အဝတ်အစားဆင်ပေးရတဲ့ကစားစရာအရုပ်တွေ
ဒါကတော့ သမီးမိန်းကလေးတွေအတွက်ပိုအဆင်ပြေပါတယ်။ အရုပ်မလေးတွေကို အဝတ်အစားအမျိုးမျိုးလဲပေး၊ ဆင်ပေးပြီး အရုပ်လေးတွေနဲ့ဇာတ်လမ်းလုပ်ကစားနေတာမျိုးက ကလေးရဲ့တီထွင်ဖန်တီးမှုဉာဏ်ကို အစပျိုးပေးနိုင်ပါတယ်။
အရုပ်ဆက်ကစားစရာတွေ
အိမ်ဆောက်တဲ့ ပလတ်စတစ်အရုပ်ဆက်ပစ္စည်းတွေ၊ စက်ရုပ်တည်ဆောက်တာ၊ တိရစ္ဆာန်အကောင်လေးတွေ၊လူရုပ်လေးတွေနဲ့အတူ ပန်းခြံ သို့မဟုတ် အဆောက်အအုံတည်ဆောက်တာမျိုး ကိုယ်ဉာဏ်ရှိသလို ဆက်လို့ရတဲ့ ကစားစရာတွေက တကယ်ကိုကောင်းပါတယ်။ သူငယ်ချင်းအဖော်ရှိရှိ မရှိရှိ ကလေးက စိတ်ဝင်တစားဆော့နေရင်း ဉာဏ်ရည်သွေးသလို ဖြစ်စေမှာသေချာပါတယ်။
ဆေးရောင်ခြယ်စာအုပ်
ပုံဆွဲစာအုပ်နဲ့အဆင်ပြေပေမယ့် အချွန်နဲ့ထိုးမိတာဘာညာ စိတ်ပူရတာကြောင့် ရောင်စုံခြယ်ဖယောင်းခဲတံတွေနဲ့ပေးသာခြယ်ထားပါ။ ပေးထားတဲ့ပုံနဲ့ ညီအောင်ခြယ်ရတာနဲ့ အရောင်လှအောင်လုပ်ရင်း စိတ်ပျော်ရွှင်နိုင်သလိုဆေးရောင်ခြယ်ရင်း ဘာပုံလေးတွေလဲဆိုတာ အခေါ်အဝေါ်လေးတွေနဲ့ အရေအတွက်တွေ သင်သွားလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။