backup og meta

ကလေးများအတွက်အဆိပ်ပိုဖြစ်စေသော ရေမလိုလက်သန့်ဆေးရည်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများအတွက်အဆိပ်ပိုဖြစ်စေသော ရေမလိုလက်သန့်ဆေးရည်များ

    ရေမလိုလက်သန့်ဆေးရည်အနည်းငယ်ခန့်ကို လျှက်မိလျှင်ဖျားနာမှုမဖြစ်နိုင်သော်လည်းအရသာခံမိရုံလောက်မဟုတ်ပဲအများအပြားမျိုချမိသောကလေးများတွင် အရက်အဆိပ်သင့်ခြင်းအန္တရာယ် ရှိစေနိုင်ပါသည်။ မိဘများနှင့် ကျောင်းဝန်ထမ်းများကို အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများကိုသောက်မိပါက အန္တရာယ်ရှိစေနိုင်ကြောင်းသတိပေးထားရမည်။

    အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများသည် အလွန်အသုံးဝင်ပြီးကလေးများပိုမွှားအန္တရာယ်ကင်းဖို့ရာဘက်တီးရီးယားများ၊ ဗိုင်းရပ်များကိုတချို့မှလွဲ၍ သတ်ပေးနိုင်သောနည်းလမ်းဖြစ်သော်လည်းကလေးများကမလျော်မကန်သုံးမိလျှင် အန္တရာယ်ဖြစ်စေနိုင်သည်။ ဖြစ်ရပ်အချို့တွင် မျက်လုံးစပ်ခြင်း၊ အန်ခြင်းများတွေ့ရပြီးတစ်ချို့အနည်းစုသောဖြစ်ရပ်များတွင် ကလေးမှမျိုချမိပြီ Coma ဝင်သွားတာမျိုးဖြစ်ပွားဖူးပါသည်။

    အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးအကြောင့်ဘာသိထားရမလဲ

    အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများသည် လှပသောအရောင်ပုလင်းများနှင့်လာသည်။ တလက်လက်အမှုန်များနှင့် အလှဆင်ထားနိုင်ပြီးပီကေလိုအနံ့မွှေးမွှေးမျိုး၊ လီမွန်နိတ်လိုသစ်ခွလိုအနံ့မျိုးရှိတတ်၏။ ဤကဲ့သို့ထုပ်ပိုးမှုသည် ကလေးငယ်များကိုဆွဲဆောင်စေနိုင်သည်။

    နည်းနည်းလောက်မျိုချမိရုံနှင့်ပင် ကလေးငယ်ကိုအဆိပ်သင့်စေနိုင်သည်။ အရက်ကိုတစ်ခွက်နှစ်ခွက်လောက် သောက်လိုက်သည်နှင့် တူသွားစေ၏။ ကျောပိုးအိတ်ထဲအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးထည့်ပေးလိုက်ရုံနှင့်တော့ ပြဿနာမဖြစ်နိုင်ပါ။ သို့သော် တစ်ချို့သောအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးမျာတွင် အရက်ပြန် ၆၀ % ပါဝင်ပါသည်။ အရက်ပြန်သည် သာမန်အရက်များထက် ပြင်းအားပိုကောင်းသည်။ နှိုင်းယှဉ်ကြည့်ပါကဘီယာနှင့်ဝိုင်များတွင် အရက်ပမာဏ ၁၀ -၁၅% လောက် ၅-၁၀% လောက်သာပါပါသည်။ ထို့ကြောင့် မိဘများကကလေးကိုစီစကီသို့ ရမ် တစ်ပုလင်းနှင့်ကျောင်းလွှတ်လိုက်သလို ဖြစ်သွား၏။

    ကလေးငယ်များသည် အရွယ်အစားသေးငယ်သောကြောင့် အရွယ်ရောက်ပြီးသူများထက် အရက်အဆိပ်သင့်မှုကိုပိုဖြစ်စေနိုင်တာဖြစ်သည်။ ခလုတ်တိုက်မိခြင်း၊ ငိုက်မြည်းခြင်း၊ အန်ခြင်းများ ဖြစ်စေနိုင်သည်။ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှုနှုန်းတို့ နှေးသွားစေနိုင်၏။ အရက်သည် ကလေးငယ်၏ သွေးတွင်းသကြားဓါတ်ကိုကျသွားစေပြီးတက်ခြင်း coma ဝင်ခြင်းများ ဖြစ်သွားစေနိုင်ပါသည်။

    အရွယ်ရောက်ပြီးသူများကအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးအဆိပ်သင့်ခြင်းအတွက် ဘယ်လိုကူညီပေးနိုင်မလဲ

    အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများသည် မိဘများကျောင်းသို့ထည့်ပေးသင့်သောပစ္စည်းများစာရင်းတွင် ပါလာတတ်သည်။ အရက်ပမာဏအများကြီးှနှင့်ပြုလုပ်ထားသည်ကိုမသိသောသူများလဲအများကြီးရှိသည်။ သို့မဟုတ် ဒီဆေးရည်များကအဆိပ်အတောက်ဖြစ်စေနိုင်သည်ကိုမသိတာလဲဖြစ်မည်။

    ရေနှင့်ဆပ်ပြာသုံးပြီးလက်ဆေးလျှင်ပိုကောင်းသော်လည်းအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများကလက်သန့်ရှင်းရေးအတွက် ဒုတိယအကောင်းဆုံးနည်းဖြစ်နေပြန်သည်။ ကျောင်းသို့ထည့်ပေးလိုက်ရမည်ဆိုလျှင် အရက်မပါသောဘရန်းများကိုမိဘများကရွေးချယ်ခြင်းသို့မဟုတ် ကလေးကိုသုတ်စရာထည့်ပေးလိုက်ခြင်းများ ပြုလုပ်ပေးပါ။ ကလေးများအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးကိုလူကြီးရှေ့တွင်သုံးသည်ကိုသေချာပါစေ။ ဒီနည်းအားဖြင့် အန္တရာယ်ကိုလျော့ချနိုင်သည်။ အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများကိုတစ်ညှစ်စာ နှစ်ညှစ်စာလောက်သာတိတိကျကျသုံးပါ။ လက်နှစ်ဖက်နှင့်မြန်မြန်ပွတ်ပြီးရှေ့နောက်၊ လက်ကြားထဲနှင့် လက်သည်းဝန်းကျင်တို့ပါနှံအောင် ခြောက်သည်အထိပွတ်ပေးပါ။ လူကြီးများကအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများကိုကလေးများလက်လှမ်းမမှီသည့်နေရာများတွင် ထားပါ။ အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများကိုတလွဲအသုံးချနိုင်သည့် ဆယ်ကျော်သက်များတွင် မိဘဆရာပူးပေါင်းစောင့်ကြည့်မှုကိုတိုးမြှင့်သင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement