နို့စို့ကလေး ဝမ်းချုပ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

မိမိချစ်ရတဲ့ဘေဘီလေးဝမ်းမကောင်းလို့ခေါင်းခဲနေရတဲ့မေမေတွေများရှိလား။ ကလေးလေးတွေတစ်ခုခုဆိုတိုင်း အရင်ဆုံးစိတ်ပူစိတ်ညစ်တတ်တာကမေမေတွေပါနော်။ အချို့ကိစ္စတွေကဖြစ်လေ့ဖြစ်ထရှိတမို့ စိတ်ပူစရာမလိုပေမယ့်ဖြစ်လေ့ဖြစ်ထမရှိတာတွေအတွက်ကတော့ စိတ်ပူဖို့လိုမှာပါ။ ကလေးလေးတွေကမွေးကာစအရွယ်မှာ ခဏခဏဝမ်းသွားနိုင်ပါတယ်။ ကလေးကို ဝမ်းချုပ်တယ်လို့ပြောဖို့ဆိုရင် အရင်ဆုံးသိထားရမှာက ကလေးဟာတစ်နေ့ကို ဘယ်နှကိမ်လောက်ဝမ်းသွားတတ်လဲဆိုတဲ့အချက်ပါ။ ဒီအချက်ကလည် း ကလေးတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ သူတို့လေးတွေရဲ့ စားသောက်နေထိုင်မှု ကွာခြားချက်အရ ဝမ်းသွားတကလည်း ကွာခြားနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးဆို ဝမ်းချုပ်တယ်၊လို့ပြောလို့ရလဲ

  • ကလေးက တစ်နေ့တစ်ကိမ် ဝမ်းသွားနေကျကနေ နှစ်ရက်တစ်ခါလောက်မှ ဝမ်းသွားတာ
  • သုံးရက်တစ်ကြိမ်လောက်မဝမ်းသွားတော့တာ
  • တစ်ပတ်တစ်ကြိမ်လောက်ပဲ ဝမ်းသွားတာ
  • အရင်ကထက် ဝမ်းသွားတဲ့ပမာဏနည်းသွားတာ
  • ဝမ်းသွားတဲ့အခါ ကလေးက ငိုတာ၊ ဂျီကျတာ
  • ကလေးက ဝမ်းသွားတဲ့အခါတိုင်း ဝမ်းတွေက မာပြီးခြောက်နေတာမျိုးဆိုရင် ကလေးက ဝမ်းချုပ်နေတာပါ။

ဒီအချက်တွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်

ဘေဘီလေးတွေကို ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော်တော်လေးများပါတယ်။

  • ကလေးကရေဓါတ်လုံလောက်အောင်မရရှိတာ
  • နို့မှုန့်သောက်နေတာ
  • မိခင်ရဲ့ စားသောက်တဲ့အစားအသောက်ကြောင့်ဖြစ်တာ
  • ဖြည့်စွက်စာစစားတဲ့အခါမျိုးတွေမှာဘေဘီလေးတွေအနေနဲ့ ဝမ်းချုပ်နိုင်ပါတယ်။

ဘေဘီလေးဝမ်းချုပ်တာ သက်သာစေဖို့

  • ကလေးက ၅ လ ဒါမှမဟုတ် ၆ လသားအရွယ်ဆိုရင်တော့ ကလေးကရေဓါတ်မလုံလောက်တာကြောင့် ဝမ်းချုပ်တာဖြစ်နိုင်တဲ့အတွက် ကလေးကိုရေလုံလောက်အောင် ဂရုစိုက်တိုက်ပေးပါ။ နို့ိုတိုက်နေတယ်ဆိုပေမယ့်လည်းရေနည်းနည်းစီတိုက်ပေးပါ။
  • ကလေးကမိခင်နို့စို့နေတယ်ဆိုရင်တေ့မေမေတို့က အမျှင်ဓါတ်ပါတဲ့ အသီးအနှံတွေ များများစားပေးပါ။
  • ကလေးရဲ့ စအိုတဝိုက်မှာpetroleum jelly အနည်းငယ်လူးပေးပြီး ပက်လက်အနေအထားနဲ့ ကလေးရဲ့ခြေထောက်လေးနှစ်ဖက်ကို စက်ဘီးစီးသလို ပုံစံလေ့ကျင့်ခန်းလုပ်ပေးပါ။
  • ကလေးရဲ့နို့ဗူးထဲကို စားလို့ရတဲ့ သံလွင်ဆီ ၂ စက် ကနေ ၄ စက်လောက်အထိထည့်ပြီး တိုက်ပေးပါ။
  • နို့မှုန့်တိုက်နေတာဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး နို့မှုန့်တံဆိပ်နောကတစ်မျိုးပြောင်းတိုက်ကြည့်ပါ။
  • ကလေးကိုပေါင်ပေါ်မှာမှောက်ရက်အနေအထား ထားပေးပြီးကျောရိုးတလျှောက်နဲ့ခါးအောက်ပိုင်းကိုနှိပ်နယ်ပေးပါ။
  • ကလေးကိုရေဓါတ်ပြည့်ဝနေအောင် နို့တိုက်တာ၊ရေတိုက်တာနဲ့ ကလေးက ၅ လကျော် ၆ လလောက်ရောက်လာပြီဆိုရင် သစ်သီးဖျော်ရည်နည်းနည်းလောက်တိုက်ပေးလို့ရပါတယ်။ မတိုက်ခင်မှာ ဆရာဝန်နဲ့သေချာတိုင်ပင်ဖို့တော့လိုပါမယ်။
ကလေးကိုအခုပြောခဲ့တဲ့ နည်းလမ်းတွေထဲက နှစ်ချက်လောက်လုပ်ပေးပေမယ့် ကလေးက ဝမ်းချုပ်နေတုန်းပဲဆိုရင်တော့ ကလေးဆရာဝန်နဲ့ပြသကြည့်ပြီး လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ ကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ

နေရာတကာ အသုံးတည့်လှတဲ့ သခွားသီးမှာလည်း ဘေးထွက်ဆိုးကျိုးလေးတွေ ရှိနေတာမို့ သိထားရင်ဖြင့် အကျိုးရှိစေနိုင်တာကြောင့် ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ……………….

လူတစ်ယောက်စီမှာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စ အမျိုးမျိုးရှိစမြဲပါ။ ဒီလိုပါပဲ မေမေတွေမှာလည်း ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ရှိပါတယ်။ ဒါကတော့............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read
ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 3 mins read