ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများအတွက်အဆိပ်ပိုဖြစ်စေသော ရေမလိုလက်သန့်ဆေးရည်များ

ရေမလိုလက်သန့်ဆေးရည်အနည်းငယ်ခန့်ကို လျှက်မိလျှင်ဖျားနာမှုမဖြစ်နိုင်သော်လည်းအရသာခံမိရုံလောက်မဟုတ်ပဲအများအပြားမျိုချမိသောကလေးများတွင် အရက်အဆိပ်သင့်ခြင်းအန္တရာယ် ရှိစေနိုင်ပါသည်။ မိဘများနှင့် ကျောင်းဝန်ထမ်းများကို အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများကိုသောက်မိပါက အန္တရာယ်ရှိစေနိုင်ကြောင်းသတိပေးထားရမည်။ အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများသည် အလွန်အသုံးဝင်ပြီးကလေးများပိုမွှားအန္တရာယ်ကင်းဖို့ရာဘက်တီးရီးယားများ၊ ဗိုင်းရပ်များကိုတချို့မှလွဲ၍ သတ်ပေးနိုင်သောနည်းလမ်းဖြစ်သော်လည်းကလေးများကမလျော်မကန်သုံးမိလျှင် အန္တရာယ်ဖြစ်စေနိုင်သည်။ ဖြစ်ရပ်အချို့တွင် မျက်လုံးစပ်ခြင်း၊ အန်ခြင်းများတွေ့ရပြီးတစ်ချို့အနည်းစုသောဖြစ်ရပ်များတွင် ကလေးမှမျိုချမိပြီ Coma ဝင်သွားတာမျိုးဖြစ်ပွားဖူးပါသည်။   အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးအကြောင့်ဘာသိထားရမလဲ အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများသည် လှပသောအရောင်ပုလင်းများနှင့်လာသည်။ တလက်လက်အမှုန်များနှင့် အလှဆင်ထားနိုင်ပြီးပီကေလိုအနံ့မွှေးမွှေးမျိုး၊ လီမွန်နိတ်လိုသစ်ခွလိုအနံ့မျိုးရှိတတ်၏။ ဤကဲ့သို့ထုပ်ပိုးမှုသည် ကလေးငယ်များကိုဆွဲဆောင်စေနိုင်သည်။ နည်းနည်းလောက်မျိုချမိရုံနှင့်ပင် ကလေးငယ်ကိုအဆိပ်သင့်စေနိုင်သည်။ အရက်ကိုတစ်ခွက်နှစ်ခွက်လောက် သောက်လိုက်သည်နှင့် တူသွားစေ၏။ ကျောပိုးအိတ်ထဲအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးထည့်ပေးလိုက်ရုံနှင့်တော့ ပြဿနာမဖြစ်နိုင်ပါ။ သို့သော် တစ်ချို့သောအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးမျာတွင် အရက်ပြန် ၆၀ % ပါဝင်ပါသည်။ အရက်ပြန်သည် သာမန်အရက်များထက် ပြင်းအားပိုကောင်းသည်။ နှိုင်းယှဉ်ကြည့်ပါကဘီယာနှင့်ဝိုင်များတွင် အရက်ပမာဏ ၁၀ -၁၅% လောက် ၅-၁၀% လောက်သာပါပါသည်။ ထို့ကြောင့် မိဘများကကလေးကိုစီစကီသို့ ရမ် တစ်ပုလင်းနှင့်ကျောင်းလွှတ်လိုက်သလို ဖြစ်သွား၏။ ကလေးငယ်များသည် အရွယ်အစားသေးငယ်သောကြောင့် အရွယ်ရောက်ပြီးသူများထက် အရက်အဆိပ်သင့်မှုကိုပိုဖြစ်စေနိုင်တာဖြစ်သည်။ ခလုတ်တိုက်မိခြင်း၊ […]


အခြားကလေးကျန်းမာရေးပြဿနာများ

အရိုးကျိုးသွားသော သင့်ကလေးငယ်အား အမြန်သက်သာဖို့ ဘယ်လိုကူညီမလဲ

ဘယ်ကလေးမဆိုအရွယ်ရောက်လာသည်နှင့်အမျှ သွေးခြေဥတာ ခြစ်ရာပွန်းရာဖြစ်တာမျိုးရှိလာပါမည်။ အရိုးကျိုးခြင်းဆိုတာလဲ ဖြစ်လာနိုင်သည့်ပြဿနာမျိုးပင်။   အရိုးကျိုးသောနေ့တွင် ပြုစုခြင်း အရေးကြီးဆုံးလုပ်ရမည်မှာကျိုးသောအရိုးနေရာကိုကလေး၏နှလုံးထက်ပိုမြင့်မြင့်ထားရမည်ဖြစ်သည်။ ထိုမှသာ နှလုံးဆီသို့ အရည်များစီးဆင်းမှုကိုအထောက်အကူပြုပြီးရောင်းရမ်းခြင်းမသက်မသာဖြစ်ခြင်းကိုလျော့ချနိုင်ပါမည်။ ထို့အပြင် ကလေးငယ်လှဲလျှင်ဖြစ်စေထိုင်လျှင်ဖြစ်စေခိုင်းမိသည့်နေရာကိုအမှီအတွယ်တစ်ခုခုပေးထားခြင်းဖြင့် အနာသက်သာစေနိုင်သည်။ ဒဏ်ရာရပြီးနောက် ၂ ရက်အတွင်းအရိုးကျိုးသည့်နေရာတွင် ရေခဲဝတ်အုပ်ပေးနိုင်ပါသည်။ နောက်ရက်တွင် ရေဖဲဝတ်ကို ခဏခဏလဲပေးသင့်သည်။ ရေခဲဝတ်သည် သေချာချည်လို့ရသည့် ပလက်စတစ်အိတ်ဖြစ်စေတဘက်ဖြစ်စေသုံးလျှင် ကျောက်ပတ်တီးရေမဆိုစေရန်ဂရုစိုက်ပါ။ ဆေးဆိုင်မှသေချာဝယ်သော ပါရာစီတမောလိုIbuprofen လိုဆေးမျိုးသည် ကလေးများအတွက် စိတ်ချစွာသုံးနိုင်ပါသည်။   ကျောက်ပတ်တီးကိုဘယ်လိုဂရုစိုက်မလဲ ခန္ဓါကိုယ်ကိုကျောက်ပတ်တီးထူထူနှင့်ကြပ်စည်းထားပါကယားယံပြီးစိတ်ရှုပ်စေတတ်ပါသည်။ ယားယံခြင်းသည် ပတ်တီးအောက်တွင်အဆီများစုလာသောကြောင့် ဖြစ်လာခြင်းဖြစသည်။. ပတ်တီးအတွင်းတုတ်နှင့်ထိုးမကုတ်စေရန် ကလေးကိုသေချာစောင့်ကြည့်ထားပါ။ ပိုးဝင်တတ်ပါသည်။ ပတ်တီးအပြင်ဖက်ကိုအသာခေါက်ပေးတာမျိုးလုပ်ပေးနိုင်သည်။ အဆင်မပြေသေးပါကဆံပင်လေမှုတ်စက်ကိုလေးအေးပေးခလုတ်ကိုနှိပ်ပြီးမှုတ်ပေးနိုင်ပါသည်။ ဘာမီတွန်လိုဆေးမျိုးသည် ယားယံမှုကိုသက်သာစေသည်။ သို့သော်လည်းအိပ်ငိုက်စေတတ်သည်ကိုသတိပြုပါ။ ထိုကြောင့်တိုက်မည်ဆိုလျှင် အိပ်ယာဝင်ခါနီးမှသာတိုက်ပါ။ အရေးကြီးဆုံးကကျောက်ပတ်တီးခြောက်သွေ့နေစေရန်သာပင်။ ပတ်တီးကိုဖုံးရန်တစ်ခုခုဝယ်ဖို့လဲ စဉ်းစားနိုင်ပါသည်။ မည်သို့ဆိုစေဘယ်အဖုံးအကာမှ ၁၀၀% ရေမလုံပါ။ ထို့ကြောင့် ဖုံးထားသည်ဆိုပြီးရေငုပ်တာမျိုးဆိုစေတာမျိုးမလုပ်နှင့်။   ပြန်ကောင်းလာသောအခါ ကျောက်ပတ်တီးသည် အရိုးဆက်ရန်အတွက်အရေးပါကြောင်းကိုကလေးနားလည်အောင်ရှင်းပြထားပါ။ ကျိုးနေသည့်အစိတ်အပိုင်းကိုလှုပ်ရှားလျှင်သေချာဂရိုက်ပါ။ ပြန်ကျိုးနိုင်သည့်အန္တရာယ်ရှိသည်။ ကျောက်ပတ်တီးဖြည်ပြီးနောက် ထိုနေရာသည်တစ်မျိုးကြီးဖြစ်နေပြီးနာကောင်းနာနေနိုင်ပါသည်။ အဆစ်များအရွတ်များလဲမလှုပ်ရှားရတာကြာပြီဖြစ်၍ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ရဲ့မွေးကင်းစ ကလေးငယ်အတွက် အသုံးဝင်မယ့် ပစ္စည်းကိရိယာများ

သင့်ကလေးကို သူတို့ဘဝရဲ့အစလသားအရွယ်လေးတွေမှာ ပြုစုစောင့်ရှောက်ဖို့ဆိုတာ တကယ်တမ်းတော့မလွယ်လှပါဘူး။ ဒါကြောင့်သင့်မှာ နည်းလမ်းတွေနဲ့ အသုံးအဆောင်ကိရိယာပစ္စည်းတွေအများကြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ ဆောင်းပါးဟာ သင့်ကလေးငယ်ကိုစောင့်ရှောက်တဲ့နေရာမှာ အကူအညီဖြစ်စေနိုင်မယ့် နည်းလမ်းတွေ ပေးနိုင်ပါလိမ့်မယ်။ မိခင်နို့ တိုက်ကျွေးခြင်းနဲ့ နို့ဗူးတိုက်ခြင်း Nursing or feeding pillow. သူတို့တွေကို ကလေးငယ်တွေနို့ဗူးစို့တဲ့အခါနဲ့ မိခင်နို့တိုက်ကျွေးတဲ့အခါမှာ ပုခုံးနဲ့လည်ပင်းတွေပေါ်မကျအောင် အထူးပြုလုပ်ထားပါတယ်။ ဒါတွေက သင့်ကလေးကို ပုံစံအနေအထားမှန်အောင်လုပ်ပေးတဲ့နေရာမှာ ပိုမိုကောင်းမွန်ပြီး သာမန်ခေါင်းအုံးတွေထက် ပိုပြီး သက်တောင့်သက်သာရှိစေ အဆင်ပြေစေပါတယ်။ သင်က မိခင်နို့တိုက်ကျွေးခြင်းမလုပ်ဘူးလို့ ဆုံးဖြတ်ထားရင် formula milk (မိခင်နို့မဟုတ်သော လူလုပ်နို့ရည်) ကိုပြင်ဆင်ထားပါ။ သင့်ကလေးရဲ့အရွယ်နဲ့လိုက်ဖက်မယ့် မှန်ကန်တဲ့နို့အမျိုးအစားကိုရွေးချယ်နိုင်ဖို့ ဆရာဝန်သို့မဟုတ် ကလေးအထူးကုနဲ့ တိုင်ပင်ဆွေးနွေးပါ။   ရေချိုးခြင်း ရေချိုးဇလား (bath tub): ကလေးရဲ့ အစောပိုင်းလသားအရွယ်လေးမှာ မီးဖိုချောင်ရဲ့ဘေစင်မှာရေချိုးပေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးအတွက်အထူးပြုလုပ်ထားတဲ့ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အော်တစ်ဇင်ကလေးကို ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကူအညီပေးမလဲ

အော်တစ်ဇင်ဝေဒနာရှင်ကလေးတွေဟာတခြားလူတွေနဲ့ဆက်ဆံပြောဆိုဖို့အရမ်းကိုခက်ခဲပါတယ်။ အော်တစ်ဇင်ကိုအရှင်းပျောက်သွားအောင်မကုသပေးနိုင်ပေမယ့်သူတို့လေးတွေရဲ့ပေါင်းသင်းဆက်ဆံရေးပိုပြီးလွယ်ကူအဆင်ပြေလာအောင်တော့ကူညီပေးလို့ရနိုင်ပါတယ်။ တကယ်လို့သင့်မှာအော်တစ်ဇင်ကလေးရှိတယ်ဆိုရင်ဒါမှမဟုတ်ဒီကိစ္စကိုစိတ်ဝင်စားတယ်ဆိုရင်အခုဆောင်းပါးလေးကိုဖတ်ကြည့်သင့်ပါတယ်။ အော်တစ်ဇင်ကလေးတွေမှာကြုံတွေ့ရလေ့ရှိတဲ့ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကဘာတွေလဲ။ အော်တစ်ဇင်ကလေးတွေဟာသူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲနေလေ့ရှိပြီးတခြားသူတွေနဲ့ဆက်သွယ်နိုင်လေ့မရှိပါဖူး။ သူတို့ဟာဘာသာစကားနဲ့ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကိုရင်ဆိုင်ရလေ့ရှိပါတယ်။ တခြားသူတွေသူတို့ကိုဘာပြောတယ်ဆိုတာသူတို့နားမလည်သလိုသူတို့လေးတွေရဲ့စိတ်ထဲမှာရှိတာတွေကိုလည်းတခြားသူတွေနားလည်အောင်ပြောပြနိုင်စွမ်းမရှိကြပါဖူး။ ဒါ့အပြင်ခြေဟန်လက်ဟန်အမူအရာ၊မျက်လုံးချင်းဆုံတာ၊မျက်နှာအမူအရာစတဲ့ body language(ကိုယ်ဟန်အမူအရာနဲ့ဆက်သွယ်တာ) နဲ့ဆက်သွယ်နိုင်ခြင်းလည်းမရှိပါဖူး။body language ဆိုတာဘာမှန်းတောင်သူတို့လေးတွေနားလည်ဟန်မတူပါဖူး။ ဒါပေမယ့်အော်တစ်ဇင်ကလေးတွေအားလုံးကတော့ဒီလိုမျိုးပေါင်းသင်းဆက်ဆံရေးပြဿနာတွေရှိတာမဟုတ်ပါဖူး။ ပေါင်းသင်းဆက်သွယ်နိုင်စွမ်းမှာအော်တစ်ဇင်ဝေဒနာရှင်ကလေးတွေအနေနဲ့တယောက်နဲ့တယောက်ကွာခြားမှုတွေရှိနေပါတယ်။ တချို့ကလေးတွေဟာနည်းနည်းစကားပြောနိုင်၊နားလည်နိုင်စွမ်းရှိပါတယ်။ တချို့တွေကျပြန်တော့စကားပြောတာ (စာလုံးတွေကိုအသံထွက်ဖတ်တာမျိုး) မလုပ်နိုင်ပါဖူး။ တချို့ကလေးတွေကသူတို့ခံစားရတာ၊ပြောချင်တာကိုထုတ်ပြောနိုင်စွမ်းမရှိသလိုတချို့များဆိုရင်ပညာရပ်ဆိုင်ရာ၊ဘာသာရပ်ဆိုင်ရာတွေကိုတကယ့်ပညာရှင်ကြီးတယောက်လိုပြောတတ်နေပြန်ရော။ အော်တစ်ဇင်ကလေးတွေရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာတွေ ထပ်ခါတလဲလဲပြောတာ အော်တစ်ဇင်ကလေးတွေဟာသူတို့တီဗီမှာကြားလိုက်ရတဲ့စကားလုံးကိုပဲဖြစ်ဖြစ်၊တယောက်ယောက်ဆီကကြားလိုက်ရတာကိုပဲဖြစ်ဖြစ်ထပ်ခါတလဲလဲရေရွတ်နေလေ့ရှိပါတယ်။ သူတို့ထပ်ခါတလဲလဲပြောနေတဲ့စကားတွေဟာအဓိပ္ပါယ်ရှိချင်မှလည်းရှိမယ်၊ဒါမှမဟုတ်ပြောနေတဲ့စကားနဲ့မဆိုင်ဘဲထင်ရာတွေပြောနေတာလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သင်ကမေးခွန်းမေးလိုက်ရင်လည်းအော်တစ်ဇင်ကလေးဟာအဖြေအဖြစ်သင့်ကိုအဲ့ဒီမေးခွန်းပဲ ပြန်ရွတ်ပြကောင်းရွတ်ပြပါလိမ့်မယ် (မခက်လား)။ သူတို့စကားပြောရင်အသံကထူးခြားကောင်းထူးခြားနေလိမ့်မယ်။ ပြီးတော့သူတို့ရဲ့နာမည်ကိုအရင်မိတ်ဆတ်ပြီးစကားစပြောကောင်းပြောပါလိမ့်မယ်။ တခြားလူနဲ့စကားပြောရခက်တာ အော်တစ်ဇင်ကလေးတွေဟာပုံဆွဲတာ၊ဂဏန်းတွေရေတွက်တာစတဲ့ကိစ္စတွေမှာထူးချွန်ကောင်းထူးချွန်နေပါလိမ့်မယ်။ သူတို့စိတ်ဝင်စားတဲ့အကြောင်းကိုတယောက်ထဲတနေကုန်ထိုင်ပြောနိုင်ပေမယ့်တခြားလူတယောက်နဲ့စကားအပြန်အလှန်ပြောရတော့မယ်ဆိုရင်ဘယ်လိုမှပြောမထွက်တော့ပါဖူး။ ဘာသာစကားလေ့လာတတ်မြောက်မှုမူမမှန်တာ ဘာသာစကားနဲ့ပတ်သက်လို့အော်တစ်ဇင်ကလေးဟာလည်းတတ်မြောက်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့်သူတို့အသက်ကြီးလာတာနဲ့အမျှတတ်မြောက်မှုဟာမူမမှန်ဖြစ်လာပါလိမ့်မယ်။ဥပမာပြောရရင်တချို့အော်တစ်ဇင်ကလေးတွေဟာအသက်ငါးနှစ်လောက်ကတည်းကသတင်းစာတွေစာအုပ်တွေကိုဖတ်နိုင်ပါတယ်။ ပြဿနာကသူတို့ဖတ်လိုက်တဲ့စာတွေကဘာအဓိပ္ပါယ်တွေကိုဆိုလိုတယ်ဆိုတာသူတို့နားမလည်နိုင်ပါဖူး(ထူးဆန်းပါတယ်)။ တချို့ဝေဒနာရှင်လေးတွေကျပြန်တော့လည်းသူတို့နာမည်ကိုခေါ်ရင် ပြန်မထူးပါဖူး(ဘာမှမတုန့်ပြန်ပါဖူး)။ ဘယ်လိုဆက်သွယ်ရေးနည်းကိုမှအသုံးမပြုနိုင်တာ အော်တစ်ဇင်ကလေးတွေဟာသူတို့ရဲ့ခံစားမှုဒါမှမဟုတ်တခုခုလိုချင်တာဖြစ်ချင်တာကိုမျက်နှာအမူအရာတွေကနေတဆင့် ပြနိုင်စွမ်းလည်းမရှိကြရှာပါဖူး။ လူတယောက်နဲ့စကားပြောတဲ့အခါမှာမျက်စိချင်းဆုံပြီးမပြောတတ်သလိုသူတို့စိတ်မဝင်စားတဲ့အရာတွေဆိုရင်လည်းလုံးဝမကြည့်ပါဖူး။ သူတို့လေးတွေကိုဘယ်လိုများကူညီနိုင်မလဲ။ တခြားကလေးတွေနဲ့မတူနိုင်ဖူးဆိုပေမယ့်သူတို့လေးတွေကိုလည်းပေါင်းသင်းဆက်ဆံရေး၊တဦးနဲ့တဦးဆက်သွယ်ရေးတွေမှာအဆင်ပြေလာစေဖို့စိတ်ရှည်ရှည်နဲ့ကူညီပေးနိုင်ပါတယ်။ စာကြောင်းအတိုလေးတွေနဲ့စပါ။ အော်တစ်ဇင်ကလေးကိုရှုပ်ထွေးရှည်လျားတဲ့စကားအရှည်ကြီးတွေသွားမပြောပါနဲ့။ သူတို့နားလည်နိုင်မှာမဟုတ်ပါဖူး။ တဖြည်းဖြည်းအခြေအနေတိုးတက်လာပြီဆိုတော့မှစကားလုံးလေးတွေထပ်ထပ်ထည့်ပြီးနည်းနည်းရှည်တဲ့စာကြောင်းလေးတွေကိုပြောပါ။ ကလေးတွေပြောတဲ့စကားလုံးလေးတွေနဲ့ပြောပါ(မန်မန်း၊အော်အော့ကြီးစသဖြင့်ပေါ့)။ ဒီလိုစကားလေးတွေဟာကလေးတွေအတွက်ရင်းနှီးနွေးထွေးမှုကိုပိုခံစားရစေပါတယ်။=အော်တစ်ဇင်ကလေးနဲ့စကားပြောတာကိုယ်ကပါအသံသေကြီးနဲ့ပြောမနေပါနဲ့။ အသံကိုအနိမ့်အမြင့်အဖိအဖော့စသဖြင့်ကလေးစိတ်ဝင်စားအောင်ပြောပါ။ ကလေးလေးတွေကိုမေးခွန်းတွေမေးပါ။ သူတို့ပြန်ဖြေပါစေ။ စကားပြောရင်မျက်စိတည့်တည့်ကိုကြည့်ပြီးပြောဖို့မျက်နှာအမူအရာနဲ့ပြောတတ်ဖို့ကိုတတ်နိုင်သမျှသင်ပေးပါ။ သူတို့စိတ်ဝင်စားမယ်ထင်တာလေးတွေ(လည်နေတာလေးတွေ-ဥပမာဒီခေတ်ဆိုရင် fidget spinner လိုမျိုးပေါ့)ကိုကြည့်ခိုင်းပါ။ အော်တစ်ဇင်ကလေးတွေမှာ ဖြစ်တတ်တဲ့ပေါင်းသင်းဆက်သွယ်ရေးဆိုင်ရာပြဿနာတွေကြောင့်ကလေးတွေဟာဘာသာစကားအသုံးပြုရာမှာ၊တခြားသူတွေပြောတာကိုနားလည်ဖို့ကြိုးစားတဲ့နေရာမှာဒါမှမဟုတ်အကြည့်ချင်းဆုံပြီးစကားပြောဖို့ကြိုးစားရာမှာနဲ့မျက်နှာအမူအရာပြဖို့ကြိုးစားရာမှာအခက်အခဲတွေအများကြီးရင်ဆိုင်ကြရရှာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သင့်အနေနဲ့အော်တစ်ဇင်ကလေးတွေကိုနားလည်ပေးမှုအပြည့်နဲ့ကူညီပေးမယ်ဆိုရင်ကလေးတွေရဲ့ပေါင်းသင်းဆက်သွယ်နိုင်စွမ်းတိုးတက်လာမှာပါ။ တခြားပုံမှန်ကလေးတွေလိုတော့မဟုတ်ဖူးပေါ့။   Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီပိုး

အသည်းတစ်ရှူးတွေမှာ အသည်းရောင် အသားဝါဘီပိုး ကူးစက်ပြီး အသည်းတစ်ခုလုံး ရောင်ရမ်းလာတာကို ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီရောဂါလို့ ခေါ်ပါတယ်။ တခြား ဖြစ်လေ့ရှိတဲ့ အသည်းရောင် အသားဝါရောဂါတွေက အေပိုး နဲ့ စီပိုးတို့ကြောင့် ဖြစ်ပါတယ်။ ကလေးတွေမှာ အသည်းရောင် အသားဝါဘီရောဂါ ဘာလို့ဖြစ်တာလဲ။ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့သူရဲ့ သွေး ဒါမှမဟုတ် ခန္ဓာကိုယ်က ထွက်တဲ့ တခြားအရည်တွေကနေတဆင့် ကလေးတွေဆီကို ဘီပိုး ကူးစက်နိုင်ပါတယ်။ ကူးစက်လေ့ရှိတဲ့ပုံစံတွေက ဘီပိုးရှိတဲ့အမေဆီကနေ မွေးနေတဲ့အချိန်မှာကူးမယ်။ ဘီပိုးရှိတဲ့သူက ကိုက်လိုက်လို့ အရေပြားလည်း စုတ်ပြဲသွားရင် ကူးနိုင်တယ်။ ကိုယ့်အနာထဲကို (အနာကလည်း open wound လို့ခေါ်တဲ့ ဟောင်းလောင်းပွင့်နေတဲ့ အနာဆိုရင်) ဘီပိုးရှိသူရဲ့ ခန္ဓာကိုယ်က အရည် တစ်မျိုးမျိုးဝင်သွားရင်ကူးနိုင်တယ်။ သွားပွတ်တံလိုမျိုး တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ဘီပိုးရှိသူနဲ့ မျှဝေသုံးရင် ကူးနိုင်တယ်။ ဘီပိုးရှိတဲ့သူ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အော်တစ်ဇင်ကလေးကို စကားပြောဖို့ ဘယ်လိုသင်ပေးကြမလဲ

အော်တစ်ဇင်ဆိုတာဘာလဲ။ အော်တစ်ဇင်(Autism Spectrum Disorder လို့လည်းခေါ်ကြတယ်)ဆိုတာ ပြင်းထန်ဆိုးရွားတဲ့ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါတမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာဝေဒနာရှင်ကလေးရဲ့တခြားလူတွေနဲ့ပြောဆိုပေါင်းသင်းဆက်ဆံနိုင်စွမ်းကိုအဓိကထိခိုက်စေပါတယ်။ အရာတခုခုဒါမှမဟုတ်စိတ်ဝင်စားရာတခုခုကိုတချိန်လုံးထပ်ခါတလဲလဲလုပ်နေတတ်တဲ့အမူအကျင့်ဟာလည်းဒီရောဂါရဲ့လက္ခဏာတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဒီရောဂါဟာပေါင်းသင်းဆက်ဆံရေး၊ပညာရေးနဲ့နေ့စဉ်နေထိုင်သွားလာမှုတွေကိုဆိုးဆိုးရွားရွားကိုထိခိုက်စေတာပါ။   ကိုယ့်ကလေးမှာအော်တစ်ဇင်ရောဂါဖြစ်နေပြီဆိုတာဘယ်လိုသိနိုင်မလဲ။ အောက်မှာပြောပြထားတဲ့အချက်တွေကိုသတိထားမိပြီဆိုရင်ကလေးကိုဆရာဝန်ဆီခေါ်သွားပါ။ အသက်၆လမှာမပြုံးမရယ်တာ၊အရယ်အပြုံးကိုမတုန့်ပြန်တာ။ အသက်၉လမှာပတ်ဝန်းကျင်ကကြားရတဲ့အသံလေးတွေကိုလိုက်မတုပတာ၊ဘာမျက်နှာအမူအရာမှမဖော်ပြတာ။ အသက်၁၂လမှာဘာသံမှမပြုနိုင်သေးတာ။ အသက်၁၄လမှာလက်ဟန်ခြေဟန် (လက်ညှိုးထိုးတာ၊လက်ဝှေ့ယမ်းတာမျိုး) မလုပ်ပြနိုင်တာ။ အသက်၁၆လမှာစကားတလုံးတောင်စမပြောနိုင်သေးတာ။ အသက်၁၈လမှာတခုခုလုပ်တမ်းမဆော့တတ်တာ (ဥပမာ။ ကျားကြီးလုပ်မယ်၊သားသားလေးကဆင်ကြီးဖြစ်သွားပြီစသဖြင့်ပေါ့)။ အသက်၂၄လမှာစကားစုနှစ်စုမပြောနိုင်တာ။ အရင်ကတတ်ပြီးသားစကားတွေ၊လုပ်တတ်ပြီးသားအရာတွေ (ဘယ်အချိန်မှာမဆို)ပျောက်ကုန်တာ။   အော်တစ်ဇင်ကလေးတွေစကားပြောတတ်လာအောင်ဘယ်လိုကူညီပေးမလဲ။ အသုံးဝင်တဲ့နည်းစနစ်လေးတွေအောက်ပါဖော်ပြထားပါတယ်။ ကလေးတွေဟာကစားရင်းနဲ့သင်ယူတာဖြစ်တာမို့ကစားနည်းလေးတွေများများဆော့ပေးပါ။ တခြားကလေးတွေနဲ့ပေါင်းသင်းဆက်ဆံခိုင်းပါ။ စကားသင်တဲ့အခါမှာလည်းဒီသဘောအတိုင်းပဲဖြစ်ပါတယ်။ အပြန်အလှန်ကစားရတဲ့ဂိမ်းကစားနည်းလေးတွေဟာသင်နဲ့သင့်ရင်သွေးလေးတို့အပြန်အလှန်နီးနီးကပ်ကပ်ဆက်ဆံနိုင်မယ့်အခွင့်အလမ်းကောင်းတခုဖြစ်ပါတယ်။ ကလေးသဘောကျနှစ်ခြိုက်တဲ့ကစားနည်းမရောက်မချင်းတမျိုးပြီးတမျိုးပြောင်းကစားပါ။ ပေါင်းသင်းဆက်ဆံရေးကိုတိုးတက်မြင့်မားစေတဲ့ကစားနည်းလေးတွေကိုလည်းရှာဖွေကစားပေးပါ။   သင့်ကလေးရဲ့အသံနဲ့ကစားတဲ့ဟန်အမူအရာလေးတွေကိုတုပပြီးလုပ်ပြပါ။ ဒီလိုလုပ်ခြင်းဟာသင့်ကလေးနဲ့ဆက်ဆံရာမှာအထောက်အကူဖြစ်စေသလိုသူလေးကလည်းတပြန်တလှည့်သင့်ကို ပြန်ပြီးအတုခိုးပြပါလိမ့်မယ်။ ဒါပေမယ့်ဒီနေရာမှာတခုသတိထားရမှာကကလေးရဲ့မကောင်းတဲ့အမူအရာဟန်ပန်တွေ၊ဖျက်လို့ဖျက်ဆီးလုပ်တာတွေကိုတော့အားပေးအားမြှောက်နဲ့တုပမပြမိဖို့ပဲ ဖြစ်ပါတယ်။   =သင့်ကလေးကိုစကားများများပြောဖို့အခွင့်အလမ်းလေးတွေဖန်တီးပေးပါ။ သင့်ကလေးကတော်တော်နဲ့စကားမပြောနိုင်တဲ့အခါသင့်အနေနဲ့အားမလိုအားမရဖြစ်ပြီးထောက်ပေးဖို့ကြိုးစားမိပါလိမ့်မယ်။ ဒီလိုမလုပ်ပါနဲ့။ ကလေးကစကားပြန်မပြောသည့်တိုင်သူလေးကိုတတ်နိုင်သမျှစကားပြောနိုင်ဖို့အခြေအနေလေးတွေကို ပြုလုပ်ပေးပါ။ တကယ်လို့သင်ကကလေးကိုမေးခွန်းတခုမေးချင်တဲ့အခါမျိုးဒါမှမဟုတ်ကလေးကသင့်ကိုတခုခုပြောပြဖို့ကြိုးစားနေတယ်လို့သတိထားမိတဲ့အခါမျိုးတွေမှာသူလေးရဲ့မျက်နှာကိုကြည့်ပြီး ငြိမ်ငြိမ်လေးနေကာစောင့်ကြည့်ပြီးကလေးကိုစကားပြောဖို့အခွင့်အရေးပေးပါ။ အသံလေးထွက်လာတာဒါမှမဟုတ်အမူအရာတခုခုပြတာမျိုးကိုအသေအချာစောင့်ကြည့်ပြီးချက်ချင်းတုန့်ပြန်ပေးပါ။   လွယ်လွယ်နဲ့ရိုးရိုးရှင်းရှင်းပြောပါ။ ရိုးရှင်းပြီးလွယ်ကူတဲ့စကားလုံးလေးတွေရွေးချယ်ပြီးသုံးမယ်ဆိုရင်ကလေးငယ်အနေနဲ့သင်ဘာပြောလဲဆိုတာကိုပိုပြီးလွယ်လွယ်ကူကူနားလည်နိုင်စေမှာပါ။ ဒီလိုဆိုတော့သူတို့အတုခိုးပြီး ပြန်ပြောရင်လည်းပြောရလွယ်သွားမယ်လေ။ သင့်ကလေးဟာစကားလုံးဝမပြောဖူးဆိုရင်တော့စကားလုံးတလုံးထဲနဲ့ကလေးကိုဆက်သွယ်ပြောဆိုပါ (ဥပမာ။ ဘောလုံးနဲ့ဆော့နေတဲ့အချိန်ဆို "ကန်" "ဖမ်း" စသဖြင့်ပေါ့)။ စကားလုံးတလုံးထဲနဲ့စတင်ပြီးသင့်ကလေးစကားပြောလာပြီဆိုရင်တော့နောက်ထပ်တလုံးဆီတက်တက်ပြီးသင်ပေး၊ပြောပေးသွားဖို့အရေးကြီးပါတယ်။ အဆင့်မကျော်ပါစေနဲ့။   Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးငယ် သင့်ကိုချစ်ကြောင်းသိရှိနိုင်တဲ့ နည်းလမ်း ၇ သွယ်

အမှန်တော့ သင်ဖြတ်သန်းခဲ့ရတဲ့ အိပ်ပျက်ညတွေ ပင်ပန်းနာကျင်ခဲ့ရတဲ့မီးဖွားမှုတွေအဆုံးမှာ သင့်ကလေးငယ်လေးက သင်မျှော်လင့်နေခဲ့တဲ့ပုံစံကိုတော့ ပြပေးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်နဲ့ ကလေးရင်းနှီးလာတာနဲ့အမျှ သင်တို့ကြားမှာ သံယောဇဉ်တွယ်လာတာကပြီး ဒါဟာ ‘ချစ်ပါတယ်’လို့ အကျယ်ကြီးပြောလိုက်တာထက် အများကြီးပိုသိသာတာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုသံယောဇဉ်တွယ်လာခြင်းက တိုးတက်လာခြင်းတစ်မျိုးပါ။ သင့်ကလေးက သင့်ဂရုစိုက်မှုတွေခံစားလာရတာနဲ့အမျှ တစ်နေ့ထက် တစ်နေ့သင့်ကို ပိုပိုချစ်လာပြီး သူတို့နည်းသူတို့ဟန်နဲ့ ကျေးဇူးတင်စကားပြောကြပါလိမ့်မယ်။ သင့်မျက်လုံးထဲကိုစိုက်ကြည့်မယ် ကလေးလေးတွေဟာ မျက်နှာတွေကိုလိုက်ကြည့်ရတာ နှစ်သက်တတ်ပြီး သင့်မျက်နှာကတော့ သူတို့ရဲ့ပထမဆုံးဦးစားပေးပေါ့။ စောင့်ရှောက်သူတွေဆီက ချစ်ခြင်းနဲ့ အာရုံစိုက်မှုတွေကိုဆွဲဆောင်ယူနိုင်မယ့် ထိုခံစားချက်အပြည့်နဲ့ အကြည့်တွေဟာ မွေးရာပါပင်ကိုယ်ဗီဇတစ်မျိုးပါ။ ကလေးတွေရဲ့ ထိုအကြည့်တွေဟာ သူတို့ဘဝအတွက် သင့်အရေးပါမှုကိုသိရှိလာတဲ့အတွက် သင့်အတွက်သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေ အစပေါ့။ သူတို့သိတဲ့သင့်ကိုယ်ရနံ့ ကလေးလေးတွေဟာ သူတို့ကိုစောင့်ရှောက်နေသူတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ သိရှိမှတ်မိပြီး ထိုသူတွေက သူတို့လေးတွေရဲ့ ဦးစားပေးတွေဖြစ်လာပါတယ်။ မွေးပျံ့နေတဲ့နှင်းဆီပန်းတွေနဲ့ သင့်ရဲ့ချွေးနံ့ နို့နံ့ရနေတဲ့အင်္ကျီကို ယှဉ်ရင် သူတို့ဟာသင့်အင်္ကျ ီ ကိုပဲ အမြဲတမ်းရွေးချယ်ကြပါလိမ့်မယ်။ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ရည်ထွက်သော ဖြစ်စဉ်

နို့တိုက်ခြင်းဆိုသည်မှာ နို့ရည်ဂလန်းများမှ နို့ရည်စစ်ထုတ်ခြင်းဖြစ်သည်။ မိခင်မှ သူ၏ကလေးငယ်ကိုနို့တိုက်သော အချိန်ကာလဖြစ်သည်။ နို့တိုက်ခြင်းနှင့် ပတ်သက်ပြီး အပြည့်အဝနားလည်ခြင်းအားဖြင့် မိခင်သည် နို့တိုက်ခြင်းဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ယခု ဆောင်းပါးထဲတွင် နို့ရည်ထွက်သော ဖြစ်စဉ် နို့ရည်ထွက်သော ဖြစ်စဉ် အကြောင်း ကြည့်လိုက်ကြစို့နော်။ နို့တိုက်ခြင်းဖြစ်စဉ် ကိုယ်ဝန်ရှိကာစအချိန်တွင် အီစထရိုဂျင်၊ပရိုဂျက်စတရုန်း၊ ပရိုလက်တင်စသော ဟော်မုန်းများနှင့် အခြားဟော်မုန်းများသည် မိခင်၏ရင်သားတွင် သိသိသာသာ ပြောင်းလဲမှုများဖြစ်ပေါ်စေပြီး ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများအနေဖြင့် နာကျင်ခြင်း၊ ရင်သားများရောင်ရမ်းခြင်းနှင်နု့ိသီးခေါင်းနှင့်နို့သီးခေါင်း ပတ်လည် အေရီရိုလာ (areola) ဧရိယာများတွင် ပိုမိုအရောင်ရင့်လာခြင်းတို့ဖြစ်ပေါ်သည်။ အခြားလက္ခဏာတစ်ခုသည် နို့သီးခေါင်းပတ်လည် အေရီရိုလာ (areola) ဧရိယာသည်ပိုပြီးကြီး ပိုပြီး သိသာထင်ရှားလာသည်။ သင်၏ခန္ဓါကိုယ်ထဲတွင် နို့ရည်ထုတ်သော ဂလန်းများနှင့် ကာကွယ်နိုင်စွမ်းရှိသောအဆီများသည် သင်၏ရင်သားတွင်ကြီးမားစွာ နေရာယူထားသောကြောင့်သင့်၏ရင်သားအား အရွယ်ပမာဏကြီးလာစေသည်။ အချင်း၏ဖွံ့ဖြိုးမှုသည် အီစထရိုဂျင်နှင့်ပရိုဂျက်စတရုန်း ထုတ်လုပ်မှုကိုလှုံဆော်ပေးသည်။ ထိုဟော်မုန်းများသည် နို့ထုတ်လုပ်ခြင်း၏ ရှုပ်ထွေးသောဖြစ်စဉ်ကို ကူညီပေးသည်။ သန္ဓေသားခြောက်ပတ်အရွယ်တွင် […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးများတွင်အစာအဆိပ်သင့်ခြင်း

သင့်ကလေးသည် သင်မရှိသောအချိန် သင်မမြင်ကွယ်ရာအချိန်သူလက်ထဲတွင်ရှိသောမည်သည့်အစာကိုမဆိုစားနိုင်သည်။ အကယ်၍သင်ကိုယ်တိုင်ဟင်းချက်သူဖြစ်နေလျှင်တောင်မှ သင့်ကလေးတွင် အစာအဆိပ်သင့်မှုဖြစ်ပွားနိုင်သေးသည်။ သင့်ကလေး အစာအဆိပ်သင့်လျှင် အလွန်အမင်းကြောက်လန့်သွားခြင်းသည် မှန်ကန်သောပြုလုပ်ရမည့်အရာတစ်ခုမဟုတ်ပါ။ အလွန်အမင်းကြောက်လန့်နေမည့်အစား အစာအဆိပ်သင့်ခြင်းနှင့် ပက်သက်ပြီးလုံလောက်သော ဗဟုသုတထားရှိပြီး အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်လေ့လာထားပါ။ အစာအဆိပ်သင့်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဘယ်အချိန်တွင်ဖြစ်ပွားတတ်သလဲ။ အစာအဆိပ်သင့်ခြင်းသည် မကောင်းတော့သော အစာများတွင် ပိုးမွှားများပေါက်ပွားရာမှ ဖြစ်ပွားသည်။ အချို့ကိစ္စရပ်များတွင် မကျက်တကျက်အစာများ၊ မီးပုံမှန်မရသော ရေခဲသေတ္တာထဲတွင် ထည့်ထားသော အစာများ၊ သေချာစွာ မသန့်စင်ထားသော အစာများထဲတွင် ပိုးမွှားများပေါက်ပွားခြင်းဖြစ်သည်။ အစာအဆိပ်သင့်ခြင်းဖြစ်စေသောပိုးမွှားများသည်ဘယ်အရာတွေလဲ။ အစာအဆိပ်သင့်ခြင်းဖြစ်စေနိုင်သော ပိုးမွှားများတွင် ကမ်ပိုင်လိုဘက်ဒါ၊ စတက်ဖိုင်လိုကော့တက်စ်၊ ဆာမိုနဲလားနှင့် အက်စ်ချီးရီးချီးယားကိုလိုင်းတို့ ပါဝင်သည်။ ဗိုင်းရပ်စ်များ၊ ကပ်ပါးပိုးများ၊ အဆိပ်များသည်လည်းပဲ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေနိုင်သည်။ အစာအဆိပ်သင့်ခြင်းဆိုသည်မှာ အစာအိမ်နှင့် အူရောင်ရမ်းပြီး အထက်လန်အောက်လျှောဖြစ်ခြင်း ဖြစ်သည်။ ဘယ်သူတွေ အစာအဆိပ်သင့်ခြင်း ဖြစ်ပွားနိုင်သလဲ။ ကလေးများ၊ အသက်အနည်းငယ်ပိုကြီးသော ကလေးများနှင့် အရွယ်ရောက်ပြီးသူများ အပါအဝင်မည်သူမဆိုဖြစ်နိုင်သည်။ အစာအဆိပ်သင့်ခြင်း၏ လက္ခဏာရပ်များ များသောအားဖြင့် အစာအဆိပ်သင့်ခြင်း […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင်များ စားသင့်သည့်အစားအစာ နှင့် မစားသင့်သည့် အစားအစာများ

မွေးကာစကလေးတွေအတွက် မိခင်နို့ရည်က အာဟာရဓာတ်အပြည့်ဆုံး ရင်းမြစ်ဖြစ်ပါတယ်။ နို့တိုက်မိခင်တွေက အများအားဖြင့် အစားရှောင်စရာ မလိုပါဘူး။ နို့တိုက်နေချိန်မှာ လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ စားပေးတာက မိခင်ကိုရော ကလေးကိုပါ ကျန်းမာစေပါတယ်။ ဒါပေမယ့် နို့တိုက်မိခင်များ စားသင့်သည့်အစားအစာ နှင့် မစားသင့်သည့် အစားအစာများ ဆိုပြီး ရှိပါတယ်။ ဆိုလိုတာက တချို့သော အစားအစာတွေက မိခင်ကို နို့ထွက်ကောင်းစေတာကြောင့် ပုံမှန်စားပေးဖို့ လိုပါတယ်။ တချို့သော အစားအစာတွေကတော့ နို့စို့ကလေးကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ဖို့ လိုပါတယ်။ နို့တိုက်မိခင်များ စားသင့်သည့်အစားအစာ ထိပ်တန်းအစားအစာများ ငါး ငါးမှာ ပရိုတိန်းတွေ၊ အိုမီဂါ (၃) နဲ့ မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်တွေ ပါဝင်နေတဲ့အတွက် နို့တိုက်နေချိန်မှာ စားပေးသင့်ပါတယ်။ စားတဲ့အခါ ရေချိုငါးကို ဦးစားပေးစားပါ။ ပင်လယ်ငါးတွေနဲ့ ပင်လယ်စာတွေမှာ မာကျူရီပါတတ်လို့ပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း