ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးပြီး သိပ်မကြာခင် ကလေးအသားတွေ ဝါနေပြီလား။ ဒါလေးတွေသိထားဖို့လိုတယ်နော်။ ။

မေမေတို့ အားလုံးသိကြမှာပါ။ ကိုယ့်ကလေးက မနေ့ကမှ မွေးတယ် ဒီနေ့ အသားဝါနေတယ်ဆိုတာမျိုးတွေ။ ကလေးအသားလေးက ပန်းရောင်မသန်းဘဲ ဝါနေပြီဆိုရင်တော့ သေချာပါတယ်။ သင့်ကလေးမှာ jaundice လို့ခေါ်တဲ့ အသားဝါတဲ့ ပြဿနာဖြစ်နေပါပြီ။ ဒါက ကလေးတော်တော်များများ ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုဖြစ်နေတော့ အချိန်မီကုသလိုက်ရင် ဘာပြဿနာမှ မဖြစ်နိုင်ပေမယ့် သူ့ဘာသာပြန်ပျောက်သွားမှာပါဆိုပြီး ပေါ့ဆနေလိုက်လို့ကတော့ ကလးအသားဝါတဲ့ပြဿနာကနေ ကလေးညဏ်ရည်မမှီတော့တဲ့အထိ ပြင်းထန်သွားတတ်ပါတယ်။ အသားလေးဝါတာ ဒီလောက်တောင်ပြင်းထန်တတ်လား။ အဲဒီမေးခွန်းရဲ့ အဖြေကို သိဖို့ ဒါလေးကိုဖတ်ကြည့်စေချင်ပါတယ် ။ Jaundice ( အသားဝါ) တယ်ဆိုတာဘာလဲ။ ။ ဆေးပညာမှာခေါ်တဲ့ Jaundice ဖြစ်နေတယ်ဆိုတာ ကလေးအသားနဲ့ မျက်လုံးတွေဝါနေတာကို ဆိုလိုတာပါ။ ဒီလို အသားဝါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ကလေးသွေးထဲမှာ bilirubin တွေများနေတာကြောင့်ပဲဖြစ်ပါတယ်။ Bilirubin ဆိုတာဘာလဲ ။ ။ ပုံမှန်ဆို သွေးတွင်းမှာရှိတဲ့သွေးနီဥဆဲလ်လေးတွေက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီပေါက်စအရွယ်မှာ ဘာလို့ဆံပင်ကျွတ်တာလဲ၊ ဘာလုပ်ပေးရမလဲ

အိမ်ကဘေဘီပေါက်စလေးက ဆံပင်တွေကျွတ်နေတယ်။ ဒီလိုပဲဖြစ်တတ်လား။ ဟုတ်ပါတယ်။ ကလေးတွေကမွေးပြီး ၆ လအတွင်းမှာ ဆံပင်ကျွတ်လေ့ရှိပါတယ်။မွေးဆံပင်ပါလာတယ်ဆိုရင် ၂ လကနေ ၆ လလောက် အတွင်းမှာ စပြီးဆံပင်ကျွတ်ပါတယ်။ ဒါပေမယ့် ၆ လကျော် နောက်ပိုင်းကျရင်တော့ဆံပင်တွေပြန်ပေါက်မှာပါ။ ကလေးတွေမှာပုံမှန်ဖြစ်တဲ့ဆံပင်ကျွတ်ခြင်းကို "telogen effluvium" လို့ခေါ်ပါတယ်။ "telogen effluvium" ဆိုတာဟော်မုန်းတွေကြောင့်ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်စဉ်တည်းက ကလေးရဲ့ကိုယ်ထဲမှာ မိခင်ရဲ့ဟော်မုန်းတွေအများကြီးရှိနေခဲ့တာပါ။မွေးဖွားပြီးနောက်မှာ အဲဒီဟော်မုန်းပမာဏက စတင်လျော့နည်းလာပါတယ်။ ဒါ့ကြောင့် ကလေးမှာ ဆံပင်ကျွတ်ခြင်း ခဏတော့ဖြစ်လာတာ သဘာဝပါ။ တကယ်လို့ဘေဘီမှာcradle cap လို့ခေါ်တဲ့ ဦးရေပြားပြဿနာဖြစ်နေတယ်ဆိုရင် ဆံပင်ပိုကျွတ်နိုင်ပါတယ်။ ဒါလည်းဆံပင်အတွက် စိုးရိမ်ဖို့မလိုသေးပါဘူး။ ထိုက်သင့်ကုသဂရုစိုက်မှုပေးပြီးရင် အချိန်တန်တော့ ပြန်ပေါက်မှာပါပဲ။ ဘေဘီဦးခေါင်းမှာတော့ ဆံပင်လေးအကွက်လိုက်ပါးတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဆံပင်အသစ်တွေတဖြည်းဖြည်းပြန်ပေါက်လာမှာပါ။ပြန်ပေါက်လာရင်တော့ အရင်ကထက် အရောင်လေးနည်းနည်းဖျော့နိုင်တယ်။ ဒါပေမယ့် ပိုထူပြီးပိုသန်လာမှာကို သတိထားမိပါလိမ့်မယ်။ မေမေတို့ဘက်က ဘာလုပ်ပေးရမလဲ ဟော်မုန်းကြောင့် ကလေးပေါက်စ ဆံပင်ကျွတ်တာအတွက် ဘာမှလုပ်ပေးလို့မရပါဘူး။ တခြားရောဂါပြဿနာတွေကြောင့် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျောင်းပြန်တက်မယ့် ကလေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ

မိုးလေးစရွာတာနဲ့အတူ သားသားမီးမီးတွေ ကျောင်းပြန်တက်ရမယ့် အချိန်ရောက်လာပါပြီ။ ကျောင်းတက်ဖို့ တက်ကြွနေမယ့် သားသားမီးမီးတွေရှိနေနိုင်သလို ဖေဖေမေမေကိုမခွဲနိုင်ပါဘူးဆိုပြီး ကျောင်းမတက်ချင်လို့ ငိုမယ့် သားသားမီးမီး တွေလည်းရှိမှာပါ။ ကျောင်းတက်ချင်တဲ့ကလေးကို ကျောင်းပို့ရတာမခက်ပေမယ့် ကျောင်း မတက်ချင်ပါဘူးဆိုတဲ့ သားသားမီးမီးတွေကိုကျောင်းပို့ဖို့ကျ မေမေတို့အတွက် စိတ်မကောင်းဖြစ်ရသလို အရမ်းလည်းခက်ခဲနိုင်ပါတယ်။ ကျောင်းပြန်တက်မယ့် ကလေးအတွက် အကောင်းဆုံးဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတွေရှိပါတယ်။ ကဲ .... ကျောင်းပြန်တက်မယ့် ကလေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/super-foods-for-kids/ ကျောင်းပြန်တက်မယ့် ကလေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ ကျောင်းပြန်တက်မယ့် ကလေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတော့ ကိုယ်ချစ်ရတဲ့ ကိုယ်ပွားလေးတွေကို ကျောင်းပြန်တက်ဖို့ဆိုရင် အရင်ဆုံးက ကျောင်းတက်ချင်စိတ်ဖြစ်အောင်လှုံ့ဆော်ရမှာပါ။ အကြောင်းကတော့ ကျောင်းတက်ရတာက တစ်ရက်နှစ်ရက်အလုပ်မဟုတ်လို့ပါပဲ။ တစ်နှစ်ရဲ့ ၃ ချိုး ၂ ချိုးကာလကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့လိုမှာပါ။ ဒီတော့ ကျောင်းတက်ရာသီကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ ကလေးကို ဒါလေးတွေပြင်ဆင်ပေးပါနော်။ အဝတ်အစား ကလေးကို အရင်နှစ်ကအဝတ်အစားတွေပဲ ပြန်ပေးမဝတ်ပါနဲ့။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို ပုခက် နဲ့သိပ်တော့မယ်ဆိုရင်

အူဝဲလို့အော်ရင်း လူ့လောကထဲကို ရောက်လာတဲ့ သားသားမီးမီးလေးအတွက် အကောင်းဆုံးတွေပဲ ပြင်ဆင်ထားပေးချင်တဲ့ မေမေဖေဖေတို့ရေ..... အခုတစ်ခေါက်တော့ ဘေဘီလေးတစ်ယောက် တစ်နေ့တာမှာ အချိန်အားဖြင့် နာရီ ၂၀လောက်ကုန်ဆုံးနေရတဲ့ ပုခက် လေးနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ဆွေးနွေးကြမယ်နော်။ တစ်နေ့တာမှာ အချိန်များစွာ ကုန်ဆုံးနေရတဲ့နေရာလေးတစ်ခုက အဆင်ပြေမှ ဘေဘီလေးလည်း သက်သောင့်သက်သာဖြစ်ပြီး မေမေတို့လည်း စိတ်ချမ်းသာတော့မပေါ့။ ဒီသက်သောင့်သက်သာနေရာလေးက သက်သောင့်သက်ဖြစ်ရုံနဲ့လည်း မလုံလောက်သေးပြန်ပါဘူး။ အန္တရာယ်ကင်းဖို့လည်း လိုပါမယ်။ ဒါမှ အတိမ်းအစောင်းလုံးဝခံလို့မဖြစ်တဲ့ နုနယ်လှတဲ့ဘေဘီလေးကို ဘေးကင်းကင်းနဲ့ ကြီးပြင်းစေနိုင်တော့မှာပေါ့။ ဘေဘီလေးအတွက်ဘေးကင်းစိတ်ချရတဲ့ ပုခက် ရွေးတဲ့အခါ ဈေးကြီးမှလား........ မဟုတ်ပါဘူး။ ဈေးနှုန်းထက် အရည်အသွေးကို ဂရုစိုက်ရပါမယ်။ အရည်အသွေးညံ့တဲ့ပစ္စည်းတွေက ထိခိုက်စေနိုင်ခြေ ပိုများတာကြောင့် အတိမ်းအစောင်းခံလို့မဖြစ်တဲ့ ဘေဘီလေးတို့အတွက် အရည်အသွေးစိတ်ချရဖို့က အရင်ဆုံးစဉ်းစားရမှာပါ။ ဒီဇိုင်းဆန်းမှလား......... ဒီဇိုင်းကို ကလေးက ကောင်းကောင်းနားမလည်သေးပါဘူး။ မွေးကင်းစကလေးနားလည်မှာက အိပ်ရတာ သက်သောင့်သက်ဖြစ်ဖို့ပါ။ ဒီတာ့ ဒီဇိုင်းဆန်းဖို့ထက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး အသားမည်းမှာစိုးတဲ့ မေမေတို့အတွက်

အသားအရေထိန်းသိမ်းဖို့ လူကြီးတွေပဲ လိုအပ်တာလား။ မဟုတ်ဘူးနော်။ အရွယ် သုံးပါးစလုံးလိုအပ်တာပါ။ ဒါဆိုဘေဘီလေးတွေလည်း လိုအပ်တာပေါ့ဆိုရင် ဟုတ်တာပေါ့လို့ပြန်ဖြေပါရစေနော်။ဘေဘီလေးတွေရေနွေးနဲ့ ရေချိုးမိလို့၊ ရေကျောက်ပေါက်လို့စတဲ့ အရေပြားပြဿနာတစ်စုံတစ်ခု ခံစာရတာကြောင့် အသားတွေမည်းသွားတဲ့အခါ အသားပြန်ဖြူမလာမှာကို စိုးရိမ်မိတယ်ဟုတ်။ ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းလေးတွေရှိပါတယ်။ အသားဖြူဖို့ပေါင်းတင်ရအောင်ဘေဘီလေးတို့ရေ နဂိုညိုမဟုတ်တဲ့ဘေဘီလေးတွေအတွက် အသားဖြူစေမှာ အသေအချာပါ။ နနွင်းနဲ့နို့ နို့က အသားဖြူဝင်းစေတဲ့ သဘာဝပစ္စည်းတစ်ခုပါ။ အရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေကိုလည်းဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင်အေပါဝင်တာကြောင့် အရေပြားဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ နနွင်းနဲ့နို့ကို ခပ်ပျစ်ပျစ်လေးဖျော်ပြီး ကလေးကိုယ်အနှံ့မှာ လူးပေးပါ။ပြီးရင်ခြောက်တဲ့ အထိထားလိုက်ပါ။နောက်ဆုံးအဆင့်ကတော့ရေစွတ်ထားတဲ့ တဘက်လေးနဲ့ ခပ်ဖွဖွလေးသုတ်ပေးလိုက်ပါ။ပြီးရင် ဆပ်ပြာမသုံးဘဲ ကလေးကိုရေချိုးပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ်လေက်လုပ်ပေးမယ်ဆိုရင် ကလေးက သိသိသာသာအသားဖြူလာမှာပါ။ ဒိန်ချဉ်နဲ့ ခရမ်းချဉ်သီး ခရမ်းချဉ်သီးက အသားအရေကို လင်းလက်စေတဲ့ အာနိသင်အပြည့်ရှိတာ သိပြီးဖြစ်မှာပါ။ ခရမ်းချဉ်သီးကို အရည်ကြိတ်လိုက်ပါ။ပြီးရင် ဒိန်ချဉ်နဲ့ရောလိုက်ပါ။ အုတ်ဂျုံနည်းနည်းထည့်ပေးရင်ပိုအဆင်ပြေပါတယ်။ပြီးရင်တော့ ကလေးရဲ့ အသားအရေပေါ်မှာ လူးပေးပြီးခြောက်တဲ့ အထိထားလိုက်ပါ။ခြောက်သွားရင်ရေစိုတဘက်လေးနဲ့ ခပ်ဖွဖွသုတ်လို့ ဆပ်ပြာမသုံးဘဲရေချိုးပေးပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး လေနာ ထလို့ ညဘက်ဆို မအိပ်ရအောင်ဖြစ်နေပြီဆိုရင်

မိဘဖြစ်ရခြင်းရဲ့ ခါးသီးတဲ့အတွေ့အကြုံကတော့ ညဘက်ဆို ကလေးငိုလို့ထထသိပ်ရခြင်းပါ။ ကလေးတွေကပုံမှန်လည်းငိုတတ်ပါတယ်။ ဒါပေမယ့် ကလေးက ဆာလို့လည်းမဟုတ်၊ ရှူးပေလို့လည်းမဟုတ် ခဏခဏကို ငိုနေပြီး ဘာလုပ်ပေးပေးစိတ်မကြည်ဘူး၊ ဂျီကျနေတယ်ဆိုရင် အဖေနဲ့အမေ ဗျာများရတော့တာပါပဲ။ စိတ်ရှုပ်တာ အလုပ်ရှုပ်တာထက် ကူကယ်ရာမဲ့ ငိုကျွေးနေတဲ့ကလေးကိုမြင်ရတာဟာ စိတ်မသက်မသာစရာပါ။ ဒါကတော့ ကလေးက မွေးစကနေ လသားအရွယ်အတွင်း အဖြစ်များလေ့ရှိတဲ့ ကလေး လေနာ ဝေဒနာကို ခံစားနေရတာဖြစ်နိုင်ပါတယ်။ ကလေးလေနာဝေဒနာ( Colic ) ဆိုတာ ကျန်းမာနေတဲ့ကလေးမှာတောင် အဆက်မပြတ်ငိုနေစေတဲ့ဝေဒနာဖြစ်ပါတယ်။ ကလေးက အကြောင်းရင်းမည်မည်ရရမရှိဘဲချော့မရမြှူမရအောင် ငိုနေတာကြောင့် မိဘတွေ စိတ်ဒုက္ခရောက်ရတဲ့ပြဿနာတစ်ခုပါပဲ။ ညနေပိုင်း၊ ညပိုင်းဆို ပိုဆိုးတာကြောင့် ကလေးရော၊ မိဘတွေပါ အရမ်းပင်ပန်းရပါတယ်။ လေနာ၊ အစာခြေရည်ဆန်တက်ခြင်း(acid reflux ) ၊နဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေက ကလေးငယ်တွေမှာ အဖြစ်များဆုံးပါပဲ။ လေနာ လက္ခဏာ အရမ်းငိုနေမယ်။ကလေးက စူးစူးဝါးဝါးငိုနေပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အဖြစ်များတဲ့ ဓါတ်မတည့်စာ (၇) မျိုး

လက်ရှိ အစားအစာတွေနဲ့ ဓါတ်မတည့်တာ လူလတ်ပိုင်းအရွယ်တွေမှာ ၅ ရာခိုင်နှုန်း၊ ကလေးအရွယ်မှာ ၈ ရာခိုင်နှုန်းအထိ ဖြစ်နေပြီး အခုထိလည်း ဓါတ်မတည့်တဲ့ လူဦးရေဟာ တိုးပွားနေဆဲပါပဲ။ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းမှန်ကိုတော့ သေချာမသိရသေးပေမဲ့ များသောအားဖြင့် မိဘမျိုးရိုးကနေ ဆင်းသက်လာတာ ပိုများပါတယ်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အဖြစ်အများဆုံး ဓါတ်မတည့် အစားအစာ (၇) မျိုးနဲ့ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ၊ ရောဂါလက္ခဏာတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ၁။ နွားနို့ ကလေးတွေမှာ ဓါတ်မတည့်တာ အဖြစ်များပြီး အသက် ၆ လ မတိုင်ခင် နွားနို့အတိုက်ခံရဖူးတဲ့ ကလေးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကလေးအများစုကတော့ အသက် ၃ နှစ်နောက်ပိုင်း ဒီဓါတ်မတည့်တဲ့ လက္ခဏာက သူ့အလိုလိုပဲ ပျောက်သွားတတ်ပါတယ်။ ဓါတ်မတည့်ခြင်းဟာ နွားနို့သောက်ပြီး ၅မိနစ်မှ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းနေပျော်သူလေးဖြစ်စေဖို့

ကိုယ့်ကလေးကို အများထက် မထူးချွန်ရင်တောင် အများနည်းတူ ဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်မဟုတ်လား မေမေတို့ရေ။ ဒီလိုဖြစ်ဖို့ မေ့ထားလို့မရတဲ့ အချက်လေးတစ်ခုရှိပါတယ်။ ဒါကတော့ ကျောင်းနေပျော်မှစာတော်မယ်ဆိုတဲ့အချက်ပါ။ ကလေးတစ်ယောက် ထူးချွန်ဖို့ အခြေခံကျတဲ့ လိုအပ်ချက်က ကျောင်းသွားရတာ၊ စာဖတ်ရတာကို ပျော်နေဖို့ပါ။ ဒီတော့ ထူးချွန်ထက်မြက်တဲ့ ကလေးဖြစ်လာစေဖို့အတွက် ကျောင်းနေပျော်တဲ့ အလေ့အထလေးကို ငယ်စဉ်ကတည်း ကမွေးမြူပေးဖို့ ပြောပါရစေနော်။ ကလေးတစ်ယောက်အတွက် ကျောင်းတက်ရတာက အတွေ့အကြုံသစ်တစ်ခုပေါ့။ ဒီအခြေအနေကို သားသားမီးမီးတွေအကောင်းဆုံးကျော်လွှားနိုင်အောင် ငယ်စဉ်ကတည်းက ပျိုးထောင်ပေးလို့ရပါတယ်။ ဒီတော့ ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးဖြစ်အောင် ဘာတွေများလုပ်ပေးမလဲ။ ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးလေးဖြစ်စေဖို့ ကျောင်းနေပျော်ပြီး စာတော်စေဖို့ဆိုရင် သူတို့လေးတွေကို စိတ်ချမ်းသာအောင်အရင်ဆုံးထားရမှာပါ။ ဘာတွေကများ ကလေးကို စိတ်ချမ်းသာစေမလဲလို့ တွေးရခက်နေလား။ အများကြီးမတွေးပါနဲ့။ ကလေးဘဝမှာ လိုချင်တာစားချင်တာတွေရနေရင်ကို စိတ်ချမ်းသားခဲ့ဖူးတယ်ဟုတ်။ ဒီလိုပါပဲ။ ကလေးတွေကလည်း သူတို့စိတ်ကြိုက်ပစ္စည်းလေးတွေရရင် […]


ကလေးငယ်ပထမနှစ်

ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဘေဘီလေး တစ်ယောက်ကို ကောင်းကောင်းမွန်မွန် အရွယ်ရောက် ကြီးပြင်းလာအောင် ပျိုးထောင်ရတာက အနုစိတ်လွန်းတဲ့ အနုပညာ ဖန်တီးမှု တစ်ရပ်ပါ။ ဒီဖန်တီးမှုကို မိဘတိုင်းက အကောင်းဆုံး လုပ်ချင်ကြပါတယ်။ ဘေဘီလေး ကြီးပြင်းအရွယ်ရောက်လာချိန်မှာနေ့ရက်တိုင်းက မိဘတွေအတွက် စိတ်လှုပ်ရှားခံစားမှု အပြည့်ပေါ့။ ဒီခံစားချက်က ဘာနဲ့မှမတူတဲ့ ခံစားချက်ပါနော်။ ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့် က ဘာတွေလဲ။ ပုံမှန်ဖွံ့ဖြိုးအောင် ဖေဖေမေမေတို့ ဘယ်လိုကူညီနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။ ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့် ကလေးတစ်ယောက်ကို မမွေးခင်ကတည်းက စိတ်လှုပ်ရှားနေမိသူတွေက ဖေဖေနဲ့မေမေပါ။ ကလေးလေး မွေးလာပြီဆိုရင်လည်း ဘယ်လိုလေးများ ကြီးပြင်းလာမလဲ ဆိုပြီး နေ့ရက်တိုင်းမှာ စိတ်ကူးပုံဖော်နေရတာလည်း အမောပဲနော်။ စိတ်ကူးပုံရိပ်လေးတွေကို အကောင်းဆုံး ဖော်ဆောင်နိုင်စေဖို့ ဘေဘီလေးရဲ့ လအလိုက် ဖွံ့ဖြိုးမှုတွေကို ပြောပြပေးမယ်နော်။ ၁ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း