မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဘေဘီအတွက် အရာရာကိုစိုးရိမ်တတ်တာကမေမေဖေဖေတို့ရဲ့ မသင်ဘဲတတ်တဲ့ အလေ့အထတစ်ခုပေါ့။ ကလေးငိုရင်လည်းစိတ်ပူ။ အိပ်နေရင်လည်း ဘာလို့များ အကြာကြီးအိပ်နေတာလဲ ဆိုပြီးပူပြန်ရောဟုတ်။ ဒီတစ်ခေါက် မေမေဖေဖေတို့ စိတ်ပူမိနေတဲ့ အကြောင်းအရာလေးတစ်ခုဖြစ်တဲ့ ဘေဘီလေးတွေရဲ့ ဆီးသွားခြင်း နဲ့ပတ်သက်လို့ပြောပါရစေနော်။
ပုံမှန်အားဖြင့်တော့ ကလေးက ဆီးခဏခဏ သွားတတ်ကြပါတယ်။ အကြောင်းကတော့ ကလေးတွေရဲ့ ဆီးအိမ်ကြွက်သားက အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် ဆီးကိုမထိန်းတာကြောင့် ဆီးခဏခဏ သွားနိုင်ပါတယ်။ မိခင်နို့သောက်တဲ့ ကလေးတွေထက် နို့ဘူးသောက်တဲ့ကလေးတွေက ဆီးပိုသွားနိုင်ပါတယ်။မွေးစကလေးက နို့မဝရင်တော့ ဆီးသိပ်မသွားတာမျိုး ဖြစ်နိုင်ပါတယ်နော်။
ကလေးက မွေးစမှာ ဆီးမသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မိခင်နို့ကို ပြည့်ပြည့်ဝဝရမှ ကလေးရဲ့စနစ်က ကောင်းကောင်းလည်ပတ်မှာမို့ ကလေးက မိခင်နို့ဝမှ ဆီးသွားမယ်ဆိုတာကို သိထားဖို့တော့လိုအပ်ပါမယ်။
ဘေဘီလေးက ဆီးမသွားတာဟာ မိခင်နို့မဝတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘောင်းဘီ သားရေကြိုးကျပ်ကျပ်တွေ ဝတ်ပေးမိတဲ့အခါမှာလည်း ဘေဘီလေးတွေက ဆီးမသွားတာမျိုးဖြစ်နိုင်ပါတယ်။ နို့သောက်သုံးမှုပမာဏ၊ အဖျားရှိနေတာ၊ ဝမ်းလျှောနေတာ၊ ရာသီဥတုပူပြင်းတာတွေကြောင့်လည်း ကလေးက ဆီးမသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါတွေအပြင် ဆီးလမ်းကြောင်းပိုးဝင်တာ၊ ကျောက်ကပ်ထိခိုက်တာတွေကြောင့်လည်း ကလေးက ဆီးမသွားတာမျိုးဖြစ်နိုင်ပါတယ်။
ကလေးက အရွယ်ရလာတာနဲ့အမျှ ဆီးသွားတဲ့အကြိမ်ရေတိုးလာရပါမယ်။ ဒီလိုတိုးမလာဘူး။ တစ်နေ့ကို ၆ ကြိမ်တောင် ဆီးမသွားဘူးဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါနော်။
ကလေးက ဆီးသွားတိုင်းငိုနေမယ်၊ ဆီးသွားတိုင်း မသက်မသာဖြစ်နေတယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြသင့်ပါတယ်။
ကလေးရဲ့ဆီးအရောင်က အဝါရောင်ရင့်ရင့်ဖြစ်နေမယ်ဆိုရင် ကလေးက နို့သောက်နည်းနေတာ ဖြစ်နိုင်ပါတယ်။ မွေးစအရွယ်မှာတော့ မိခင်ကရေများများသောက်ပြီး ကလေးကိုနို့များများတိုက်ပေးပါ။
ပုံမှန်အားဖြင့်ကတော့ မီးမီးလေးတွေမှာ ဖြစ်တတ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တာပါ။ စိုးရိမ်စရာမရှိပါဘူး။ မွေးပြီး သိပ်မကြာခင်မှာ အလိုလိုသက်သာသွားနိုင်ပါတယ်။
ဘေဘီလေးကို ဆီးပုံမှန်သွားစေဖို့ဆိုရင် ဆီးတည်ပေးရပါမယ်။ အိပ်ရာက နိုးလာတဲ့အချိန်မှာဖြစ်ဖြစ် ဒါမှမဟုတ် သိပ်ခါနီးမှာ ဖြစ်ဖြစ်ပေါ့။ နောက်တစ်ချက်က နို့လုံလောက်အောင် တိုက်ပေးဖို့ပါ။ အဝတ်အစားတွေကိုလည်း သက်သောင့်သက်သာနဲ့ ချောင်ချောင်ချိချိဝတ်ပေးဖို့လည်း မေ့လို့မဖြစ်ပါဘူးနော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။