backup og meta

ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့်

    ဘေဘီလေး တစ်ယောက်ကို ကောင်းကောင်းမွန်မွန် အရွယ်ရောက် ကြီးပြင်းလာအောင် ပျိုးထောင်ရတာက အနုစိတ်လွန်းတဲ့ အနုပညာ ဖန်တီးမှု တစ်ရပ်ပါ။ ဒီဖန်တီးမှုကို မိဘတိုင်းက အကောင်းဆုံး လုပ်ချင်ကြပါတယ်။ ဘေဘီလေး ကြီးပြင်းအရွယ်ရောက်လာချိန်မှာနေ့ရက်တိုင်းက မိဘတွေအတွက် စိတ်လှုပ်ရှားခံစားမှု အပြည့်ပေါ့။ ဒီခံစားချက်က ဘာနဲ့မှမတူတဲ့ ခံစားချက်ပါနော်။ ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့် က ဘာတွေလဲ။ ပုံမှန်ဖွံ့ဖြိုးအောင် ဖေဖေမေမေတို့ ဘယ်လိုကူညီနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။

    ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့်

    ကလေးတစ်ယောက်ကို မမွေးခင်ကတည်းက စိတ်လှုပ်ရှားနေမိသူတွေက ဖေဖေနဲ့မေမေပါ။ ကလေးလေး မွေးလာပြီဆိုရင်လည်း ဘယ်လိုလေးများ ကြီးပြင်းလာမလဲ ဆိုပြီး နေ့ရက်တိုင်းမှာ စိတ်ကူးပုံဖော်နေရတာလည်း အမောပဲနော်။ စိတ်ကူးပုံရိပ်လေးတွေကို အကောင်းဆုံး ဖော်ဆောင်နိုင်စေဖို့ ဘေဘီလေးရဲ့ လအလိုက် ဖွံ့ဖြိုးမှုတွေကို ပြောပြပေးမယ်နော်။

    ၁ လသားအရွယ်

    • ဘေဘီလေးတစ်ယောက် လျင်လျင်မြန်မြန် ကြီးထွားနေပါတယ်။
    • မျက်လုံးချင်း ဆက်သွယ်တတ်ပါပြီ။
    • တစ်ခုခု လိုချင်ရင် ငိုပြီး ဆန္ဒကို ဖော်ထုတ်တတ်ပါပြီ။
    • မေမေဖေဖေတို့ရဲ့ အသံနဲ့ အပြုံးတွေကို ပြန်တုံ့ပြန်တတ်ပါပြီ။

    ၂ လသားအရွယ်

    • အရင်လထက် ပိုပြီး ဖွံ့ဖြိုးလာပါပြီ။
    • မျက်နှာချင်း ဆိုင်တတ်လာပြီ။
    • မျက်လုံးချင်း ဆုံပြီး ပြုံးပြတဲ့သူတွေကို ပြန်ပြုံးပြတတ်ပါပြီ။
    • အရာဝတ္ထုတွေထက် လူတွေကို ပိုစိတ်ဝင်တစား ကြည့်တတ်လာပြီ။
    • အသံတွေကို တုံ့ပြန်တတ်ပြီ။
    • ဒေါသထွက် တတ်ပြီ။

    ၃ လသားအရွယ်

    • ပြုံးပြရင် ပြန်ပြုံးပြတတ်ပြီ။
    • ကိုယ်ဟန်အမူအရာကိုပါ ပြပြီး ချစ်တတ်လာပြီ။
    • လက်ကမ်းတတ်ပြီ။
    • ပွေ့ချင်ဖက်ချင်လာပြီ။
    • ခြေထောက်လေးတွေ စလှုပ်ရှားတတ်ပြီ။
    • လူကြီးတွေရဲ့ အာရုံစိုက်မှုရဖို့ ပြုံးပြတတ်ပြီ။ ခိုးခိုးခစ်ခစ်ရယ်တတ်ပြီ။
    • မျက်နှာမှာ အမူအရာ ပြတတ်ပြီ။
    • အချို့သော လှုပ်ရှားမှုလေးတွေ လုပ်တတ်လာပြီ။

    ၄ လသားအရွယ်

  • မှောက်လျက် အနေအထားမှာ လက်တွေကို အားယူတတ်လာပြီ။
  • ပစ္စည်းလေးတွေကို စပြီး ဆွဲတတ်လာပြီ။
  • အသံကျယ်ကျယ်လေးနဲ့ ရယ်တတ်လာပြီ။
  • ကစားရတာကို သဘောကျ တတ်လာပြီ။
  • ကစားရင်း စိတ်အခန့်မသင့်ရင် ငိုတတ်လာပြီ။
  • ၅ လသားအရွယ်

    • ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာပြီ။
    • ခန္ဓာကိုယ်ကို ဟို၊ဒီလှိမ့်တတ်ပြီ။
    • ပစ္စည်းတွေကို လက်တစ်ဖက်ကနေ တစ်ဖက်ဆီကို ပြောင်းတတ်ပြီ။
    • တံထွေးတွေ မှုတ်တတ်နေပြီ။
    • ဖေဖေမေမေတွေ အပြင်သွားရင် လိုက်ချင်လို့ ငိုတတ်ပြီ။
    • အစားစားရင်း ဆော့ကစားတတ်လာပြီ။
    • နို့စို့ရာကနေ အစားတွေပါ စစားတတ်လာတဲ့ အရွယ်ပါ။

    ၆ လသားအရွယ်

    • ခန္ဓာကိုယ်ကို ဘယ်ရော ညာရောကိုပါ လှိမ့်တတ်လာပြီ။
    • ပစ္စည်းသေးသေးလေးတွေကို သူ့ဆီရောက်အောင် ဆွဲယူတတ်လာပြီ။
    • ပါးစပ်က ဘူးမှုတ်ရင်း၊ အသံလေးတွေ စထွက်တတ်လာပြီ။
    • အမူအရာလေးတွေ ညင်သာလာပြီး အရင်ကထက် ပိုပြီး တက်တက်ကြွကြွ ရှိလာပါပြီ။

    ၇ လသားအရွယ်

    • ဝမ်းလျား စမှောက်တတ်ပြီ။
    • သွားချင်တဲ့ဆီကို နည်းနည်းမြန်မြန်လေး ဦးတည် ရွှေ့တတ်လာပြီ။
    • လက်ချောင်းလေးတွေ လက်မလေးတွေကို စအသုံးပြုတတ်ပြီ။
    • ပတ်ဝန်းကျင် နဲ့ လိုက်လျောညီထွေ နေတတ်လာပြီ။
    • ဒေါသထွက်တယ် ဆိုတာကို အမူအရာနဲ့ ပြတတ်လာပြီ
    • လူကြီးတွေ လုပ်ပြတဲ့ အသံအတိုင်း လိုက်လုပ်တတ်ပြီ။

    ၈ လသားအရွယ်

  • သေချာ ထိုင်တတ်လာပြီ။
  • လက်ခုပ် စတီးဖို့ ကြိုးစားပြီ။
  • နာမည် ခေါ်တဲ့ဆီကို ကြည့်တတ်ပြီ။
  • တုံ့ပြန်မှုတွေ လုပ်တတ်လာပြီ။
  • သူစိမ်းတွေကို  ရှက်တတ်လာပြီ။
  • လူများရင် စိတ်ရှုပ်ထွေးတတ်လာပြီ။
  • ၉ လသားအရွယ်

    • ကုတ်ဖက်တွယ်တတ်ပြီ။
    • လှေကားတွေ တက်ချင်နေပြီ။
    • လူကြီးတွေ လုပ်ပြတဲ့ အမူအရာအတိုင်း လိုက်လုပ်တတ်ပြီ။
    • မေမေဖေဖေတို့နဲ့ ကစားတတ်ပြီ။
    • အရာဝတ္ထုလေးတွေကို စူးစမ်းသင်ယူပြီ။

    ၁၀ လသားအရွယ်

    • မတ်တတ် စမ်းပြီ။
    • အရုပ်တွေကို စပြီး ရောထွေးတတ်ပြီ။ စိတ်ကြိုက်ရောနှောပြီး ဆော့တတ်ပြီ။
    • ကိုယ့်ကိုယ်ကို ယုံကြည်မှု စတင်တည်ဆောက်ပါပြီ။
    • လက်ခုပ်တီးတာတွကို ပြန်တုံ့ပြန်တတ်ပြီ။
    • ပျော်ရွှင်တာ၊ဒေါသဖြစ်တာ၊ စိတ်ဆိုးတာ၊ ဝမ်းနည်းတာတွေကို သေသေချာချာ ဖော်ပြတတ်ပြီ။

    ၁၁ လသားအရွယ်

    • သင့်ကို စာဖတ်ခွင့်၊ အလုပ်လုပ်ခွင့် မပေးတော့ပါဘူး။
    • ဖေဖေမေမေ တီတီတာတာ စခေါ်တတ်ပါပြီ။
    • သူ့စိတ်ကြိုက်နေတတ်လာပြီ။
    • စကား စပြောနေပြီ။
    • ရေချိုးရတာ ကြိုက်လာပြီ။
    • အပြင်သွားချင်လာပြီ။

    ၁၂ လသားအရွယ်

    • မတ်တတ် ကောင်းကောင်းရပ်နိုင်ပြီ။
    • လမ်းစလျှောက်ဖို့ ကြိုးစားနေပြီ။
    • အဝတ်အစား ဝတ်ပေးတဲ့အခါ အလိုက်သင့် နေတတ်လာပြီ။
    • ဒေါသထွက်တတ်၊ စိတ်ဆိုးတတ်ပြီ။
    • ပြောင်စက်စက်လေးတွေ စလုပ်တတ်လာပြီ။

    ဘေဘီလေး ပထမနှစ်အတွင်း ဘာတွေ သင်ကြားပေးရမလဲ

    မေမေဖေဖေတို့အနေနဲ့ ဘေဘီလေးရဲ့ ပထမဆုံး တစ်နှစ်တာ ကာလအတွင်းမှာ

    လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ မှတ်တိုင်အတွက်

    • ဘေဘီလေးနဲ့ လက်ဖဝါးချင်း ဘယ်ညာခေါ်ရိုက်ပေးရင်း ကစားရတဲ့ ကစားနည်းလေးတွေ ကစားပေးပါ။

    ဘာသာစကားနဲ့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ မှတ်တိုင်အတွက်

    • တာ့တာ့ နှုတ်ဆက်တတ်အောင်
    • မိဘတွေကို ဖေဖေ မေမေ ဒါမှမဟုတ် အခြား ခေါ်ဝေါ်သုံးနှုန်းတဲ့ စကားလုံးတွေကို ပြောတတ်အောင်
    • မလုပ်ရဘူး၊ မရဘူးဆိုတာတွေကို သိနားလည်အောင် သင်ပေးပါ။

    သိမြင်မှု စွမ်းရည်ဆိုင်ရာ မှတ်တိုင်အတွက် [သင်ယူနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း]

    • တစ်ခုခုကို ခွက်အလွတ်ထဲ ထည့်ပြီး ကစားစေတာ
    • တူဝါးဆော့တာ၊ အရုပ်လေးတွေကို စောင်နဲ့ အုပ်ထားပြီး အုပ်လိုက် လှန်လိုက် ဆော့တာမျိုးတွေ လုပ်ပေးပါ။

    လှုပ်ရှားမှုပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု မှတ်တိုင်အတွက်

    • မတ်တတ်ရပ်နိုင်အောင် ထူမပေးပါ
    • တစ်ခုခုကို ကိုင်ပြီး လမ်းလျှောက်တတ်အောင်
    • ခွက်ထဲကနေ သောက်တတ်အောင်
    • လက်ညှိုးနဲ့ လက်မသုံးပြီး စားစရာလေးတွေကို ယူတတ် စားတတ်အောင် သင်ပေးပါ။

    အခု ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့် ကို သိသွားပြီ ဟုတ် …..

    ဘေဘီလေးရဲ့ ပထမ တစ်နှစ်တာက စိတ်လှုပ်ရှားစရာတွေ ပြည့်နေသလို သင်ကြားပေးရတာတွေ၊ ဂရုစိုက်ပေးရတာတွေက အများကြီးပါ။ တာထွက်ကောင်းမှာ ပန်းဝင်ကောင်းမှာဆိုတော့ ဖေဖေမေမေတို့အနေနဲ့ မှတ်တိုင်တွေ စိုက်ထူမယ့် ဘေဘီလေးကို အကောင်းဆုံး ဖြစ်အောင် ဂရုစိုက် ပျိုးထောင်ပြီး ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးနိုင်ကြပါစေကြောင်း…………..

    Takeaway

    ဘေဘီလေးရဲ့ ပထမနှစ်တာ ကာလမှာ မိဘတွေက သေသေချာချာလေး ဂရုစိုက်ပေးတာက ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေနိုင်သလို မေမေဖေဖေတို့နဲ့ ဘေဘီလေးရဲ့ ကြားထဲမှာ ရင်းနှီးမှု တိုးပြီး ချစ်ခင်ယုံကြည်မှုလည်း တိုးပွားစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement