မတည့်တာတွေ စားမိပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကို ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် နေ့လယ်စာကို အာဟာရ ပြည့်ဝ အောင်ပြင်ဆင်ပြီး ထည့်ပေးလိုက်နိုင်စေဖို့ ထမင်းဗူးလေးကတာ့ မဖြစ်မနေ လိုမှာပါ။ ထမင်းဗူး ဝယ်တဲ့ အခါ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက် BPA မပါတဲ့ ထမင်းဗူးမျိုးရွေးချယ်ပြင်ဆင်ပေးပါ။
ရေဗူး
ကလေး ကျန်းမာဖျတ်လတ် နေစေဖို့အတွက် ရေဓာတ်က လိုအပ်ပါတယ်။ ရေဓာတ် လိုအပ်ချက်ကို ပြည့်မိစေဖို့ ရေဗူးလေး တစ်လုံးကတော့ မဖြစ်မနေ ထည့်ပေးလိုက်ဖို့လိုမှာပါ။ သန့်ရှင်းတဲ့ သောက်ရေက ကလေးကို ကျန်းမာနေစေဖို့ အထောက်အပံ့ ပေးမှာပါ။
စာရေးကိရိယာတွေ
အရင်တုန်းက ရွေးစရာသိပ်မများပေမယ့် အခုခေတ်မှာ စာရေးကိရိယာဆိုရင် ဆန်းဆန်းပြားပြားနဲ့ ရွေးစရာတွေကလည်း အများကြီးပါ။ ဒါပေမယ့် စာရေးကိရိယာရွေးတဲ့အခါ သူတို့စိတ်ကြိုက်ဖြစ်ဖို့ရော အန္တရာယ်ကင်းဖို့ရောကိုပါ သတိထားရပါမယ်။ ဒါမှ ကလေးအတွက်ရော မေမေဖေဖေတို့အတွက်ပါ အဆင်ပြေစေမှာပါ။
ဒီအချက်တွေကို ပြည့်ပြည့်စုံစုံပြင်ဆင်ပေးပြီးရင်ဆိုတော့ ကလေးကျောင်းပြန်တက်ဖို့ ရုပ်ပိုင်းဆိုင်ရာအရ ပြီးပြည့်စုံသွားပြီလို့ ပြောလို့ရပါပြီ။ ကျန်နေသေးတာကတော့ ကလေးကို ကျန်းမာရေးအတွက်လုံလောက်တဲ့ အိပ်စက်ချိန်ရှိအောင် ဂရုစိုက်ပေးဖို့ နဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို အတူတူဖြေရှင်းပေးဖို့ပါ။ ကလေးငယ်တွေအတွက် ပျော်ရွှင်စရာ စာသင်နှစ်လေးဖြစ်စေဖို့ ဖန်တီးပေးနိုင်ကြပါစေကြောင်း……………………………………………
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။