- ပိုးမွှားတွေအန္တရာယ်ကနေ ကာကွယ်ဖို့
- ဘက်တီးရီးယားတွေကို ကာကွယ်ဖို့
- ရေစိုခံနိုင်စေဖို့
- ပိုးကိုက်ခံရတဲ့ ဒဏ်ကနေ ကာကွယ်နိုင်စေဖို့
- ချည်ရုန်းတာမျိုးမဖြစ်စေဖို့
- စွန်းထင်းမှု ကင်းစေဖို့
- တွန့်ကြေတာမျိုး မဖြစ်စေဖို့
- အနံ့ကင်းစေဖို့ အသုံးပြုကြတာဖြစ်ပါတယ်။
ပြည်ပကနေ တင်ပို့တဲ့အဝတ်အစားတွေမှာဆိုရင် သက်ဆိုင်ရာနိုင်ငံကိုရောက်ရှိတဲ့အခါ သစ်လွင်တောက်ပနေစေဖို့အတွက် အဝတ်အစားတွေကိုformaldehydeဖြန်းပေးလိုက်တတ်ကြပါတယ်။ ဒီလိုမျိုးဓါတုပစ္စည်းတွေက လူကြီးတွေရဲ့ အသားအရေမှာ သိပ်ပြီးထိခိုက်ပြောင်းလဲတာမျိုးမရှိပေမယ့် ကလေးငယ်တွေရဲ့ အသားအရေကိုတော့ ထိခိုက်နိုင်ပါတယ်။
ကလေးငယ်လေးတွေရဲ့ ခန္ဓါကိုယ်အရေပြားပေါ်က တစ်ရှုးတွေကဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် ဓါတုပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် အလွယ်တကူ ထိခိုက်တုံ့ပြန်နိုင်ပါတယ်။ ကလေးငယ်လေးတွကို ဒီလိုပြဿနာတွေကနေ ကင်းဝေးစေချင်တယ်ဆိုရင်တော့ ကလေးငယ်ကို သဘာဝ ပစ္စည်းတွေကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ အဝတ်အထည်တွေကိုရွေးချယ်ပေးဖို့ပါ။
ကလေးတွေရဲ့ အဝတ်အထည်တွေမှာ အများဆုံးပါတဲ့ ဓါတုပစ္စည်းတွေက အလွယ်တကူအရောင်ပြန့် စွန်းထင်းတာမျိုး မဖြစ်အောင်အသုံးပြုထားတဲ့ဆေးတွေ၊ရေစိုခံစေဖို့နဲ့ အလွယ်တကူ မီးမလောင်စေဖို့ အသုံးပြုထားတဲ့ ဓါတုဆေးတွေပါ။ ဒီဓါတုဆေးတွေက ကလေးငယ်တွေရဲ့ နုနယ်တဲ့အရေပြားကို ယားယံတာနဲ့ မအီမသာဖြစ်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒီအဝတ်တွေမှာပါတဲ့ ဓါတုပစ္စည်းတွေကို ရှုရှိုက်မိမယ်ဆိုရင်ဘေဘီလေးတွေမှာ အသားအရေတင်မကဘဲ အခြားကျန်းမာရေးထိခိုက်မှုတွေပါရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးအတွက် အဝတ်အစားဝယ်မယ်၊ အသုံးပြုရမယ့် ပိတ်စရွေးချယ်မယ်ဆိုရင်ဖော်ပြထားတဲ့ဓါတုပစ္စည်းတွေမပါတာကို အတတ်နိုင်ဆုံးရွေးချယ်ဝယ်ယူတာကဘေးအကင်းဆုံးဖြစ်နိုင်ပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။