ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို သန်ချမယ်ဆိုရင်

ဘေဘီလေးကို သန်ချမယ်ဆိုရင် ကလေးတစ်ယောက်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရပြည့်ဝအောင်ကျွေးရုံနဲ့မလုံလောက်ပါဘူး။ကောင်းမွန်စွာကြီးပြင်းလာစေဖို့ ဆိုရင်မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ သန်ချတာပါ။ အရွယ်သုံးပါးစလုံး သန်ချဖို့ကမေ့ထားလို့ မဖြစ်ပါဘူး။ ကလေးတစ်ယောက်ကောင်းစွာကြီးပြင်းလာစေဖို့ နဲ့ ကျန်းမာစေဖို့အတွက်ပြည့်စုံလုံလောက်တဲ့ အာဟာရရှိဖို့လိုအပ်သလို စားလိုက်တိုင်းအာဟာရဖြစ်စေဖို့အတွက်ကလည်း အချိန်မှန် သန်ချပေးဖို့လိုအပ်မှာပါ။ ဒီအချက်ကို ကလေးကြီးထွားဖွံ့ဖြိုးနေတဲ့အချိန်ဖြစ်တဲ့ ပထမ ၅ နှစ်အတွင်းမှာသေချာဂရုစိုက်ပေး ဖို့လိုအပ်မှာပါ။ ဒီဆောင်းပါးလေးမှာ ကလေးသန်ချတဲ့အကြောင်းနဲ့ ပတ်သက်ပြီးမေမေတို့စဉ်းစားရခက်နေတဲ့ပြဿနာလေးအကြောင်းကိုပြောပြပေးပါရစေ။ သန်ကောင်တွေဘယ်မှာနေကြလဲ သန်ကောင်တွေက လူသားတွေရဲ့ အစာခြေစနစ်ထဲမှာနေပြီး စားလိုက်တဲ့ အစာအာဟာရတွေကိုခေါင်းပုံဖြတ်နေကြတာပါ။ ကိုယ်ကစားရင်း သူကထွားရင်းပါ။ အရွယ်ရောက်ပြီးသူတွေမှာသိပ်မသိသာပေမယ့် ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ဘေဘီလေးတို့မှာတော့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အန္တရာယ်ရှိတဲ့အနေအထားတွေဖြစ်စေနိုင်ပါတယ်။ ဥအခြေအနေနဲ့ ကိုယ်တွင်းကိုဝင်ရောက်သွားပြီး ကိုယ်တွင်းထဲမှာပေါက်ဖွားရှင်သန်ကြတာပါ။ ဘယ်လိုနည်းနဲ့ သန်ကောင်တွေကူးစက်တာလဲ မြေကြီးတွေထဲမှာ သန်ကောင်ဥတွေရှိနေတတ်ပြီး ကလေးက စားရင်းကနေတဆင့် လက်တွေ၊ လက်သည်းတွေထဲမှာ ကပ်ပါလာရာက ခန္ဓါကိုယ်ထဲကို ကူးစက်နိုင်ပါတယ်။ ညစ်ပေတဲ့လက်တွေနဲ့ အစားစားတာ၊ သန့်ရှင်းမှုနည်းတဲ့ စားတွေစားမိတာ၊ မသန့်တဲ့ရေတွေသောက်မိတာကြောင့်လည်း သန်ကောင်တွေကူးစက်နိုင်ပါတယ်။ လူသားတွေနဲ့တိရစ္တာန်တွေရဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကငယ်သေးလို့ သန်ချဆေးမတိုက်ချင်ဘူးဆိုတဲ့ မေမေတို့အတွက်

ကလေးတစ်ယောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးနေတဲ့ သန်ကောင်တွေ၊ တုတ်ကောင်တွေကို နှိမ်နှင်းပေးချင်ပေမယ့် သားသားမီးမီးကငယ်သေးလို့ ဆေးမတိုက်ရဲဘူးဖြစ်နေတယ်ဆိုရင် အခုပြောပြခဲ့တဲ့နည်းလေးတွေသုံးပြီး ကလေးတွေကို သန်ချပေးလို့ရပါတယ်။ ကလေးကို သဘာဝအတိုင်းသန်ချမယ် နနွင်း သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။ မိးဖိုချောင်ထဲမှာလည်း အလွယ်တကူရနိုင်တယ်နော်။ ဒီမီးဖိုချောင်သုံး ပစ္စည်းလေးက အစာခြေစနစ်ထဲက သန်ကောင်တွေကိုချေဖျက်ပေးဖို့လည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးပါတယ်။ ကလေးကိုနေ့တိုင်း နို့တစ်ခွက်စာထဲမှာ နနွင်းတစ်ဇွန်းထည့်ဖော်ျလို့ တိုက်ပေးပါ။ တစ်ပတ်လောက်ဆက်တိုက်တိုက်ပေးရင် သန်ကျလာပါလိမ့်မယ်။ နနွင်းက ဝမ်းချုပ်တတ်တာကြောင့်ရေများများတိုက်ပေးဖို့ မမေ့ပါနဲ့။ အုန်းဆီ အုန်းသီးနဲ့ အုန်းဆီမှာ ကပ်ပါးပိုးတွေကိုသေစေနိုင်တဲ့အာိသင်ရှိပါတယ်။ ဒါကြောင့်ဘေဘီလေးကို သန်ချဖို့အတွက် အုန်းဆီစစ်စစ်ကိုသုံးပေးလို့ရပါတယ်။ မနက်တိုင်း အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတိုက်ကိုရေနွေးနဲ့တိုက်ပေးတာ ဒါမှမဟုတ် အုန်းသီးစားပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးရဲ့ အစာခြေစနစ်ထဲမှာ အာဟာရတွေကို စုပ်ယူရှင်သန်နေတဲ့ သန်ကောင်တွေကို ထိထိရောက်ရောက်ဖယ်ရှားနိုင်မှာပါ။ အုန်းသီးစိမ်းကို စားပေးရင်လည်းရပါတယ်။ အုန်းသီးက သန်တင်ကျစေတာမဟုတ်ဘဲက ကလေးကို ကိုယ်ခံအားေကာင်းစေပြီး သန်တွေမဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီး ကြက်ဟင်းခါးသီးကို ဝမ်းဗိုက်ပြဿနာတွေကင်းစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ […]


ကလေးငယ်ပထမနှစ်

မေမေတို့သိချင်နေမယ့် ဘေဘီလေးတွေ ငယ်သွားလဲချိန် အကြောင်း

ဘေဘီလေးတွေရဲ့သွားတွေဟာ မေမေ့ဗိုက်ထဲမှာတည်းက စတင်ဖွံ့ဖြိုးနေပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်ငါးပတ်လောက်တည်းက ငယ်သွားလေးတွေရဲ့ ကနဦးပုံစံလေးတွေက ဖြစ်ပေါ်နေပြီ ဖြစ်ပြီး သွားဖုံးထဲမှာ မြုပ်နေတာ ဖြစ်ပါတယ်။ မွေးလာတဲ့အချိန် ဘေဘီလေးရဲ့ သွားဖုံးထဲမှာ ငယ်သွားအချောင်း ၂၀ (အပေါ် ၁၀ချောင်း၊အောက် ၁၀ချောင်း)မြုပ်လျက် အပြည့်အစုံ ပါလာပါတယ်။ သွားပေါက်လာချိန် အဲဒီသွားဖုံးထဲကနေ သွားလေးတွေ ထွက်လာတာကို သွားပေါက်လာတဲ့အချိန်လို့ ခေါ်ပါတယ်။ ဘယ်အချိန်မှာ သွားစပေါက်လဲ ဆိုတာကဘေဘီတို့ တစ်ယောက်နဲ့တစ်ယောက်မှာ မတူကြပါဘူး။ ဥပမာ တချို့က လသားအရွယ်တည်းက သွားစပေါက်ကြပေမယ့် တချို့ဘေဘီတွေကျ တစ်နှစ်ကျော်တဲ့အထိ သွားမစုံသေးတာတွေ ရှိပါတယ်။ စပေါက်တဲ့အချိန် မတူကြပေမယ့် သွားပေါက်လာပုံ အဆင့်ဆင့်ကတော့ ဒီအတိုင်းပါပဲ - အောက်ဘက်က ရှေ့သွားလေးတွေ(အလယ်နှစ်ချောင်းလောက်)က အရင်ဆုံးပေါက်လေ့ ရှိပါတယ်။ အများအားဖြင့် အသက် ၆ လ နဲ့ ၁၀ လအတွင်းမှာပေါ့။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ဒစ်ဂျစ်တယ်သာမိုမီတာ နဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ

ကိုယ်ပူတိုင်းတဲ့ သာမိုမီတာဆိုတဲ့ ကိရိယာလေးကို အားလုံး မြင်ဖူး ကြားဖူးကြမှာပါ။ အိမ်တိုင်းရဲ့ ဆေးသေတ္တာလေးထဲမှာ မပါမဖြစ်ပစ္စည်းလေးလေ။ ကလေးလူကြီး ကျားမ မရွေးရဲ့ ကိုယ်အပူချိန်ကို ပြောပြပေးနိုင်တယ်ဆိုတော့ သူလောက်အသုံးဝင်တဲ့ပစ္စည်းလေးမရှိဘူးလေနော်။ ပစ္စည်းက အသုံးဝင်တယ်ဆိုပေမယ့် သုံးတဲ့ နည်းလမ်းမှန်ကန်မှလည်း အကျိုးရှိမှာပါ။ အရင်ကတော့ ပြဒါးထည့်ထားတဲ့ သာမိုမီတာသာရှိခဲ့တော့ တိုင်းတာနည်းတွေ သိပ်ဆန်းဆန်းပြားပြားမရှိပေမယ့် ခုနောက်ပိုင်း ကိုယ်ပေါ်က နေရာတော်တော်များများမှာ တိုင်းလိုက်ရုံနဲ့ ကိုယ်အပူချိန်ကို ပြောပြပေးတဲ့ ဒစ်ဂျစ်တယ်သာမိုမီတာ တွေ ပေါ်လာပြီဆိုတော့ ဘယ်လိုသုံးရမလဲ သိထားဖို့တော့ လိုတယ်နော်။ ဒစ်ဂျစ်တယ်သာမိုမီတာ က သုံးရတာလည်းလွယ်တယ်၊ မြန်လည်းမြန်တယ်၊ အလွယ်တကူလည်း ဖတ်လို့ရတယ်ဆိုတော့ ကိုယ်တွေလည်း ဒစ်ဂျစ်တယ်သာမိုမီတာ သုံးနည်းလေး သိထားဖို့လိုတယ်လေ။ ဒါဆို ဘယ်လိုတိုင်းကြမလဲ။ ဒစ်ဂျစ်တယ်သာမိုမီတာ နဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ ( ၁ ) ခံတွင်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကိုယ့်ကလေးက အခြားကလေးတွေထက် ပိန်နေတယ်။ ဘယ်လိုလုပ်ရမလဲ ။။

ကိုယ့်ကလေးက အခြားကလေးတွေနဲ့ ယှဉ်လိုက်တဲ့အခါ ပိုပြီး သေးနေတာမျိုး၊ ဒီထက်တော့ နည်းနည်း ပိုထွားသင့်တယ်ဆိုတာမျိုး နဲ့ အစားသိပ်မစားဘူးဆိုတဲ့ အကြောင်းအရာတွေက ကလေးရှိတဲ့ မေမေတိုင်းရဲ့ ခေါင်းထဲမှာ အမြဲရှိနေတဲ့ အတွေးတွေ ဖြစ်ပါတယ်။ တကယ်လည်း ကိုယ့်ကလေးက ပိန်နေတယ်ဆိုရင် ဘာလုပ်ပေးရမလဲဆိုတဲံ အတွေးကလည်း နောက်မှာ အမြဲ ကပ်ပါလာတတ်ပါတယ်။ ဒီတော့ကိုယ့်ကလေးက ပိန်နေရင် မေမေတို့ ဘာလုပ်ကြမလဲ ။ ။ ( ၁ ) အရင်ဆုံး ကလေးဆရာဝန်ဆီသွားပါ။ ကလေးပိန်တယ် ညက်တယ်ဆိုတာကို အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ကြည့်လိုက်ရင် ပိန်နေသလိုဖြစ်ပေမယ့် သူ့ အရပ် သူ့အသက် နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်အတွင်းမှာရှိတယ်ဆိုရင် အရမ်းပိန်နေတယ်လို့ ပြောလို့မရပါဘူး။ ဒ့ါကြောင့် ဆရာဝန်ဆီသွားပြီး အရပ် ကိုယ်အလေးချိန်တို့ကို တိုင်းပါ။ ရှိသင့်တဲ့ ကိုယ်အလေးချိန်အောက် ရောက်မရောက်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကို ခေါင်းအုံးနဲ့ သိပ်ခြင်းရဲ့ ဆိုးကျိုး

