backup og meta

ကလေးရဲ့ ကိုယ်ခံအားပေါ်မှာ အာဟာရဓါတ်တွေက ဒီလိုသက်ရောက်နေပါတယ်

ကလေးရဲ့ ကိုယ်ခံအားပေါ်မှာ အာဟာရဓါတ်တွေက ဒီလိုသက်ရောက်နေပါတယ်

ကလေးရဲ့ ကိုယ်ခံအားပေါ်မှာ အာဟာရဓါတ်တွေက ဒီလိုသက်ရောက်နေပါတယ် ….. လူတိုင်းဟာမွေးကတည်းက ကိုယ်ခံအားစနစ်နဲ့အတူမွေးဖွားလာကြတာပါ။ ကိုယ်ခံအားစနစ်တစ်ခုကိုတော့ ဆဲလ်တွေပရိုတင်းတွေ၊တစ်ရှုးတွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားပါတယ်။ ဒီစနစ်ကဖျားနာမှုတွေကိုရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ခန္ဓါကိုယ်တွင်းကို ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးမွှားနဲ့ပြင်ပကအရာတစ်ခုခုဝင်ရောက်လာတဲ့အခါ ကိုယ်ခံအားစနစ်က တိုက်ထုတ်ပေးပါတယ်။ ကလေးတွေကမွေးကာစမှာ ကိုယ်ခံအားက အပြည့်အဝတော့ မဖွံ့ဖြိုးသေးပါဘူး။

ကံကောင်းတာ တစ်ခုက လူတွေမှာတော့ သန္ဓေသားက မိခင်နဲ့ ဆက်ထားတဲ့ အချင်းကနေတဆင့် ပဋိဇီဝပစ္စည်းတွေကို လက်ခံရယူပြီးရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးထားတာပါ။ နောက်ပိုင်းကာလမှာတော့ အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်ခံအားစနစ်က ဦးနှောက် နဲ့ ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေ နည်းတူ ဖြည်းဖြည်းချင်း ကြီးထွားဖွံ့ဖြိုးလာပါတယ်။

ကိုယ်ခံအားစနစ်ကောင်းကောင်းဖွံ့ဖြိုးဖို့ ဒီအချက်တွေလိုအပ်ပါတယ်

ကိုယ်ခံအားစနစ် တစ်ရပ် ကောင်းမွန်ပြည့်စုံစွာ ဖွံ့ဖြိုးဖို့ဆိုရင် ဒီအချက်တွေ လိုအပ်မှာပါ။

ကလေးရဲ့ ကိုယ်ခံအားပေါ်မှာ အာဟာရဓါတ်တွေကဒီလိုသက်ရောက်နေပါတယ်

ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ် တစ်ရပ် ဖြစ်ဖို့အတွက် အရေးအပါဆုံးတွေထဲက တစ်ခု က ကျန်းမာပြည့်ဝတဲ့ အစာအာဟာရပါ။ ကလေးရဲ့ ကိုယ်ခံအားပေါ်မှာ အာဟာရဓါတ်တွေက ဒီလိုသက်ရောက်နေပါတယ် ……… ကလေးငယ်ကို မိခင်နို့ တိုက်ကျွေးနေချိန်မှာတော့ မိခင် စားသုံးလိုက်တဲ့ အာဟာရတွေက နို့ရည်ကနေတဆင့် ကလေးဆီ ရောက်ရှိသွားနိုင်ပါတယ်။ ကလေးက နို့သောက်တဲ့ အရွယ်ကနေ ကျော်လွန်ပြီး အစားစစားနိုင်ပြီဆိုရင်တော့ အာဟာရ ပြည့်ဝမျှတအောင် စားမိစေဖို့ မိဘတွေကသေချာပြင်ဆင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကလေးက အစား စစားနိုင်ပြီဆိုရင် ကိုယ်ခံအားကို အထောက်အပံ့ ဖြစ်စေမယ့် အာဟာရ ပြည့်ဝမျှတတဲ့ အစားအသောက်တွေကို သေချာရွေးချယ် ကျွေးမွေးဖို့ လိုအပ်မှာပါ။ ဒါကြောင့် ကလေးကို ပဲအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ နို့ထွက်ပစ္စည်းတွေနဲ့ အခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပြည့်ဝစွာ ပါဝင်နေတဲ့ အစားအသောက်တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ အသီးအရွက်တွေ သေချာကျွေးမွေးပေးဖို့ လိုအပ်မှာပါ။ အသား၊ ငါး မျှတအောင် ထည့်သွင်းပြင်ဆင်ပေးဖို့ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

ကလေးကို ပြင်ဆင်ပေးတဲ့အခါ အချိုကဲတာ၊ အငန်ကဲတာမျိုး မဖြစ်စေဖို့သေချာဂရုစိုက်ဖို့လိုပါမယ်။ အသင့်စားအစားအစာတွေ၊ အလွယ်စားအစားအစာတွေ၊ပြုပြင်ထားတဲ့အသားတွေ၊ အချိုရည်တွေ၊ သကြားလုံး၊ဂျယ်လီ၊ရေခဲမုန့်၊ ဒိုးနတ်စ်၊ အာလူးကြော်လိုမျိုးအရာတွေကို ကလေးက ဘယ်လောက်ကြိုက်ကြိုက် မကျွေးပါနဲ့။ ဒီအစားအသောက်တွေက ကိုယ်ခံအားအပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးငယ်ရဲ့ ကိုယ်ခံအားစနစ်ကိုထိခိုက်စေနိုင်တာကြောင့်ပါ။

ကိုယ်ခံအားစနစ်ပေါ် သက်ရောက်နေတဲ့အချက်အချို့

အိပ်စက်မှု -အစားအသောက်ပြီးရင်နောက်တစ်ခု သတိထားရမှာက ကလေးကောင်းကောင်းအိပ်စက်ချိန်ရှိရဲ့လားဆိုတာပါ။ ကလေးကကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိမှ ကြီးထွားဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေမှာဖြစ်သလိုရောဂါတွေဝင်ရောက်တာမျိုးမရှိစေဖို့အတွက်လည်း ကာကွယ်ပေးနိုင်တဲ့ ကိုယ်ခံအားစနစ်ကောင်းကောင်းကိုလည်း ပိုင်ဆိုင်နိုင်စေမှာပါ။ ဒါကြောင့် ကလေးတွေကိုကောင်းမွန်ပြည့်ဝတဲ့အိပ်စက်ချိန်ရှိအောင်ဂရုပြုပေးပါ။ ကလေးတွေဟာ အသက်အရွယ်ကိုလိုက်ပြီး တစ်နေ့ကို အိပ်စက်ချိန် ၈ နာရီကနေ ၁၄ နာရီအထိရှိဖို့လိုအပ်ပါမယ်။

ကိုယ်လက်လှုပ်ရှားမှု – လူတိုင်းမှာ သင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှုရှိမှ ကျန်းမာမှာပါ။နေ့စဉ် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်တာက အအေးမိဖျားနာတာကို တိုက်ဖျက်ပေးနိုင်တဲ့ သွေးဖြူဥဆဲလ်တွေကို တိုးလာစေနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့လည်း ကလေးငယ်တွေကို ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်အောင် တိုက်တွန်းပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ – ကလေးတွေကို ငယ်စဉ်ကတည်းက လက်ဆေးတာကနေစလို့ ရေချိုးသန့်စင်တာအထိ တစ်ကိုယ်ရေသန့်ရှင်းရေးတွေကို သင်ကြားပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ခန္ဓါကိုယ် ကျန်းမာဖို့ တော်တော်လေး အရေးပါတဲ့ အချက်တစ်ခုပါ။ ဒါကြောင့်ကလေးရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ် တစ်ရပ်ကို ပျိုးထောင်ပေးပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ပတ်ဝန်းကျင်အနေအထားတစ်ရပ်ဖန်တီးပေးပါ – ကလေးငယ် ရှိနေတဲ့အရပ်မှာ အနံ့အသက်ဆိုးတွေ၊ ပိုးသတ်ဆေးနဲ့ ဆေးလိပ်ငွေ့လိုမျိုး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အငွေ့အသက်တွေ မရှိအောင် ဂရုစိုက်ပေးပါ။ဆေးလိပ်ငွေ့နဲ့တဆင့်ခံဆေးလိပ်ငွေ့တွေက ကလေးခန္ဓါကိုယ်က ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် ဖေဖေအပါအဝင် ဘယ်သူ တစ်ဦးတစ်ယောက်မှ ကလေးနားမှာ ဆေးလိပ်သောက်တာကို ခွင့်မပြုပါနဲ့။

# မေမေတို့ သိထားသင့်တဲ့ ကာကွယ်ဆေး ထိုးနှံရမယ့် ကာလလေးတွေကို သိရှိနိုင်စေဖို့

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How can I boost my child’s immune system?http://www.guelphfertility.com/2015/09/boost-my-childs-immune-system/ Accessed Date 29 October 2018

Development of the Immune System in Childrenhttps://www.livestrong.com/article/228511-what-should-an-11-month-olds-diet-be/ Accessed Date 29 October 2018

STRENGTHENING YOUR CHILD’S IMMUNE SYSTEMhttp://pathwaystofamilywellness.org/Children-s-Health-Wellness/strengthening-your-childs-immune-system.html Accessed Date 29 October 2018

How to boost your child’s immune system through foodhttps://www.kidspot.com.au/kitchen/articles/nutrition/how-to-boost-your-childs-immune-system-through-food Accessed Date 29 October 2018

ယခုပုံစံ

26/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေအတွက် အကောင်းဆုံးအသီးအနှံများ

ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement