သားသမီးတွေ ပိုင်ဆိုင်လာတာနဲ့ ကိုယ်တွေမှာမိသားစုရှိလာပြီလို့တွေးကြပါတယ်။ ဒါပေမယ့် မိသားစုဆိုတဲ့စကားလုံးက ဒီထက်ပိုပြီးကျယ်ပြန့်ပါတယ်နော်။ ကိုယ်တွေဟာလည်း ကိုယ့်မိဘတွေရဲ့မိသားစုဝင်တွေဖြစ်နေတာမို့ နှစ်ဖက်ဖိုးဖိုးဖွားဖွားတွေနဲ့ အတူစုပေါင်းလိုက်မှ မိသားစုအဓိပ္ပါယ်ပြည့်စုံနိုင်မှာပါ။ အဖိုးအဖွားတွေကလည်း မြေးတွေနဲ့ အတူပျော်ပျော်ရွှင်ရွှင်တွေ့ဆုံချင်မှာလည်းသေချာပါတယ်။