backup og meta

ကလေးကို ဗီတာမင် D မချို့တဲ့စေဖို့


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ဗီတာမင် D မချို့တဲ့စေဖို့

    ဗီတာမင် D က အရိုးနဲ့ကြွက်သားကျန်းမာရေးအတွက် အရေးကြီးတဲ့အပြင် ကယ်လ်စီယမ်နဲ့ဖော့စဖိတ်ဓါတ်တွေကို အစားအစာကနေ စုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ ဗီတာမင် D ပါဝင်တဲ့ အစားအစာက နည်းနည်းလေးပဲရှိတာကြောင့် သူ့ကို အစားအသောက်ကနေ အလုံအလောက်ရရှိနိုင်ဖို့ မလွယ်ပါဘူး။ ဗီတာမင် D ဖြည့်စွက်ထားတဲ့ နို့မှုန့်တွေမှာပဲပါရှိတတ်ပြီး အများအားဖြင့်တော့နေရောင်ခြည်ကနေ ရရှိနိုင်ပါတယ်။

    အရိုးနဲ့ကြွက်သားပြဿနာတွေဖြစ်နေပြီဆိုရင် ဗီတာမင် D ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်သလို အူကင်ဆာ၊ နှလုံးရောဂါသွေးတိုး၊ ကိုယ်ခံအားပြဿနာနဲ့ ဆီးချိုသွေးချိုရောဂါ စတာတွေနဲ့လည်း ဆက်နွှယ်နေနိုင်ပါတယ်။

    ဗီတာမင် D ချို့တဲ့တဲ့ လက္ခဏာေတွက ဘာလဲ

    ဗီတာမင် D ဓါတ်နည်းတဲ့သူတွေမှာ လက္ခဏာသိပ်မပြတတ်ပါဘူး။ ဒါပေမယ့် ကလေးတွေမှာဆိုရင်တော့ အရိုးနဲ့ကြွက်သားနာကျင်မှုတွေခံစားရတတ်ပါတယ်။ ဗီတာမင် D အရမ်းနည်းလွန်းရင် အရိုးတွေကိုပျော့ပျောင်းစေပြီး ကလေးတွေမှာ ခြေခွင်တာတွေဖြစ်စေနိုင်ပါတယ်။ ဗီတာမင် D နည်းရာကနေ ကယ်လ်စီယမ်ပါနည်းလာပြီး ကလေးတွေမှာ ကြွက်တက်တာ၊ တက်တာတွေဖြစ်လာစေနိုင်ပါတယ်။

  • ဗီတာမင် D ချို့တဲ့တဲ့ ကလေးတွေဟာ အသက်ရှူရခက်တဲ့ပြဿနာလည်းရှိတတ်ပါတယ်။
  • အရိုးတွေကပျော့နေတာကြောင့်ခြေထောက်ခွင်တာလိုမျိုး အရိုးတွေကွေးတာတွေဖြစ်နိုင်ပါတယ်။ ခြေထောက်နဲ့ကြွက်သားအားနည်းမှုကြောင့် မကြာခဏနာကျင်ကိုက်ခဲမှုခံစားရပါတယ်။
  • ဗီတာမင် D ချို့တဲ့ တဲ့ကလေးတွေမှာ ဖွံ့ဖြိုးကြီးထွားမှုလည်း အားနည်းပါတယ်။ ကိုယ်အလေးချိန်လည်း ရှိသင့်သလောက်မရှိဘဲ ကြီးထွားမှုနှေးပါတယ်။
  • သွားပေါက်တာလည်းနောက်ကျတတ်တယ်။
  • အသက်ရှူလမ်းကြောင်းပိုးဝင်တာလိုမျိုးရောဂါကူးစက်ခံရတာဖြစ်လွယ်တယ်
  • သွေးထဲမှာ ကယ်လ်စီယမ်ပါချို့တဲ့လာရင် အရိုးပျော့ခြင်းက ပိုဆိုးလာနိုင်ပြီးဆေးရုံတင်ကုသရတဲ့အထိဖြစ်စေနိုင်ပါတယ်။
  • ကာကွယ်ပေးမယ်

    ဗီတာမင် D ချို့တဲ့ခြင်းကို ကာကွယ်နိုင်ဖို့က

    • ဒီဓါတ်ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ရှီတာကီမှို စတာတွေကိုကျွေးပေးသင့်တယ်။
    • ဗီတာမင် Dဖြည့်စွက်ထားတဲ့ အစာအာဟာရတွေ တိုက်မယ်၊ကျွေးမယ်။ ဥပမာ ဗီတာမင် D ထပ်ပေါင်းထားတဲ့ နို့၊ ဒိန်ချဉ်၊ကွေကာ စတာတွေ။
    • ဗီတာမင် D ပါတဲ့ ကလေးအားဆေးတွေ ဆရာဝန်နဲ့တိုင်ပင်ပြီး တိုက်လို့ရပါတယ်။
    • ကလေးကို သိပ်မပြင်းတဲ့ နေရောင်ခြည်အောက်မှာ ကစားခိုင်းပါ။ အိမ်တွင်းပဲမအောင်းခိုင်းပါနဲ့။
    • ဗီတာမင်ဓါတ်ေတွ အစုံပါဝင်တဲ့ အစာအာဟာရတွေပြင်ဆင်ပါ။ ဒါမှ ခန္ဓါကိုယ်မှာမလုံလောက်တဲ့အခါ အဲဒီအာဟာရကနေဖြည့်ကူပေးနိုင်မှာပါ။
    • ဗီတာမင် D ကို အစားအသောက်ကနေရရှိနိုင်တဲ့ အရင်းအမြစ်က နည်းလွန်းပေမယ့် အဆီများတဲ့ငါးက အကောင်းဆုံးအရင်းအမြစ်ပါ။ ကြက်ဥနဲ့အသားတွေကနေလည်း အနည်းအကျဉ်းတော့ရရှိနိုင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement