backup og meta

သင့်ရဲ့မွေးကင်းစ ကလေးငယ်အတွက် အသုံးဝင်မယ့် ပစ္စည်းကိရိယာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့မွေးကင်းစ ကလေးငယ်အတွက် အသုံးဝင်မယ့် ပစ္စည်းကိရိယာများ

    သင့်ကလေးကို သူတို့ဘဝရဲ့အစလသားအရွယ်လေးတွေမှာ ပြုစုစောင့်ရှောက်ဖို့ဆိုတာ တကယ်တမ်းတော့မလွယ်လှပါဘူး။ ဒါကြောင့်သင့်မှာ နည်းလမ်းတွေနဲ့ အသုံးအဆောင်ကိရိယာပစ္စည်းတွေအများကြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ ဆောင်းပါးဟာ သင့်ကလေးငယ်ကိုစောင့်ရှောက်တဲ့နေရာမှာ အကူအညီဖြစ်စေနိုင်မယ့် နည်းလမ်းတွေ ပေးနိုင်ပါလိမ့်မယ်။

    မိခင်နို့ တိုက်ကျွေးခြင်းနဲ့ နို့ဗူးတိုက်ခြင်း

    • Nursing or feeding pillow. သူတို့တွေကို ကလေးငယ်တွေနို့ဗူးစို့တဲ့အခါနဲ့ မိခင်နို့တိုက်ကျွေးတဲ့အခါမှာ ပုခုံးနဲ့လည်ပင်းတွေပေါ်မကျအောင် အထူးပြုလုပ်ထားပါတယ်။ ဒါတွေက သင့်ကလေးကို ပုံစံအနေအထားမှန်အောင်လုပ်ပေးတဲ့နေရာမှာ ပိုမိုကောင်းမွန်ပြီး သာမန်ခေါင်းအုံးတွေထက် ပိုပြီး သက်တောင့်သက်သာရှိစေ အဆင်ပြေစေပါတယ်။
    • သင်က မိခင်နို့တိုက်ကျွေးခြင်းမလုပ်ဘူးလို့ ဆုံးဖြတ်ထားရင် formula milk (မိခင်နို့မဟုတ်သော လူလုပ်နို့ရည်) ကိုပြင်ဆင်ထားပါ။ သင့်ကလေးရဲ့အရွယ်နဲ့လိုက်ဖက်မယ့် မှန်ကန်တဲ့နို့အမျိုးအစားကိုရွေးချယ်နိုင်ဖို့ ဆရာဝန်သို့မဟုတ် ကလေးအထူးကုနဲ့ တိုင်ပင်ဆွေးနွေးပါ။

    ရေချိုးခြင်း

    • ရေချိုးဇလား (bath tub): ကလေးရဲ့ အစောပိုင်းလသားအရွယ်လေးမှာ မီးဖိုချောင်ရဲ့ဘေစင်မှာရေချိုးပေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးအတွက်အထူးပြုလုပ်ထားတဲ့ ရေချိုးဇလားလုပ်ပေးထားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါတွေက ပိုပြီးတော့ သန့်ရှင်းခိုင်ခန့်ပြီး ကောင်းကောင်းလုပ်ထားတယ်လေ။
    • ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်။ (no-tear soap and shampoo) မျက်ရည်မကျစေတဲ့ ဖော်မြူလာသုံးထားတဲ့ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်သုံးပါ။ ဒီပစ္စည်းတွေက သင့်ကလေးရဲ့ မျက်လုံးနဲ့အသားအရေမှာသုံးဖို့ ပိုပြီးနူးနူးညံ့ညံ့ရှိပါတယ်။ ပါဝင်ပစ္စည်းတွေက ကလေးငယ်ကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သင်စိုးရိမ်နေခဲ့ရင် ရနံ့မပါတဲ့တံဆိပ်တွေနဲ့ပစ္စည်းတွေကိုသုံးပါ။
    • သဘက်များ။ လူအချို့ကတော့ ကလေးငယ်နဲ့ လူကြီးတွေက သဘက်တွေရောသုံးလို့အဆင်ပြေပါတယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် ကလေးငယ်ရဲ့အသားအရေဟာ နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် နူးညံ့ပေါ့ပါးပြီး ကလေးငယ်ရဲ့အရွယ်နဲ့ကိုက်ညီတဲ့ သဘက်တွေကိုအသုံးပြုသင့်ပါတယ်။

