အကျိုးပြု ဘက်တီးရီးယားတွေ မရှိတော့ဘူးဆိုတာနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေ သောင်းကျန်းလာပြီး အစာမကြေတာ၊ လေပွတာ၊ ဝမ်းလျှောတာတွေ ဖြစ်လာပါတော့တယ်။ အဲလိုမျိုးဖြစ်လာပြီဆို ကိုယ်တွင်းခုခံအားက ပြင်ပကဝင်ရောက်လာတဲ့ အစာတွေကို ရောဂါပိုးတွေ အဖြစ် မှားသတ်မှတ်ပြီး immune antibodies တွေနဲ့ စတင်တိုက်ခိုက်ပါတော့တယ်။ ဒီလိုနဲ့ လိုအပ်တဲ့ အာဟာရတွေလည်း မရတော့လို့ ခုခံအား စနစ်ကြီး ပိုပြီးအားနည်းလာပါတော့တယ်။
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ ပြန်များလာအောင် ဘယ်လိုလုပ်မလဲ။ ။
အရေးအကြီးဆုံးကတော့ အစားစားတာပါ။ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းစေတဲ့ ၊ အစားအသောက်တွေ စားပေးခြင်းကသာ အကောင်းဆုံးပါ။ အကျိုးပြု ဘက်တီးရီးယားတွေကို အားကောင်းစေတဲ့ အစားသောက်တွေကတော့
- ဒိန်ချဉ် ( ဒိန်ချဉ်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အလွန်ကောင်းတဲ့ အရာတစ်ခုဆိုတာ လူတိုင်းသိပြီးကြမှာပါ)။
- ပဲနို့ (ပဲနို့မှာ ပရိုတင်းဓာတ်ကြွယ်ဝပြီး ခုခံအားစနစ်ကိုအားပေးတဲ့ အမိုင်နိုအက်ဆစ်တွေ အများကြီးပါဝင်ပါတယ်)
- ကင်မ်ချီလိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေက အကျိုးပြု ဘက်တီးရီးယားတွေကို ပိုပြီး အားကောင်းစေပါတယ်။ သန့်ရှင်းဖို့ကတော့ လိုတာပေ့ါ။
- ငါးကြီးဆီက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်နေတဲ့ ရောင်ရမ်းတာတွေ အတွက် အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ အရာတစ်ခုပါ။
- အမျှင်ဓာတ်ပါတဲ့အစားအသောက်တွေကလည်း အူလမ်းကြောင်းကို အားကောင်းစေတဲ့ အစားအစာတွေပါ။
အစာအိမ်နဲ့ အူလမ်းကြောင်း ဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူချေဖျက်ပေးနေတဲ့ အပြင် သူ့ထဲမှာ ရှိနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေက တခြား ရောဂါပိုးတွေ မဝင်နိုင်အောင်လည်း တာဆီးကာကွယ်ပေးပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာတစ်ခုဖြစ်ဖို့ အတွက် အဓိက တာဝန်ယူထားရတဲ့ စနစ်ကြီးတစ်ခုပါ။ ခုခံအားကောင်းစေဖို့ အတွက် လိုအပ်တဲ့ အရာတွေကို ထောက်ပံ့ပေးနေတဲ့ ပင်မအရင်းအမြစ်တစ်ခုဆိုလည်း မမှားပါဘူး။ အစာအိမ်ခြေစနစ်နဲ့ ခုခံအားစနစ် တက်ညီလက်ညီတွဲပြီး အလုပ်လုပ်မှသာ ကျန်းမာပျော်ရွင်ရတဲ့ နေ့ရက်တိုင်း ကို သင့်ကလေး ပိုင်ဆိုင်နိုင်မှာပါ။ ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။