ခေါင်းအုံးမပါရင် မအိပ်တတ်ဘူးဆိုတာ မေမေဖေဖေတို့မှာပဲ ဖြစ်တဲ့ခံစားမှုပါ။ မေမေ့ဗိုက်ထဲက အသစ်စက်စက်ထွက်လာတဲ့ ဘေဘီလေးမှာ ဒီခံစားချက်မရှိပါဘူး။ ခေါင်းအုံးဆိုတာ ဘာမှန်းတောင်မသိသေးတဲ့ ကလေးတစ်ယောက်အဖို့ ခေါင်းအုံး မအုံးရတာက ပြဿနာမဟုတ်ပါဘူး။ ခေါင်းအုံး အုံးခိုင်းရင်သာ ပြဿနာဖြစ်မှာပါ။ ဘေဘီလေးတွေကို ခေါင်းအုံးနဲ့ သိပ်ခြင်းရဲ့ ဆိုးကျိုး တွေက ကြောက်စရာကောင်းပါတယ်။ မွေးကင်းစ ကလေးအရွယ် ခေါင်းအုံးအုံးဖို့လိုလား ဘေဘီလေးက မေမေ့ဗိုက်ထဲမှာ ခေါင်းအုံးဆိုတာကို မသိဘဲ ကိုးလလောက် နေလာခဲ့တာပါ။ ဒါကြောင့်ခေါင်းအုံး မပါဘဲ အိပ်ရတာက သူတို့လေးတွေကိုထွေထွေထူးထူး ခံစားရစေတာမျိုးမရှိပါဘူး။ မိဘမို့ သားသမီးကို ပြည့်ပြည့်စုံစုံလေး ဖြစ်စေချင်တာသိပေမယ့် လသားအရွယ် ကလေးတစ်ယောက်အဖို့ နူးညံ့တဲ့ အခင်းကတင် အဆင်ပြေနေပါပြီ။ ဒါကြောင့် လိုရင်းပြောပြရရင်တော့ ဘေဘီလေးတို့ အိပ်စက်မှုအတွက် ခေါင်းအုံးမလိုပါဘူး။ ဘေဘီလေးတွေကို ခေါင်းအုံးနဲ့ သိပ်ခြင်းရဲ့ ဆိုးကျိုး လသားအရွယ်ကလေးလေးတစ်ယောက်က ခေါင်းနဲ့ လည်ပင်းကို ဟန်ချက်ညီအောင် မထိန်းနိုင်သေးပါဘူး။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတို့ ဘေးကင်းကင်းအိပ်ပျော်စေဖို့

အိန်ဂျယ်လ်ပိစိလေးတွေရဲ့ ချစ်စရာအကောင်းဆုံးအချိန်က ဘယ်အချိန်လို့ထင်လဲမေမေဖေဖေတို့ရေ။ အိပ်နေတဲ့အချိန်ပေါ့။ အိန်ဂျယ်လ်ပိစိလေးတွေရဲ့ ချစ်စရာအကောင်းဆုံးက အိပ်ပျော်နေတုန်းမှာပါ။ ဒီလိုမျိုးချစ်စရာကောင်းတဲ့အချိန်လေးကဘေဘီလေးကို ထိခိုက်စေတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီတော့ အိပ်စက်မှုကြောင့် အိန်ဂျယ်လ်ပိစိလေးတွေ မထိခိုက်စေဖို့ဘေးကင်းတဲ့အိပ်စက်ချိန်ကို ဖန်တီးပေးဖို့ တာဝန်အရှိဆုံးကမေမေဖေဖေတို့ပါ။ ဒီတော့ဘေဘီလေးကို ဘယ်လိုများ အန္တရာယ်ကင်းတဲ့ အိပ်စက်ချိန်ကို ဖန်တီးပေးရမလဲ စဉ်းစားရခက်နေတယ်ဆိုရင် ဒီဆောင်းပါးလေးကနေတဆင့် ကူညီပေးပါရစေ။ ဘေဘီလေးအတွက် အိပ်စက်ချိန် ဘာကြောင့်အရေးကြီးတာလဲ ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ဘေဘီလေးအဖို့ အိပ်စက်ချိန်ပြည့်ဝဖို့က တကယ်ကိုအရေးကြီးတာပါ။ဘေဘီလေး ခန္ဓါကိုယ်ကြီးထွားဖို့အတွက်ရော ဦးနှောက်နဲ့အာရုံကြောစနစ်တွေကြီးထွားဖို့အတွက်ပါပြည့်ဝတဲ့ အိပ်စက်မှုလိုအပ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတစ်ယောက်အဖို့ အိပ်ချိန်တွေကအခုလို လိုအပ်မှာပါ။ မွေးကာစကနေ ၃ နှစ်အထိ ၁၄ နာရီ ကနေ ၁၇ နာရီ ၄ လ ကနေ ၁၂ လ အထိ ၁၂ နာရီ ကနေ ၁၆ နာရီ ၁ နှစ် […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကလေးက ကိုယ်အပူကြီးပြီး တက်နေရင် အရေးပေါ်ဘယ်လိုပြုစုမလဲ

အိမ်က ကလေးနေမကောင်းဘူး၊ဆေးခန်းပြပြီးပေမယ့် ညကျ အဖျားတွေတက်လာရင် ဘယ်လိုလုပ်ရမလဲ။ ကိုယ်အပူကြီးပြီး တက်နေရင်ကော။ ဒါမေမေတို့ စိတ်ပူနေကျမေးခွန်းပါ။ ကလေးငယ်တွေမှာက အဖျားကြီးပြီဆို တက် တာအဖြစ်များပါတယ်။ အဖျားတက်တာမြန်လာတာရဲ့ ရလဒ်အဖြစ် seizure တက်ခြင်းဖြစ်လာရတာပါ။ ဒါပေမယ့် ကိုယ်ပူကြောင့် ရိုးရိုးတက်တာလား၊ တခြားရောဂါအကြောင်းရင်းကြောင့်တက်တာလားဆိုတာတော့ ဆရာဝန်ပြပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။Febrile Seizure လို့ခေါ်တဲ့ ကိုယ်အပူကြီးပြီးတက်ခြင်း က အသက် ၃ လကနေ ၆ နှစ်အတွင်း ကလေးတွေမှာဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ၁၂ လနဲ့ ၁၈ လအရွယ်တွေမှာ အဖြစ်များဆုံးပါ။ ကလေးတိုင်းတော့မဖြစ်ပေမယ့် တစ်ကြိမ်ဖြစ်ဖူးတဲ့ကလေးမှာတော့ နောက်ပိုင်း ထပ်ဖြစ်နိုင်ခြေများပါတယ်။ တက်တာ ဘယ်လိုမျိုးလဲ febrile seizure အမျိုးအစားကိုမူတည်ပါတယ် - ရိုးရိုး တက်ခြင်း -အဖြစ်များတဲ့အမျိုးအစားဖြစ်ပြီး တစ်မိနစ်၊နှစ်မိနစ်လောက်ပဲဖြစ်လေ့ရှိပါတယ်။ အလွန်ဆုံးကြာရင် ၁၅မိနစ်ထိ တက်နိုင်ပါတယ်။ အဖျားကြီးလို့ တက်တာက […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

လူပျိုဖော်ဝင် ကာစ ကိုယ်ခန္ဓာရဲ့ ပြောင်းလဲမှုပုံစံအဆင့်ဆင့်

လူပျိုဖော်ဝင် တဲ့ အရွယ်ဆိုတာ ကလေးတွေအတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှုပုံစံကို စတင်တွေ့ရတာပါပဲ။ ကိုယ်ခန္ဓာက ကြီးထွားလာတယ်။ အသံတွေက ခပ်သြသြဖြစ်လာတယ်။ ကလေးတုန်းကလို မဟုတ်တော့ဘဲ ပိုသန်စွမ်းလာတယ်။ လိင်အင်္ဂါတွေ ဖွံ့ဖြိုးလာမယ်။ လိင်စိတ်တွေ စတင်ဖြစ်လာမယ်။ မိဘတွေ သတိမထားလိုက်ခင်မှာပဲ ကိုယ့်သားလေးက ယောက်ျားငယ်လေးအဖြစ် စတင်ပြောင်းလဲတဲ့ အရွယ်ဖြစ်နေပါပြီ။ ဘယ်အသက်အရွယ်မှာ လူပျိုဖော်ဝင် လဲ။ မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင်တော့ ယောက်ျားလေးတွေ လူပျိုစဖြစ်တဲ့အသက်က နည်းနည်းနောက်ကျပါတယ်။ ပုံမှန်အားဖြင့် အစောဆုံး အသက် ၉ နှစ်၊ နောက်အကျဆုံး အသက် ၁၄ နှစ်အရွယ်မှာ လူပျိုစတင်ဖြစ်ပါတယ်။ တချို့ယောက်ျားလေးတွေမှာ ကိုယ်ခန္ဓာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ ပိုပြီးမြန်နေတတ်ပါတယ်။ မိဘတွေအနေနဲ့ သတိမထားမိပေမဲ့ ကိုယ့်ကလေးကတော့ ရေချိုးနေတဲ့အချိန်၊ အဝတ်လဲနေတဲ့အချိန်ဆိုရင် ဒီပြောင်းလဲမှုတွေကို တွေ့နေမှာပါ။ ဒီပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ဘယ်သူမှ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်များနဲ့ လူကြီးတွေကြား ပဋိပက္ခတိုက်ပွဲ

လူကြီးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဆိုတာ အမြဲတမ်း အတိုက်အခံဖြစ်တတ်ကြပါတယ်။ ဒီဘက်ခေတ်မှာမှ မဟုတ်ပါဘူး။ ရှေးနှစ်ပေါင်းများစွာကတည်းက လူကြီးနှင့် လူငယ်ကြား ပဋိပက္ခ (Generation Gap) ဆိုတာ ရှိခဲ့ပါတယ်။ လူကြီးတွေကလည်း ကိုယ်သိဖူး၊ နားလည်ဖူးတဲ့ အရာတွေကိုပဲ လူငယ်တွေကလည်း ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအလိုက် မတူညီတဲ့ ရှုထောင့်တစ်ခုကနေ တွေးတယ်။ တစ်ဘက်က လက်ဖမိုး၊ တစ်ဘက်က လက်ဖဝါး၊ ကိုယ်မှန်တယ်ထင်တဲ့ အရာကိုပဲ စွဲစွဲမြဲမြဲ လက်ကိုင်ထားရာကနေ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာ ကြာလာတော့ နားလည်ပေးရကောင်းမှန်း မသိတော့ဘူး၊ သူ့နေရာမှာ ကိုယ်သာဆိုရင်ရောလို့လည်း ဖြည့်မတွေးတတ်ကြတော့ဘူး။ ဒါကတော့ ကလေးတစ်ယောက် အရွယ်ရောက်လာရင် လူကြီးတွေနဲ့ အမြဲတမ်းဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်တွင်းရေး ပြဿနာလေးပါ။ ဘယ်လိုအရာတွေက ပြဿနာတွေ ဖြစ်စေဖို့ နှိုးဆော်ပေးနေလဲ။ ဒီပြဿနာရဲ့ တရားခံတွေကို မဆွဲထုတ်ခင် လူကြီးဘက်က အမြင်နဲ့ လူငယ်တွေဘက်က […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း