အစာအာဟာရနှင့် ကလေးဦးနှောက်ဉာဏ်ရည်
မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ အာဟာရမျှတတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ ဗီတာမင်အစုံအလင်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေအပြင် ပရိုတင်းဓါတ်(အသားဓါတ်) ပါဝင်တဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်းတွေကို လုံလောက်စွာ စားပေးဖို့ အရေးကြီးပါတယ်။
မိခင်တွေအနေနဲ့ ကလေးမွေးပြီးတဲ့ အချိန်မှာလည်း နို့ထွက်အားကောင်းစေဖို့ အာဟာရြဖစ်စေတဲ့ အစားအစာတွေကို များများစားပေးရပါမယ်။ မိခင်နို့မှာ ကလေးတွေ ကြီးထွားသန်စွမ်းဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အာဟာရဓါတ်တွေ အများအပြားပါဝင်တဲ့အတွက် ကလေးတွေကို ၆ လ မပြည့်ခင်အချိန်ထိ မိခင်နို့တစ်မျိုးပဲ မှန်မှန်တိုက်ကျွေးပေးပါ။
ဦးနှောက်အတွက် အာဟာရ
ကလေးတွေ ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုအတွက် နေ့စဉ်ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပိုမိုလိုအပ်လာမှာပါ။ ကိုယ့်ကလေးကို ဂရုစိုက်တဲ့ မေမေတွေအနေနဲ့ အစားအစာတွေကို သေချာစီမံချက်ပြုတ်ဖို့ရာ ဘယ်အာဟာရဓါတ်တွေက ကိုယ့်ကလေးကို ဉာဏ်ရည်ထက်မြက်စေမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
သံဓါတ်
ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်ဖြစ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ သွေးထဲက အောက်စီဂျင်ကို ဦးနှောက်ထဲပို့ပေးတဲ့အပြင် တစ်နေ့တာ လိုအပ်တဲ့ခွန်အားကို ပေးစွမ်းနိုင်ပါတယ်။ သံဓါတ်နည်းတဲ့ ကလေးတွေမှာ သွေးအားနည်းရောဂါတွေကို ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးတွေမှာ သံဓါတ်အလုံအလောက်ရဖို့ မိခင်နို့ကို မှန်မှန်တိုက်ကျွေးသင့်ပြီး အသား၊ အသည်းအမြစ်၊ ငါး၊ တို့ဟူး၊ အစေ့အဆန်တွေ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်ကနေလည်း သံဓါတ်ကို ရရှိနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။