    Baby soothers (ကလေးငယ်များ စုပ်စရာ နို့သီးခေါင်းအတု)၊ အရုပ်တွေနဲ့ ဖျော်ဖြေရေး

    • နို့သီးခေါင်းအတု (pacifiers)။ အချို့ကလေးငယ်တွေဟာ နို့သီးခေါင်းအတုနဲ့နေရတာ သဘောကျတတ်ပြီး အချို့ကတော့ သဘောမကျပါဘူး။ ဒါကြောင့်Pacifierတွေဟာ မရှိမဖြစ်လိုအပ်တာမဟုတ်ဘူးလို့ ပြောလို့ရပေမယ့် သင့်ကလေးကို လျင်မြန်စွာ စိတ်အေးချမ်းစေပြီး (ငြိမ်သက်သွားစေပြီး) သက်တောင့်သက်သာရှိစေပါတယ်။
    • အရုပ်များ ။ မွေးကင်းစကလေးငယ်အနေနဲ့တော့ သင့်ကလေးဟာ ကစားစရာအရုပ်တွေနဲ့ ဖျော်ဖြေမှုတွေကို အများကြီးမလိုအပ်လှသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခြူလေးတွေ၊ သို့မဟုတ် သီချင်းသံထွက်တဲ့စာအုပ်လေးတွေ (musical books)တွေ နဲ့ ခုန်ဆွဘောလုံးလေးတွေ နဲ့ တိရစ္ဆာန်ရုပ်လေးတွေ(stuffed animals)တွေကလည်း တစ်မျိုးတော့ ကောင်းပါတယ်။

    အန္တရာယ်ကင်းမှု လုံခြုံမှု

    • Safety gates. ဒါတွေဟာ သင့်ကလေးငယ်ကို အိမ်ရဲ့ အန္တရာယ်များတဲ့နေရာတွေ ဥပမာ-လှေကား၊ မီးဖိုချောင်၊ ရေချိုးခန်းအစရှိတဲ့ နေရာတွေကို ရောက်သွားစေခြင်းကနေ ကာကွယ်ပေးတဲ့နေရာမှာ အရေးကြီးပါတယ်။
    • Outlet covers. ငယ်သေးတဲ့အရွယ်မှာ သင့်ကလေးငယ်ဟာ ပလပ်ပေါက်တွေရဲ့ အန္တရာယ်များပုံကို မသင်ယူရသေးပါဘူး။ ဒါကြောင့် သူက ပလပ်ပေါက်တွေကို စူးစမ်းလိုတဲ့စိတ်နဲ့ ထိမိကိုင်မိတာမျိုး ပလပ်ပေါက်ထဲ လက်ထည့်တာမျိုး လုပ်တတ်ပါတယ်။ အိမ်ထဲမှာရှိတဲ့ ပလပ်ပေါက်တွေအားလုံးနဲ့ လျှပ်စစ်ပလပ်ခေါင်းတွေ မီးသီးခေါင်းတွေအားလုံးကို ဖုံးအုပ်ထားနိုင်မှ သင့်ကလေးငယ် အန္တရာယ်ကင်းမယ်ဆိုတာ စိတ်ထဲအမြဲထည့်ထားပါ။

    ကလေးစောင့်ကြည့်ကိရိယာ (Baby monitor)

    ဒါကလည်း သင်ကတခြားအခန်းကိုရောက်နေချိန်မှာ သင့်ကလေးငယ်ကိုစောင့်ကြည့်ဖို့အတွက် လုံလောက်တဲ့ကိရိယာပါ။ သင်က သင့်ကလေးငယ်ကို ချော့သိပ်ပြီးတဲ့နောက် တစ်ခန်းထဲနေပြီးစောင့်ကြည့်ဖို့အချိန်မရှိတဲ့အခါမျိုးတွေမှာ သင့်ကလေးငိုတာ သို့မဟုတ် ရုတ်တရက်နိုးလာတာတွေအတွက် သင့်ကိုသတိပေးနိုင်စေဖို့ baby monitor က perfect အဖြစ်ဆုံး ဖြစ်နေပါလိမ့်မယ်။

    အထက်ဖော်ပြပါ ကိရိယာပစ္စည်းတွေကို ဂရုတစိုက်ပြင်ဆင်ခြင်းက သင့်ကလေးဖွံ့ဖြိုးကြီးထွားနေစဉ်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်အခြေအနေတွေကို လွတ်ကင်းသွားစေနိုင်ပါလိမ့်မယ်။ ဒီအချိန်အတွင်းမှာ အဆိုပါပစ္စည်းတွေကို ခွင့်ပြုချက်မရဘဲသုံးသင့်မသုံးသင့်စဉ်းစားနေတယ်ဆိုရင် ဆရာဝန်၊ ကလေးအထူးကုသို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသူဆီကို အဆက်အသွယ်လုပ်ပြီး သတင်းအချက်အလက်တွေပိုသိဖို့၊ အကြံဉာဏ်တောင်းခံဖို့နဲ့ လမ်းညွှန်မှုခံယူဖို့အတွက် တုံ့ဆိုင်းမနေပါနဲ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement