မွေးကင်းစကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတယ်ဆိုတာ ပုံမှန်ဟုတ်ရဲ့လား ။ ။
မွေးကင်းစကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာကို မြင်လိုက်ရရင် အရမ်းကြီး ထိတ်လန့်မသွားပါနဲ့။ ဒါက ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ မွေးပြီးခါစ ၂ ရက် ၃ ရက်လောက်မှာ ကလေးတွေရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုတော့ မိခင် သားအိမ်အတွင်းမှာနေခဲ့စဉ်က ကလေးရဲ့ မျိုးပွားအဂါၤအပေါ်သက်ရောက်တဲ့ဟော်မုန်းတွေရဲ့ အရှိန် ကလေးဆီပါလာတာကြောင့် မိန်းမကိုယ်ကနေ သွေးဆင်းတာဖြစ်နိုင်ပါတယ်။
ဘယ်နှစ်ရက်လောက်ကြာတတ်လဲ ။ ။
ဒီလိုသွေးဆင်းတာမျိုးဟာ ၂ ရက် ၃ ရက်လောက်ကြာတတ်ပါတယ်။ ဟော်မုန်းတွေ ပုံမှန် ပမာဏ ပြန်ရောက်သွားပြီဆိုတာနဲ့ သွေးဆင်းတာ ရပ်သွားပါလိမ့်မယ် ။ ပြီးတော့ ဒီလိုသွေးဆင်းတာမျိုးဟာ အပျိုဖော်ဝင်ချိန် မရောက်ခင်နှစ်တွေအတွင်းမှာ တစ်ကြိမ်ပဲ ဖြစ်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။