ဘေဘီလေးအသားအရေနဲ့ သင့်တော်မယ့် ပိတ်စတွေက ဘာတွေများဖြစ်မလဲ
ကလေးအတွက် သင့်တော်မယ့် အဝတ်အထည်တွေနဲ့ ပိတ်စလေးတွေကိုသေသေချာချာရွေးကြည့်ရအောင်နော်။
ချည်သား
ချည်သားကတော့ ဘေဘီလေးတွေနဲ့ အသင့်တော်ဆုံးဖြစ်မှာပါ။ ချည်သားက နူးညံ့ပြီးအေးမြနေသလို ချွေးစုပ်ယူမှုအားလည်းကောင်းတာကြောင့် ထိခိုက်လွယ်တဲ့ဘေဘီလေးတွေ အသားအရေနဲ့ ကွက်တိပါ။ အသားအရေကို ထိခိုက်ပွန်းပဲ့မှုကင်းစေပြီး အပူအအေးမျှတနေစေမှာပါ။ ဒါပေမယ့် ဘေဘီလေးကို ချည်သားဝတ်ဆင်ပေးမယ်ဆိုရင် အရင်ဆုံးလျှော်ဖွတ်ပြီးမှ ဝတ်ဆင်ပေးဖို့ မမေ့ပါနဲ့။
ချည်သားနဲ့ Polyesterရောစပ်ထားတဲ့ အထည်
ဒီပိတ်စအမျိုးအစားကခြောက်သွေ့မြန်သလို၊ တွန့်ကြေခဲပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက ကလေးတွေ အဝတ်အထည်အတွက် အသုံးများတဲ့ ချည်သားစစ်စစ်လောက်လည်း စရိတ်စကမကြီးပါဘူး။ အလုပ်များတဲ့ မေမေဖေဖေတို့အတွက် ရွေးချယ်သင့်တဲ့ ပိတ်စတစ်မျိုးပါ။ ဘေဘီလေးရဲ့ အရေပြားကို ထိခိုက်မှုမရှိစေတဲ့အပြင် နေရထိုင်ရတာလည်း သက်သောင့်သက်သာဖြစ်စေမှာပါ။
ချည်သားနဲ့ Spandexရောစပ်ထားတဲ့ အထည်
ကျုံ့နိုင်ဆန့်နိုင်တာကြောင့် ကလေးကလူးလွန့်လှုပ်ရှားတဲ့အခါ အဆင်ပြေပြေဖြစ်စေမှာပါ။ အသားကလည်း မကြမ်းတာကြောင့် အရေပြားထိခိုက်မှုရှိမှာကို မစိုးရိမ်ရပါဘူး။ ကလေးကိုနွေးထွေးမှုရရှိစေမှာဖြစ်တာကြောင့် ဘေဘီလေးတွေအတွက် သင့်တော်တဲ့ ပိတ်စတွေထဲက တစ်မျိုးလို့ဆိုပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။