ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း

ဘယ်အာဟာရတွေ ဘယ်လောက်ပဲအစွမ်းထက်ပါတယ်ပြောပြော ကလေးတွေအတွက်ဆို မိခင်နို့ရည် က တန်ဖိုးအရှိဆုံးပါပဲ။ မိခင်နို့မှာ ကလေးအတွက် ပြီးပြည့်စုံတဲ့အာဟာရတွေ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ၊ ပရိုတင်း၊ အဆီဓာတ်နဲ့ အာဟာရဓာတ်အားလုံးနီးပါးပါဝင်တာပါ။ ဒါ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေလည်းပါဝင်လို့ ကလေးတို့အတွက် နတ်ဆေးတစ်ခွက်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ကလေးနားမှာ အမြဲရှိမနေနိုင်တဲ့မေမေတွေ၊ အလုပ်ပြန်ဆင်းရတဲ့အခါ ဒါမှမဟုတ် အပြင်သွားစရာရှိတဲ့အခါ နို့မှုန့်ဗူးကိုပဲ အားကိုးကြပါတယ်။ အဲဒီအခါကျ သန့်ရှင်းမှု၊ ဘေးကင်းစိတ်ချရမှု၊ အာဟာရဓာတ်ပြည့်ဝမှုဆိုတာတွေမှာ မိခင်နို့ကို ဘယ်မီပါ့မလဲနော်။ အမေက အလုပ်ပြန်ဆင်းရမှာမို့ အစတည်းက နို့မှုန့်တိုက်တဲ့ ကလေးတွေဆိုလည်း မိခင်နို့ရဲ့အာဟာရကျေးဇူးကို ခံစားခွင့်မရနိုင်တော့ပါဘူး။ ဒီလိုမျိုးတွေ မဖြစ်အောင် အသုံးဝင်တဲ့နည်းဖြစ်တဲ့ မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း မိခင်နို့ရည် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းအေးအေးမှာ ဘေဘီလေး တွေ နွေးထွေးစေဖို့

ဆောင်းဝင်လာပြီဆိုတာနဲ့ မိခင်တစ်ယောက်ရဲ့အတွေးကဘာဖြစ်မယ်ထင်လဲ။ ငါ့ကလေးလေးမှနွေးနွေးထွေးထွေးရှိရဲ့လား၊ ချမ်းနေမလားမသိဘူးဆိုတဲ့ ပူပန်မှု။ သူချမ်းလာတာနဲ့ ကလေးကို အနွေးထည်တွေအထပ်ထပ် အများကြီးဝတ်ပေးတတ်တဲ့အမေလည်းရှိရဲ့၊ ခံနိုင်ရည်ရှိမှ ကျန်းမာမှာဆိုပြီး အပြင်ကိုတောင် ဒီအတိုင်းခေါ်သွားတတ်တဲ့အမေလည်းရှိတယ်။ ကလေးကို သူ့နည်းနဲ့သူ ဂရုစိုက်ကြတာဆိုပေမယ့် ကျန်းမာရေးရှုထောင့်အရ ပျမ်းမျှဆိုရရင် အအေးဒဏ် အပူဒဏ်တွေကို လူကြီးတွေလောက် ခံနိုင်ရည်မရှိတဲ့ ဘေဘီလေး တွေအတွက်က ပုံမှန်ထက်ပိုဂရုစိုက်သင့်ပါတယ်။ ကလေးမှာလည်း တူတူပဲနေမှာဆိုပြီး ကိုယ်ခံစားရတဲ့အသိနဲ့ တန်းတူမတွေးပါနဲ့။ အေးတဲ့ရာသီမှာ ဂရုစိုက်ရမယ်ဆိုပြီးကလေးငယ်လေးကို စောင်တွေအထပ်ထပ်လည်း ပတ်မထားပါနဲ့နော်။ ကလေးတွေအိပ်နေရင်းရုတ်တရက်သေဆုံးတတ်တဲ့(Sudden Infant Death Syndrome - SIDS)ရောဂါအန္တရာယ်ကိုဖြစ်နိုင်ခြေနည်းစေဖို့ ကလေးကိုသိပ်ရင်ခေါင်းအုံးတွေ၊စောင်တွေ ထည့်သိပ်တာသိပ်မများသင့်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။ ကလေးကို ဆောင်းရာသီမှာ ဘေးအန္တရာယ်ကင်းပြီး နွေးနွေးထွေးထွေးဖြစ်စေဖို့ကမေမေတို့အပေါ်မူတည်နေတယ်ဆိုတော့... ဒီအချက်လေးတွေ ဂရုစိုက်ကြည့်ပါဦးလို့။ ဘေဘီလေး ကို အနွေးထည်ဝတ်ပေးပါ အေးနေတဲ့အချိန်မှာ ကလေးကို အနွေးထည်ဝတ်ပေးဖို့မမေ့ပါနဲ့။ သိပ်မအေးနေဘူးဆိုရင်တော့ အနွေးထည်မဟုတ်ဘဲ အင်္ကျီလက်ရှည်တစ်ထည်တော့ ထပ်ဝတ်ပေးသင့်ပါတယ်။ ကိုယ်တိုင်ကအေးတယ်လို့မခံစားရပေမယ့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး ရေချိုးဆပ်ပြာ များနဲ့ ဓာတုအန္တရာယ်

ကိုယ့်ရဲ့ သားသားမီးမီးလေးတွေအတွက်ပဲ ဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့အတွက်ပဲ ဖြစ်ဖြစ် ကလေး အသုံးအဆောင်ပစ္စည်းတွေ ရွေးချယ်တဲ့အခါ ဘာတွေထည့်ပြီး စဉ်းစားဖြစ်လဲ။ ကျသင့်မယ့် ဈေးနှုန်းလား၊ ဘရန်းဖြစ်မဖြစ်လား၊ လှတပတလေးတွေလား။ ဒါတွေထက်ပိုပြီး အရေးကြီးတဲ့အချက်က နုနယ်တဲ့ ကိုယ်ခန္ဓာပိုင်ရှင် ဘေဘီလေးအတွက် ဘေးအန္တရာယ်ကင်းပြီး အဆင်ပြေစေမယ့် အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ဖို့ပါပဲ။ အရေပြားနုနုလေးပေါ်မှာ အသုံးပြုမယ့်ပစ္စည်းတွေဆို သက်ရောက်မှုက ပိုသိသာတာပေါ့။ ဓာတ်မတည့်ခြင်းဖြစ်လွယ်တာက ကလေးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဒါ့ကြောင့် ကလေး ရေချိုးဆပ်ပြာ အပါအဝင် ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုဝယ်ယူရာမှာ ဒီအချက်လေးတွေ မေမေတို့ သတိထားဖို့လိုတယ်နော်။ ကလေး ရေချိုးဆပ်ပြာ ဝယ်မယ်ဆိုရင် ဘာတွေ သတိထားသင့်လဲ။ ဘာတွေပါဝင်လဲသိရအောင် Label ကို သေချာဖတ်ပါ။ ကလေး အသားအရေသုံးပစ္စည်းတွေမှာ အရောင်ဆိုးဆေး၊ ရေမွှေးနံ့နဲ့ ဓာတုပစ္စည်းတွေပါနေခဲ့ရင် ပြဿနာရှိပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေမယ့် ကစားစရာတွေ ရွေးချယ်ပေးမယ်

ဆော့ရင်း ကစားရင်းနဲ့ သင်ယူလေ့လာဖြစ်ဖို့က ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုမှာ အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ သူတို့လေးတွေက မွေးစအရွယ်တည်းကကိုဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်း၊ ကိုယ်တိုင် ပါဝင်လှုပ်ရှားလာရင်း အရာရာသင်ယူတတ်ပါတယ်။ ကစားဖို့၊ စားဖို့နဲ့ အိပ်ဖို့ပဲသိသေးတာဖြစ်ပေမယ့် သူတို့လုပ်နေကျ အဲဒီသုံးမျိုးကနေပဲ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးလာအောင် အစတည်းက လမ်းဖွင့်ပေးလို့ရပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးစေမယ့် ကစားစရာတွေရွေးချယ်ပေးတဲ့အခါ ကလေးတွေမှာ လုပ်နိုင်စွမ်း၊ သိနိုင်စွမ်းအရည်အချင်းလေးတွေ တိုးတက်လာပါလိမ့်မယ်။ ပြဿနာဖြေရှင်းဖို့နဲ့ အကျိုးအကြောင်းနားလည်နိုင်စွမ်း လေ့လာမှတ်သားနိုင်စွမ်း ကိုယ့်ကိုယ်ကိုယ်အားကိုး ကိုယ်တိုင်လုပ်ဆောင်ချင်စိတ် တီထွင်ဆန်းသစ်နိုင်စွမ်း ထိန်းချုပ်မှုမလိုဘဲ သွက်လက်တဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း စတာတွေကို ငယ်စဉ်တည်းက အလေ့အကျင့်မွေးမြူပေးသလိုဖြစ်စေမှာပါ။ ကလေးတွေကမွေးကင်းစအရွယ်တည်းကလေ့လာမှတ်သားတတ်တာကြောင့် ကလေးတွန်းလှည်းတွေမှာ နှိပ်ရင်မတူညီတဲ့အသံတွေမြည်တဲ့ အရုပ်လေးတွေထည့်သွင်းတတ်ကြတာဖြစ်ပါတယ်။ ကလေးရဲ့ဉာဏ်ရည်ကိုအသုံးပြုရတဲ့ ကစားစရာတွေက အသက်အပိုင်းအခြားအလိုက် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုကိုအားပေးတဲ့ အကောင်းဆုံးအကူအညီဖြစ်ပါတယ်။ ဘယ်လိုမျိုးလေးတွေပေးကစားမလဲ ဂီတတူရိယာလေးတွေ ကလေးတွေဟာ သီချင်းနားထောင်ရတာထက်အော်ဂင်၊ စန္ဒရားအသေးလေးတွေ၊ ခလုတ်ပါတဲ့ဂီတာလေးတွေလို ကစားစရာလေးတွေနဲ့ ကိုယ်တိုင်သီချင်းသံဖန်တီးရတာပိုနှစ်သက်ကြပါတယ်။ ဒီလိုမျိုးတွေနဲ့ကစားတဲ့ကလေးတွေက ကိုယ်အလိုရှိတာအမူအရာနဲ့ဆက်သွယ်ပြောဆိုနိုင်စွမ်းပိုကောင်းပြီး အရွယ်ရောက်တဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ

အိမ်မှာ အိမ်သားအသစ်စက်စက် ပိစိကွေးလေးတိုးလာတဲ့အခါ ဂရုစိုက်လုပ်ဆောင်ရတာတွေများလာပါမယ်။ သူတို့လေးတွေဘေးကင်းစေဖို့ အစားအစာကစလို့ အသုံးအဆောင်တွေအထိသေချာဂရုစိုက်ရပါမယ်။ ဒီလိုဂရုစိုက်တဲ့အထဲမှာ မဖြစ်မနေအရေးတကြီးလုပ်ပေးသင့်တာက ကလေးကို ဝတ်ပေးမယ့် အဝတ်အစားတွေပါ။ အဝတ်အစားရွေးချယ်တဲ့အခါ အမြင်လှဖို့ထက် ကလေးအတွက် သက်သောင့်သက်သာဖြစ်စေပြီး ကလေးအသားအရေကို ထိခိုက်မှုမရှိနိုင်တဲ့ အဝတ်အထည်မျိုးကို အဓိကထားရွေးချယ်ဖို့ လိုပါမယ်။ ဒါကြောင့် ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ အကြောင်း ပြောပြပေးလိုက်ပါတယ်။ ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ က ဘာတွေများဖြစ်မလဲ ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ ကတော့ - ချည်သား ချည်သားကတော့ ဘေဘီလေးတွေနဲ့ အသင့်တော်ဆုံးဖြစ်မှာပါ။ ချည်သားက နူးညံ့ပြီးအေးမြနေသလို ချွေးစုပ်ယူမှုအားလည်းကောင်းတာကြောင့် ထိခိုက်လွယ်တဲ့ဘေဘီလေးတွေ အသားအရေနဲ့ ကွက်တိပါ။ အသားအရေကို ထိခိုက်ပွန်းပဲ့မှုကင်းစေပြီး အပူအအေးမျှတနေစေမှာပါ။ ဒါပေမယ့် ဘေဘီလေးကို ချည်သားဝတ်ဆင်ပေးမယ်ဆိုရင် အရင်ဆုံးလျှော်ဖွတ်ပြီးမှ ဝတ်ဆင်ပေးဖို့ မမေ့ပါနဲ့။ ချည်သားနဲ့ Polyesterရောစပ်ထားတဲ့ အထည် ဒီပိတ်စအမျိုးအစားကခြောက်သွေ့မြန်သလို၊ တွန့်ကြေခဲပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေ အဝတ်အစားတွေထဲက သတိပြုစရာဓါတုပစ္စည်းတွေအကြောင်း

မွေးကင်းစကလေးငယ်လေး တွေရဲ့ အရေပြားက တုံ့ပြန်ထိခိုက်လွယ်ကြပါတယ်။ မွေးကင်းစကလေးတွေ ကို အသားအရေအတွက် အသုံးပြုပေးတဲ့ ပစ္စည်းတွေကစလို့ အဝတ်အစားတွေ အထိသေချာရွေးချယ်ပေးဖို့လိုပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ကလေးမှာ မလိုလားဘဲ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဖေဖေမေမေတို့ သတိထားလို့ရအောင် ကလေးတွေအဝတ်အစားတွေမှာပါတတ်တဲ့ ဓါတုပစ္စည်းတွေအကြောင်းကိုပြောပြပေးမယ်နော်။ အဝတ်အထည်တွေမှာ ဓါတုပစ္စည်းတွေပါတတ်လား ပုံမှန်အတိုင်းဆိုရင်တော့ အဝတ်အထည်တွေမှာ ဓါတုပစ္စည်းတွေပါဝင်နေမယ်လို့ ထင်စရာမရှိပါဘူး။ ဒါပေမယ့် အဝတ်အထည်တစ်ခုဖြစ်လာဖို့ ကုန်ကြမ်းတွေကတည်းကစလို့နောက်ဆုံး အချောထည်ထွက်လာတဲ့ အထိအဆင့်ဆင့်မှာ ဓါတုပစ္စည်းမျိုးစုံကို အသုံးပြုကြရပါတယ်။ ဒီလိုမျိုး ဓါတုပစ္စည်းတွေ အမျိုးမျိုးအသုံးပြုထားရတဲ့ အထည်တွေက ကလေးငယ်လေးတွေရဲ့ အရေပြားနဲ့သင့်တော်ပါ့မလား။ဘေဘီနဲ့ မသင့်တော်တဲ့ဓါတုပစ္စည်းတွေက ဘာတွေများဖြစ်မလဲ။ အထည်တွေမှာ ဘယ်လိုဓါတု ပစ္စည်းတွေပါဝင်နေလဲ နေ့စဉ်ဝတ်ဆင်နေတဲ့ အဝတ်အစားတွေကို ချုပ်လုပ်ထားတဲ့ အထည်တွေမှာဓါတုပစ္စည်းတွေ အများအပြားပါဝင်နေပါတယ်။ အထည်ကိုဆိုးထားတဲ့ အရောင်၊ အဆင်ဖော်ထားတဲ့ဆေးတွေ၊ အထည်ကို ပိုးကိုက်တာမျိုးမဖြစ်အောင်သုံးထားတဲ့ ပိုးသတ်ဆေးလိုမျိုး ဓါတုဆေးတွေပါဝင်နေပါတယ်။ အထည်တွေမှာ ပါဝင်နေတဲ့ဓါတုဆေးတွေက - အမိုးနီးယား […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ သေးခံလောင်တဲ့အခါ

ကလေးကဖျားတာနာတာလည်းမရှိဘဲ မအီမသာဖြစ်နေတယ်။ ဘာကြောင့်မှန်းမသိဘဲ ဂျီကျနေတယ်ဆိုရင် ကလေးမှာထိခိုက်မှုတစ်စုံတရာများရှိနေလား၊ အကောင်ကိုက်ထားတာများရှိနေတာလား။ သေးခံလောင်နေလားဆိုတာကို စစ်ဆေးကြည့်ဖို့လိုပါမယ်။ တကယ်လို့ ကလေးရဲ့ပေါင်ခြံ၊ တင်ပါးတို့မှာ နီမြန်းနေတယ်။ အရေပြားအဖတ်လန်သလိုမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ ကလေးကသေးခံလောင်နေတာပါ။ သေးခံလောင်ခြင်း သေးခံလောင်တယ်ဆိုတာက ကလေးရဲ့ အရေပြား (အထူးသဖြင့်)သေးခံဝတ်ထားတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းနေတာ၊ အရေပြားမှာ အဖုအပိမ့်လေးတွေ ဖြစ်နေတာ၊ အပေါ်ယံအရေပြားအဖတ်လန်နေတာမျိုးတွေတွေ့ရနိုင်ပါတယ်။သေးခံလောင်တာက ကလေးငယ်ငယ်လေးတွေမှာမှ မဟုတ်ဘူး။တောက်တောက်ပြေးနေတဲ့အရွယ်ထိသေးခံဝတ်တဲ့ကလေးတိုင်းမှာသေးခံလောင်တာတွေဖြစ်နိုင်ပါတယ်။ ဒါတွေကြောင့်သေးခံလောင်တာပါ သေးခံလောင်တာက ကလေးငယ်ငယ်လေးတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့အရေပြားပြဿနာတစ်ခုပါ။ မိဘတွေက ဂရုစိုက်မှုနည်းတာကြောင့်ရယ်မဟုတ်ပါဘူး။ နုနယ်လွန်းတဲ့ ကလေးငယ်ရဲ့အရေပြားမှာဖြစ်တတ်တဲ့အရေပြားပြဿနာတစ်ခုပေါ့။ ကလေးက အမြဲလိုလိုသေးစိုနေတာ၊ ဝမ်းတွေနဲ့ထိတွေ့မိတာ၊ အစားအသောက်အသစ်အဆန်းတွေစားသုံးမိတာ ကလေးရဲ့အရေပြား တုံ့ပြန်လွယ်တဲ့အခြေအနေဖြစ်နေတာ၊ ကလေးကိုသေးခံဝတ်ပေးထားတာ အရမ်းတင်းကျပ်နေတာတွေကြောင့် ကလေးလေးတွေမှာသေးခံလောင်တာတွေဖြစ်နိုင်ပါတယ်။ သေးခံလောင်တဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ သေးခံလောင်တာကဘေဘီလေးတွေတိုင်း မဖြစ်မနေကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာဆိုပေမယ့်သေးခံလောင်တာကို သက်သာအောင်လုပ်ဆောင်ပေးလို့ရတဲ့ နည်းလမ်းလေးတွေတော့ရှိပါတယ်။ သေးခံလောင်တာကိုကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းတစ်ခုကသေးခံဝတ်တဲ့နေရာကို သန့်ရှင်းခြောက်သွေ့အောင်ထားတာပါ။ ဒီလိုလုပ်တာက ကလေးရဲ့သေးခံလောင်တဲ့ပြဿနာကို ဆိုးမလာအောင်ကာကွယ်ပေးနိုင်ပါတယ်။ ကလေးကိုသေးခံစိုတာနဲ့လဲပေးပါ - ကလေးသေးခံကစိုနေပြီ ညစ်ပေနေပြီဆိုတာနဲ့ ချက်ချင်းလဲပေးလိုက်ပါ။ ဒါက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကားနဲ့ ခရီးသွားတဲ့အခါ ကလေးလေးပါရင် ဒါတွေ မမေ့နဲ့နော်

ကိုယ့်ကားနဲ့ကိုယ် မိသားစုလိုက်  ခရီးသွားကြမယ်ဆိုရင် ဘယ်အချိန်ထသွားသွားရတယ်။ ဒါပေမယ့် ကလေးငယ်ငယ်ရှိနေရင် ဘာမှမပြင်ဆင်ဘဲ သွားလို့မဖြစ်ပါဘူး။ လမ်းခရီးမှာ ကလေးအတွက် ဘာတွေလိုမလဲ၊ ဘေးကင်းဖို့၊ သက်သောင့်သက်သာဖြစ်စေဖို့ ထည့်စဉ်းစားရမှာတွေရှိပါတယ်။ မိသားစုဘေးကင်းရေးနဲ့ သာယာပျော်ရွှင်တဲ့ခရီးစဉ်ဖြစ်ဖို့အရေး ကားနဲ့ ခရီးသွားတဲ့အခါ ကလေးလေးပါရင် ဒါတွေ မမေ့ဖို့ လိုပါတယ်။ ကားနဲ့ ခရီးသွားတဲ့အခါ ကလေးလေးပါရင် ဒါတွေ ဂရုစိုက်ပါ (၁) ကလေးအတွက် car seat ပါရပါမယ် ကလေးအတွက် ဘေးကင်းရေးက ပထမဦးစားပေးဖြစ်သင့်ပါတယ်။ အထူးသဖြင့် ကိုယ့်ကားနဲ့ကိုယ် သွားမယ်ဆိုရင် ကလေးရဲ့ အသက်နဲ့ ခန္ဓာကိုယ်အရွယ်အစားအလိုက် car seat တစ်ခုဝယ်ထားဖို့အရေးကြီးပါတယ်။ နောက်တစ်ချက်က car seat ကို ကားထဲမှာ မှန်ကန်စွာ တပ်ဆင်ဖို့လည်း လိုပါတယ်။ Car seat ကို ကားနောက်ခန်းမှာ တပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီ တို့ကို အဝတ်အစားဝတ်ပေးတဲ့အခါ မမေ့သင့်တဲ့ (၆) ချက်

ကိုယ့်မှာ ဘေဘီ လေး ရှိနေပြီလား။ အမိဝမ်းက ကျွတ်ခါစ နုနယ်လွန်းတဲ့လူသေးသေးလေးအတွက် ဝေယျာဝစ္စပေါင်းသောင်းခြောက်ထောင်ထဲမှာ အသေးအဖွဲကအစ အရေးကြီးပါတယ်။ အထူးသဖြင့် သူတို့လေးတွေရဲ့ကျန်းမာရေးအတွက်ပေါ့။ အသစ်စက်စက် ဖေဖေမေမေတို့ဆိုရင် ကလေးရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်လား၊ အစာအာဟာရအတွက်လား အရာရာကို အတွေ့အကြုံရှိသူတွေဆီမေးမြန်းရ၊လေ့လာရနဲ့။ အတွေ့အကြုံသစ်တစ်ခုဖြစ်တာကြောင့် အဘိုးအဘွားတွေအကူအညီကို အားကိုးရပါတယ်။ ဒါပေမယ့် အမြဲတော့ဘယ်ဖြစ်နိုင်ပါ့မလဲ။ အမြဲအနီးကပ်ထိန်းကျောင်းမွေးမြူရမှာက ဖေဖေမေမေရဲ့တာဝန်ပဲလေ။ ကလေးလေးတစ်ယောက်၊ ကိုယ်နှစ်ယောက် တကယ်တမ်းတွေ့ကြပြီဆိုတော့ မွေးကင်းစကလေးသေးသေးလေးကို ချီတောင်မချီတတ်၊ မချီရဲတဲ့ သူတွေဆိုပြဿနာတက်ကြပါလေရော။ ကလေးကို အကိုင်အတွယ်ညင်သာဖို့ အရေးကြီးတယ်ဆိုပေမယ့် ချီတာ၊မတာ၊ နေရာရွှေ့တာ၊ဘာပဲလုပ်လုပ် မိမိရရလက်မြဲဖို့လိုပါတယ်။ ဒါမှ လွတ်မကျမှာလေ။ အရိပ်တကြည့်ကြည့်နဲ့ လုပ်ပေးနေရတဲ့ ကလေးဝေယျာဝစ္စတွေထဲမှာ မကြာခဏလုပ်ပေးဖို့လိုတဲ့ အဝတ်လဲတဲ့ကိစ္စက အရေးကြီးပါတယ်။ နို့စို့လိုက်၊ ရှူးပေါက်လိုက်၊အင်အင်းပါလိုက် ပဲလုပ်နေတဲ့ အရွယ်မဟုတ်လား။ အခု ကလေးကို အဝတ်ဝတ်ပေး၊ ချွတ်ပေးတဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေ မေမေတို့ကို ပြောပြချင်လို့ပါ။ (၁) ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာ

အသားအရေခြောက်တဲ့ ပြဿနာက မွေးကင်းစကလေးတွေရော ကလေးငယ်တော်တော်များများမှာပါ ကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အရေပြားခြောက်တာက အရွယ်သုံးပါးစလုံးရှောင်လွှဲလို့မရတဲ့ အရာတစ်ခုဆိုပေမယ့် ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာ ကတော့ ပိုဆိုးနိုင်ပါတယ်။ ပိုပြီး ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ အသားအရေခြောက်တယ် ဆိုတာ အရေပြားမှာ အသားအရေကို စိုစွတ်ချောမွေ့နေစေအောင် ထိန်းသိမ်းပေးထားတဲ့ သဘာဝအဆီဓာတ်တွေ ရှိနေပါတယ်။ ကောင်းကောင်းမဖွံ့ဖြိုးတဲ့ ကလေးငယ်ရဲ့ အရေပြားက အဆီကို လုံလောက်စွာ မထုတ်လုပ်နိုင်ပါဘူး။ ဒီလိုမျိုး ကလေးအရေပြားက အဆီမထုတ်လုပ်တော့တဲ့အခါ အရေပြားက ခြောက်သွေ့တာ၊ ဓာတ်မတည့်တာနဲ့ ယားယံခြောက်သွေ့တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာကို သေချာမကုဘူးဆိုရင် အရေပြားမှာ ကွဲအက်တာတွေ၊ ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးငယ်တော်တော်များများက မွေးကင်းစကတည်းက အရေပြားခြောက်သွေ့ပြီး အဖတ်လေးတွေ လန်နေတာမျိုး ရှိတတ်ပါတယ်။ ဒါက ပုံမှန်အနေအထားပါပဲ။ အချိန်ကြာလာတဲ့အမျှ သက်သာလာပါတယ်။ ကလေးတွေမှာဖြစ်တဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း