backup og meta

ကလေးကို အဖျားတာတို စေမယ့် အစားအသောက်များ

ကလေးကို အဖျားတာတို စေမယ့် အစားအသောက်များ

အစားအစာတွေက ခန္ဓာကိုယ်ကို ခွန်အားထောက်ပံ့ပေးတာထက် ပိုတယ်ဆိုတာ အမှန်ပါပဲ။ ဖျားတဲ့နာတဲ့အခါ ထိခိုက်ဒဏ်ရာတစ်စုံတစ်ခုရထားတဲ့အခါ အစားအစာကို မှန်ကန်အောင်စားသောက်ပေးမယ်ဆိုရင် ဖျားနာမှုကို သက်သာစေသလို အနာတွေကိုလည်း ကျက်စေနိုင်ပါတယ်။ အချို့သောအစားအစာတွေက အားဖြစ်စေတယ်ဆိုတာထက်ပိုစေပြီး အအေးမိဖျားနာတာတွေကိုပါ တိုက်ထုတ်ပေးနိုင်တာပါ။ ဒါကြောင့် အဖျားတာတို စေအောင် ကလေးကို ဘယ်လိုကျွေးမွေးရမလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

ဖျားနာနေတဲ့ကလေးကို အဖျားတာတို စေမယ့် အစားအသောက်များ

  • ကြက်စွပ်ပြုတ်

ဒီအစားအစာက အဖျားသက်သာစေနိုင်တယ်လို့ လူတော်တော်များများလက်ခံထားတဲ့ အစားအစာတစ်ခုပေါ့။ ကြက်စွပ်ပြုတ်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေ၊ ပရိုတင်းနဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်နေတာကြောင့် ဖျားနာနေတဲ့ ကလေးငယ်အတွက် အသင့်တော်ဆုံးဖြစ်မယ့် အစာကြေလွယ်တဲ့ အစားအစာတစ်မျိုးပေါ့။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ကိုလည်းဖြည့်တင်းပေးနိုင်မှာပါ။

နေထိုင်မကောင်းတဲ့အခါ ချွေးထွက်တာကြောင့်ဖြစ်ဖြစ်၊ အော့အန်တာကြောင့်ဖြစ်ဖြစ် ရေဓာတ်တွေဆုံးရှုံးနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ရေဓာတ်က မရှိမဖြစ်အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် မြန်မြန်ကျန်းမာဖို့ လိုအပ်တဲ့ရေဓာတ်ကို ကလေးကြိုက်နှစ်သက်လောက်တဲ့ အရသာရှိတဲ့ အုန်းရည်နဲ့ ပြန်ဖြည့်ပေးလိုက်ပါ။

နေမကောင်းတဲ့အခါ ရေနွေးခပ်ပူပူလေးက ချွေးထွက်ပြီး သက်သာသွားစေဖို့အထောက်အပံ့ပေးပါတယ်။ ဖျားနာမှုကြောင့် ခံစားရနိုင်တဲ့ နှာခေါင်းပိတ်တာနဲ့ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်တာကြောင့်နေမကောင်းတဲ့အခါ ကလေးကို ရေခပ်နွေးနွေးလေးကို ဖြည်းဖြည်းချင်းသောက်ခိုင်းပေးပါ။

ကလေးအရမ်းငယ်သေးရင်တော့ မသင့်တော်ပါဘူး။ ဒါပေမယ့် ကလေးက ၂ နှစ်လောက်ဆိုရင်တော့ အဖျားပျောက်စေဖို့အတွက် သဘာဝဆေးတစ်မျိုးဖြစ်တဲ့ ပျားရည်ကို တိုက်ကျွေးပေးလို့ ရပါတယ်။ ပျားရည်ကို ရေနွေးထဲထည့်ပြီး သောက်သုံးပေးမယ်ဆိုရင် ကလေးကို အဖျားသက်သာစေတဲ့အပြင် အဖျားကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာကိုပါ သက်သာစေမှာပါ။ ပျားရည်က ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။

ဖျားနေတဲ့အခါ ငှက်ပျောသီးကျွေးပေးတာက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်လိုရီနဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်မှာပါ။ ဝါးရတာ လွယ်သလို အရသာလည်းရှိတဲ့အပြင် ကလေးလည်း အကြိုက်တွေ့မှာပါ။

အစာကြေလွယ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်ပါ။ ကယ်လ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပြီး ကိုယ်ခံအားကောင်းစေဖို့ အထောက်အပံ့ပေးမှာပါ။ ပရိုတင်းကြွယ်ဝတာကြောင့် မြန်မြန်အားပြန်ပြည့်စေမှာပါ။

ဖျားနေတဲ့သူတွေအတွက် သင့်တော်တဲ့အစားအသောက်ပါ။ ဒိန်ချဉ်တစ်ခွက်စာမှာ ကယ်လ်လိုရီ ၁၅၀ ဂရမ်ပါဝင်နေပြီး ပရိုတင်းက ၈ ဂရမ်ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်ဓာတ်တွေ ပါဝင်နေသလို ဗီတာမင်၊ သတ္တုဓာတ် နဲ့ အစာခြေစနစ်အတွက် အကျိုးပြုတဲ့ Probioticsတွေလည်း ပါဝင်နေပါတယ်။ အရသာရှိရှိလေးစားနိုင်တာကြောင့် ကလေးလည်း ကြိုက်နှစ်သက် အဖျားသက်သာစေဖို့လည်း အထောက်အပံ့ဖြစ်စေမှာပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The 15 Best Foods to Eat When You’re Sick https://www.healthline.com/nutrition/15-best-foods-when-sick#section4 Accessed Date 5 November 2018

Healthy Eating and Active Living https://www.albertahealthservices.ca/assets/info/nutrition/if-nfs-healthy-eating-active-living-for-your-1-to-4-year-old.pdf Accessed Date 5 November 2018

Best ways to treat cold and flu in kids https://www.todaysparent.com/family/family-health/your-cold-and-flu-cheat-sheet/ Accessed Date 5 November 2018

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေမှာ သွေးတွင်းအဆီဓာတ်များတာ ဖြစ်နိုင်လား

ကလေးကို သံဓါတ်မချို့တဲ့စေဖို့ ဂရုစိုက်ကာကွယ်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement