှာ သစ္စာရှိကြသူလေးတွေပါ။ သူတို့က သူငယ်ချင်းမိတ်ဆွေတွေအပေါ်မှာရော ချစ်သူ၊ အိမ်ထောင်ဖက်တို့အပေါ်မှာပါ သစ္စာရှိကြသူလေးတွေပါ။

    • ဦးဆောင်တတ်ကြသူလေးတွေပါ

    သူတို့လေးတွေမှာ ရှိနေတဲ့ အရည်အသွေးတွေအရ ခန့်မှန်းလို့ ရတာက သူတို့လေးတွေက ဦးဆောင်ဦးရွက် ပြုတတ်ကြသူလေးတွေပါ။ မိသားစုတွေကြားမှာရော မိတ်ဆွေသူငယ်ချင်းတွေ ကြားမှာပါ ဦးဆောင်ဦးရွက် ပြုတတ်ကြတဲ့ ခေါင်းဆောင်ကောင်းလေးတွေပါ။

    ဧပြီလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement