backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကားနဲ့ ခရီးသွားတဲ့အခါ ကလေးလေးပါရင် ဒါတွေ မမေ့နဲ့နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကားနဲ့ ခရီးသွားတဲ့အခါ ကလေးလေးပါရင် ဒါတွေ မမေ့နဲ့နော်

ကိုယ့်ကားနဲ့ကိုယ် မိသားစုလိုက်  ခရီးသွားကြမယ်ဆိုရင် ဘယ်အချိန်ထသွားသွားရတယ်။ ဒါပေမယ့် ကလေးငယ်ငယ်ရှိနေရင် ဘာမှမပြင်ဆင်ဘဲ သွားလို့မဖြစ်ပါဘူး။ လမ်းခရီးမှာ ကလေးအတွက် ဘာတွေလိုမလဲ၊ ဘေးကင်းဖို့၊ သက်သောင့်သက်သာဖြစ်စေဖို့ ထည့်စဉ်းစားရမှာတွေရှိပါတယ်။ မိသားစုဘေးကင်းရေးနဲ့ သာယာပျော်ရွှင်တဲ့ခရီးစဉ်ဖြစ်ဖို့အရေး ကားနဲ့ ခရီးသွားတဲ့အခါ ကလေးလေးပါရင် ဒါတွေ မမေ့ဖို့ လိုပါတယ်။

ကားနဲ့ ခရီးသွားတဲ့အခါ ကလေးလေးပါရင် ဒါတွေ ဂရုစိုက်ပါ

(၁) ကလေးအတွက် car seat ပါရပါမယ်

ကလေးအတွက် ဘေးကင်းရေးက ပထမဦးစားပေးဖြစ်သင့်ပါတယ်။ အထူးသဖြင့် ကိုယ့်ကားနဲ့ကိုယ် သွားမယ်ဆိုရင် ကလေးရဲ့ အသက်နဲ့ ခန္ဓာကိုယ်အရွယ်အစားအလိုက် car seat တစ်ခုဝယ်ထားဖို့အရေးကြီးပါတယ်။ နောက်တစ်ချက်က car seat ကို ကားထဲမှာ မှန်ကန်စွာ တပ်ဆင်ဖို့လည်း လိုပါတယ်။ Car seat ကို ကားနောက်ခန်းမှာ တပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ထိုင်ခုံအလယ်မှာပေါ့။ အသုံးပြုနည်းလမ်းညွှန်ကို သေချာကြည့်ပြီး တပ်ထားတာမှန်ရဲ့လား ထပ်ကာထပ်ကာစစ်ဆေးပါ။ ကြိုးနဲ့ ချိတ်တွေ ခိုင်ရဲ့လားစစ်ပါ။

(၂) ပြတင်းပေါက်မှာ နေကာတပ်ပါ

ကလေးကို ပြတင်းပေါက်ကနေ တိုက်ရိုက်နေပူနေမှာကို ဖြစ်စေချင်မှာ မဟုတ်လောက်ပါဘူး။ ဒါ့ကြောင့် ကလေးရဲ့ မျက်လုံးနဲ့ မျက်နှာကို နေမထိုးစေဖို့ ကားပြတင်းပေါက်မှာ sun shade တပ်ထားပါ။

(၃) လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ အပြည့်အစုံယူခဲ့ပါ

Diaper သေးခံတွေနဲ့ wipesတွေ များများယူခဲ့သင့်ပါတယ်။ ကိုယ်လိုမယ်ထင်တာထက် အမြဲပိုယူတာကောင်းပါလိမ့်မယ်။ ကလေးကို ကျွေးဖို့ မုန့်၊ ထမင်း၊နို့မှုန့်၊ နို့ဘူး၊ ရေဘူးစတဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ ပစ္စည်းပစ္စယတွေအကုန်သာယူခဲ့ပါ။ အဝတ်အစားလည်း အထူအပါး စုံစုံလင်လင်ယူခဲ့ပါ။ ကလေးသောက်နေကျ ဆေးတွေလည်း ယူလာခဲ့တာ မမှားပါဘူး။

(၄) ကလေးကို အပျင်းပြေစေမယ့်အရာတွေ မချန်ထားခဲ့ပါနဲ့

လမ်းခရီးတလျှောက် ကလေးကို အပျင်းပြေစေမယ့် ကစားစရာပိစိလေးတွေ ယူခဲ့ပါ။ ကားနောက်ခန်းမှာ သူမြင်သာအောင် အရုပ်သေးလေးတွေ တွဲလောင်းချိတ်ဆွဲထားတာ၊ သီချင်းဖွင့်ပေးတာ ( ကလေးကြိုက်တတ်တဲ့သီချင်း)၊ သူ့လက်ထဲ ဆော့စရာတစ်ခုခုပေးထားတာ (အန္တရာယ်မဖြစ်စေနိုင်တဲ့ အပျော့စား ကစားစရာတစ်ခုခု) အဆင်ပြေနိုင်ပါတယ်။

အရုပ်တွေကို အကုန်လုံးတော့ တစ်ခါတည်းမပေးလိုက်နဲ့နော်။ ကလေးကပျင်းနေပြီဆိုမှ တစ်ခုချင်းထုတ်ပေးပြီး အာရုံပြောင်းချော့မြှူတာကောင်းပါတယ်။

(၅) ခရီးမစခင် ကလေးကို ဗိုက်အရင်ဖြည့်ပေးပြီး အဝတ်လဲပေးထားပါ

ကားမထွက်ခင်တည်းက ကလေးရဲ့ အခြေခံလိုအပ်ချက်တွေကို ဂရုစိုက်ပေးထားသင့်ပါတယ်။ ကလေးက နွေးနွေးထွေးထွေးရှိနေမယ်၊ ဗိုက်ပြည့်နေမယ်၊ သက်သောင့်သက်သာရှိနေမယ်ဆိုရင် လမ်းမှာ ခရီးဒဏ်ကို ပိုခံနိုင်ပါတယ်။ ဂျီလည်း မကျတော့ဘူးပေါ့။

(၆) လမ်းမှာ မကြာမကြာခဏရပ်ပေးပါ

ခရီးလမ်းမှာ တဖြတ်လောက် နားနားပြီးမှ သွားတာက ကလေးအတွက် စိတ်အပန်းပြေစေပါတယ်။ အိပ်နေတဲ့အချိန်ကလွဲလို့ ကားခဏရပ်ပြီး ကလေးကို ကားအပြင် ရှုခင်းခဏပြတာ၊ ကျွေးစရာရှိ ကျွေးတာ၊ ရေတိုက်တာတွေ လုပ်လို့ရပါတယ်။

အရေးကြီးတဲ့တစ်ချက်ကတော့ ဘာအကြောင်းနဲ့မှ၊ ဘယ်တော့မှ ကားထဲမှာ ကလေးကို တစ်ယောက်တည်းမထားခဲ့ပါနဲ့။ ကလေးက အိပ်ပျော်နေတယ်ဆိုရင်တောင် လူကြီးတွေက မုန့်ခဏဆင်းစားတာမျိုးလည်း မလုပ်ပါနဲ့။

ဒီလောက်ဆိုရင် ကလေးလေးနဲ့ အတူတူ ကားနဲ့ ခရီးသွားဖို့ အဆင်သင့်ဖြစ်လောက်ပါပြီ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement