backup og meta

Premium

ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    နှစ်တစ်နှစ်တာရဲ့ ၇ လမြောက်ဖြစ်တဲ့ ဇူလိုင်လက လူတိုင်းလိုလို သဘောကျကျတဲ့ ကံကောင်းစေတဲ့ နံပါတ် ၇ ကို ပိုင်ဆိုင်ထားတဲ့ လလေးပါ။ ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ ဇူလိုင်လမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

    ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့

    • အကောင်းမြင်တတ်ကြပါတယ်

    ဇူလိုင်လမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေက အကောင်းမြင်တတ်ကြသူလေးတွေပါ။ အခြေအနေတိုင်းမှာ အတော်လေး အကောင်းမြင်တတ်ကြပါတယ်တဲ့။ အဆိုးတွေကို လျစ်လျူရှု့ရင်း အကောင်းတွေကိုပဲ ရွေးပြီး မြင်တတ်ကြသူလေးတွေပါ။ ဆိုးရွားတဲ့ အခြေအနေတွေကို ရယ်ရွှင်ဖွယ်ရာ အခြေအနေအဖြစ် ပြောင်းလဲတတ်ကြသူလေးတွေပါ။

    • နှစ်လိုဖွယ်ကောင်းကြတယ်

    ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက နှစ်လိုဖွယ်ကောင်းကြပါတယ်။ အစားအစာတွေကို အရသာ ကောင်းကောင်းခံတတ်ကြသလို ဂီတကိုလည်း ချစ်မြတ်နိုးကြပါတယ်။ ဘဝထဲက သေးသေးလေးသောအရာလေးတွေကိုပါ နှစ်သက်တတ်ကြသူတွေပါ။ သူတို့လေးတွေက ထိရှခံစားလွယ်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်လိုဖွယ်ကောင်းကြတာတော့ အမှန်ပါပဲ။

  • ရက်ရောကြတယ်
  • ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက အကောင်းမြင်တတ်ကြသလို တည်ငြိမ်အေးဆေးစွာ ကြီးပြင်းလာကြသူလေးတွေပါ။ အခြေအနေတိုင်းလိုလိုကို စိတ်ရှည်သည်းခံတတ်ကြပြီး ရက်ရောကူညီတတ်ကြသူလေးတွေပါ။

    • စိတ်ထိခိုက်လွယ်တယ်

    ဇူလိုင်လဖွားလေးတွေက စိတ်ထိခိုက် ခံစားလွယ်ကြပါတယ်။ ဒါကပဲ သူတို့လေးတွေရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။ သူတို့က အလိုလို  ခုခံတတ်ကြပေမယ့် ထိခိုက်မှာကိုလည်း အမြဲစိုးထိတ်နေကြသူတွေပါ။ တစ်ခုခု နာကျင်သွားပြီဆိုရင်တော့ အချိန်အတော်ကြာအောင်ယူပြီး ကုစားရတာကလည်း သူတို့လေးတွေရဲ့ အားနည်းချက်လေးပါ။

    • အာရုံစိုက်အား ကောင်းကြတယ်

    သူတို့လေးတွေက အရာဝတ္ထုတွေကိုရော လူတွေကိုပါ ကောင်းကောင်း အာရုံစိုက်တတ်ကြပါတယ်။ အိပ်မက်တွေကို အကောင်အထည်ဖောဖို့ ကျားကုတ်ကျားခဲ ကြိုးစားတတ်ကြသလို လက်တွေ့မဆန်တာတွေကိုလည်း သဘောမတွေ့ကြပါဘူး။ မလိုလားအပ်တဲ့အရာတွေကို ခေါင်းထဲက ထုတ်ထားပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ပဲ အာရုံစူးစိုက် လုပ်ဆောင်တတ်ကြပါတယ်။

    • ချစ်ရတဲ့သူတွေကို နှစ်နှစ်ကာကာ ချစ်တတ်ကြတယ်

    ဇူလိုင်လဖွားလေးတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေက အရေးအကြီးဆုံး အရာတွေပါ။ မိသားစုဝင်တွေကို နှစ်နှစ်ကာကာ ချစ်တတ်ကြသူလေးတွေပါ။

    • ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်ကြတယ်

    ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက အခြားလမှာ မွေးဖွားတဲ့ ကလေးတွေထက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်ကြပါတယ်။ စိတ်ဆိုးဒေါသဖြစ်တာကို ကောင်းကောင်း ထိန်းချုပ်နိုင်သလို ခံစားချက်တွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်သူလေးတွေပါ။

    • အမှီအခိုကင်းကြတယ်

    ဇူလိုင်လဖွားလေးတွေက အမှီအခို ကင်းကြသလို အရာရာကို ကိုယ့်ခြေကိုယ့်လက် လုပ်ကိုင်နိုင်ကြသူလေးတွေပါ။ လိုချင်တဲ့ အောင်မြင်မှု ရအောင် ကိုယ်တိုင်ကြိုးစားလုပ်ဆောင်တတ်ကြသူလေးတွေပါ။ သူတို့လေးတွေက သူတို့ဘဝကို ကောင်းကောင်းပုံဖော်နိုင်ကြသူလေးတွေပါ။

  • ဘယ်သန်လေးတွေပါ
  • ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ဘယ်သန်လေးတွေပါ။ သူတို့က သူများနဲ့မတူတဲ့ ကိုယ်ရည်ကိုယ်သွေး ပိုင်ဆိုင်ထားကြသူတွေပါ။
    • ဆရာ/ဆရာမတွေ ဖြစ်နိုင်ကြသူလေးတွေပါ

    ဇူလိုင်လဖွား ဘေဘီလေးတွေက ဆရာ/ ဆရာမ အဖြစ် အောင်မြင်နိုင်ကြသူလေးတွေပါ။ ဒါကလည်း ဇူလိုင်လဖွားလေးတွေရဲ့ ထူခြားတဲ့ အရည်အသွေး တစ်ခုပါပဲ။

    ဇူလိုင်လမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement