တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 22, 2020 . 2 mins read
Share now

တုပ်ကွေး ကွေးတာ ၊အအေးမိတာ တွေက အဖြစ်များကြတဲ့ ပြဿနာတွေ ဆိုပေမယ့် ဖြစ်လာပြီဆို အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ် ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေက တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ ရှိတတ်ပါတယ်။

ကလေးလေးတွေ တုပ်ကွေးဖြစ်တဲ့အခါ အရင်ဆုံး ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။ အိမ်မှာ ပြုစုရတဲ့ ကျန်တစ်ပိုင်းကတော့ မိဘတွေရဲ့ တာဝန်ပါ။ ဆရာဝန်က ညွှန်ကြားချက်နဲ့ ဆေးညွှန်းပေးလိုက်ရုံ ဆိုပေမယ့် ကလေး မြန်မြန် သက်သာမလား၊ တာရှည်မလား ဆိုတာ အိမ်မှာ ဖေဖေမေမေတို့ရဲ့ အသေးစိတ်ပြုစုမှုက အရေးပါပါတယ်။  ဒါဆို ဒီအချက်လေးတွေ သိထားဖို့သင့်ပါတယ်။

ဆေးဝါးအကူအညီ လိုအပ်လာနိုင်ပါတယ်

တုပ်ကွေး နဲ့ အအေးမိခြင်း အတွက် သီးသန့်ကုသဆေး မရှိပေမယ့် အဖျားကျစေပြီး ကိုက်ခဲမှု သက်သာစေနိုင်တဲ့ ဆေးဝါးတွေကို အသုံးပြုကြပါတယ်။ ကိုယ်ပူမယ်၊ ခေါင်းကိုက်မယ်၊ ကြွက်သားနာကျင်ကိုက်ခဲမယ်၊ လည်ချောင်းနာမယ် ဆိုတဲ့ဝေဒနာတွေအတွက် ကလေးတွေကို အဖျားကျဆေးရည် လိုမျိုးဆေးတွေ ဆရာဝန်က ညွှန်းပေးနိုင်ပါတယ်။

ကလေးကို ပူအိုက်မနေအောင်၊ သက်သောင့်သက်သာထားပါ

ကလေးကို ဖျားနေလို့ ဆိုပြီး အနွေးထည်၊ စောင်တွေ အထပ်ထပ်နဲ့ မထားသင့်ပါဘူး။ လှောင်အိုက်နေရင် မကောင်းပါဘူး။ လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အထည်တွေပဲ ဝတ်ပေးတာမျိုး၊ ကလေးကို သက်သောင့်သက်သာ အနေအထားမှာပဲ ထားဖို့ သတိရပါ။

ရေဝတ် တင်ပေးပါ

ကလေးရဲ့ မှာ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်နဲ့ လည်ပင်းတစ်ဖက် တစ်ချက်မှာ ရေစိုဝတ်လေး တင်ပေး၊ လဲပေးတာက ကိုယ်ပူကျစေပါတယ်။ အဝတ်မှာ သိပ်ရွှဲမနေစေဖို့ ရေနည်းနည်း ညှစ်ပြီးမှ တင်သင့်ပါတယ်။

ရေချိုးချပါ

တချို့မိဘတွေက ကလေးတွေ အဖျားတက်ရင် ခေါင်းကနေ ရေလောင်းချတတ်ပါတယ်။ အဖျားကျမြန်တယ် ဆိုပေမယ့်လည်း သတိထားရမယ့် အချက်တွေ ရှိပါတယ်။ ရေက ကြက်သီးနွေးရေ ဖြစ်ဖို့ လိုပါတယ်။ သိပ်အေးနေတဲ့ ရေ မဖြစ်ပါစေနဲ့။ ရေချိုးတာ မကြာပါစေနဲ့။ ကိုယ်ပူကျအောင်ဆိုပြီး ကလေးကို ရေအေးအေးတွေနဲ့ မချိုးပေးလိုက်ပါနဲ့။ ရေချိုးချပြီးရင် မြန်မြန်ခြောက်အောင် သုတ်ပေးပါ။ လေတိုက်မခံပါနဲ့။

နှိပ်နယ်ပေးပါ

ကလေးရဲ့ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ဦးခေါင်းနဲ့ ကျောဘက်မှာ အသာအယာ ပွတ်ပေးရုံနဲ့ သက်သာစေနိုင်ပါတယ်တဲ့။ ညင်သာစွာ ပွတ်သပ် နှိပ်နယ်ပေးတာက ဝေဒနာ သက်သာစေနိုင်ပြီး နွေးထွေးစွာ နှစ်သိမ့်ရာလည်း ရောက်ပါတယ်။

အစိုဓာတ် ထိန်းပါ

လေထုတွင်း အစိုဓာတ်ထိန်း humidifiers တွေ သုံးတာ၊ နှာခေါင်းဖျန်းဆေး nasal sprayတွေ သုံးတာလည်း ကောင်းပါတယ်။ ကလေးက နှာခေါင်းပိတ်နေတဲ့အခါ ဒီနည်းတွေက ကလေးရဲ့ နှာခေါင်းလမ်းကြောင်း အတွင်း အစိုဓာတ်ကို ထိန်းပေးထားမှာ ဖြစ်လို့ အတော်အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

ပူပူနွေးနွေး သောက်စရာတွေ ဖန်တီးပေးပါ

အရမ်းငယ်သေးတဲ့ အရွယ်က လွဲလို့ ကလေးတွေကို ရေနွေးကြမ်း၊ စွပ်ပြုတ်ရည်၊ ဖြည့်စွက်အာဟာရမှုန့် စတဲ့ အာဟာရ ဖြစ်မယ့်သောက်စရာတွေ တိုက်ပေးရင် လည်ချောင်းနာ နဲ့ ချွဲကျပ် သက်သာစေနိုင်ပါတယ်။

အရည်များများ ဝင်အောင် တိုက်ပါ

တုပ်ကွေး ဖြစ်ပြီ ဆိုရင် အဖြစ်များတာက ရေဓာတ်ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ရေ သို့မဟုတ် အရည်များများ ဝင်အောင် ချော့ပြီး တိုက်ပါ။ နို့တိုက်အရွယ်ဆိုရင် နို့ရည် ၊ ကျန်တဲ့အရွယ်ကလေးတွေကို ရေနဲ့ အသီးဖျော်ရည် (အချိုရည်ဘူး မဟုတ်) တိုက်လို့ရပါတယ်။

ကလေးကို နားနားနေနေ နေခိုင်းပါ

ကလေးကို သိပ်မဆော့စေဘဲ သက်တောင့်သက်သာ နားနေအောင် ချော့မော့ထားပါ။ ပုံဆွဲစာအုပ်၊ ဆေးရောင်ခြယ်စာအုပ် သို့မဟုတ် အရုပ်၊ ကစားစရာ၊ ပဟေဠိဆက် ကစားစရာမျိုးတွေ နဲ့ငြိမ်အောင် ထိန်းထားတာ ကောင်းပါတယ်။ ပြေးလွှားကစားနေရင် ပိုအားကုန်၊ ပိုနေမကောင်းရင် ခံစားရတဲ့ဝေဒနာ ပိုဆိုးစေနိုင်လို့ပါ။

ဖေဖေမေမေတို့ မမေ့သင့်တဲ့ တစ်ချက်က တုပ်ကွေး လက္ခဏာတွေကို ချက်ချင်း လုံးဝပျောက်ကင်းအောင် လုပ်ဖို့မဟုတ်ဘူး ဆိုတာပါပဲ။ တုပ်ကွေးဖြစ်နေတဲ့ ကာလမှာ နေရသက်သာစေဖို့ ပြုစုဂရုစိုက်ပေးတာပဲ အကောင်းဆုံးဖြစ်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှု အပြင် မိဘရဲ့ပြုစုဂရုစိုက်မှု ကလည်း ကလေးတွေအတွက် အဓိက ကျလို့ပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။

ရေးသားသူ Ye Zon Aung

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဓာတ်မတည့်စာ ဓာတ်မတည့်လက္ခဏာ မိဘမျိုးရိုး ကိုယ်ခံအားစနစ် အရေပြား အစားအစာ ကလေး ကြက်ဥ အစေ့အဆန် ပဲအမျိုးမျိုး ပင်လယ်စာ နွားနို့ အသက်ရှူကျပ် အင်ပျဉ် အရေးပေါ်ကုသ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ကြက်စွပ်ပြုတ် အာဟာရ မိုးတွင်း ကျန်းမာရေး ကိုယ်ခံအား ဗီတာမင် အစာကြေ အရိုးအဆစ် ရောဂါပိုး ကိုဗစ် ကပ်ဘေး ချက်ပြုတ်ပြင်ဆင် အရေပြား အအေးမိတုပ်ကွေး ဖျားနာ စျေးဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

နှစ်ရက်တိတိ ရေမချိုးတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ

ရေချိုး ခန္ဓာကိုယ် အရေပြား အသားအရေ အလှအပ ကိုယ်ခံအား ဘက်တီးရီးယား ရောဂါပိုး ချွေး ချွေးနံ့ ဖျားနာ မှိုစွဲ အညစ်အကြေး အနံ့ ဝက်ခြံ ညှင်း မွဲခြောက် ချောမွေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

သွေးနီဥဆဲလ်များကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

သွေးနီဥဆဲလ်များ ကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
ဖျားနေရင် အမြန်ဆုံး သက်သာစေဖို့

ဖျားနေရင် အမြန်ဆုံး သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read