backup og meta

နို့ရည်ထွက်သော ဖြစ်စဉ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့ရည်ထွက်သော ဖြစ်စဉ်

    နို့တိုက်ခြင်းဆိုသည်မှာ နို့ရည်ဂလန်းများမှ နို့ရည်စစ်ထုတ်ခြင်းဖြစ်သည်။ မိခင်မှ သူ၏ကလေးငယ်ကိုနို့တိုက်သော အချိန်ကာလဖြစ်သည်။ နို့တိုက်ခြင်းနှင့် ပတ်သက်ပြီး အပြည့်အဝနားလည်ခြင်းအားဖြင့် မိခင်သည် နို့တိုက်ခြင်းဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ယခု ဆောင်းပါးထဲတွင်

    နို့ရည်ထွက်သော ဖြစ်စဉ်

    နို့ရည်ထွက်သော ဖြစ်စဉ် အကြောင်း ကြည့်လိုက်ကြစို့နော်။

    နို့တိုက်ခြင်းဖြစ်စဉ်

    ကိုယ်ဝန်ရှိကာစအချိန်တွင် အီစထရိုဂျင်၊ပရိုဂျက်စတရုန်း၊ ပရိုလက်တင်စသော ဟော်မုန်းများနှင့် အခြားဟော်မုန်းများသည် မိခင်၏ရင်သားတွင် သိသိသာသာ ပြောင်းလဲမှုများဖြစ်ပေါ်စေပြီး ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများအနေဖြင့် နာကျင်ခြင်း၊ ရင်သားများရောင်ရမ်းခြင်းနှင်နု့ိသီးခေါင်းနှင့်နို့သီးခေါင်း ပတ်လည် အေရီရိုလာ (areola) ဧရိယာများတွင် ပိုမိုအရောင်ရင့်လာခြင်းတို့ဖြစ်ပေါ်သည်။ အခြားလက္ခဏာတစ်ခုသည် နို့သီးခေါင်းပတ်လည် အေရီရိုလာ (areola) ဧရိယာသည်ပိုပြီးကြီး ပိုပြီး သိသာထင်ရှားလာသည်။ သင်၏ခန္ဓါကိုယ်ထဲတွင် နို့ရည်ထုတ်သော ဂလန်းများနှင့် ကာကွယ်နိုင်စွမ်းရှိသောအဆီများသည် သင်၏ရင်သားတွင်ကြီးမားစွာ နေရာယူထားသောကြောင့်သင့်၏ရင်သားအား အရွယ်ပမာဏကြီးလာစေသည်။ အချင်း၏ဖွံ့ဖြိုးမှုသည် အီစထရိုဂျင်နှင့်ပရိုဂျက်စတရုန်း ထုတ်လုပ်မှုကိုလှုံဆော်ပေးသည်။ ထိုဟော်မုန်းများသည် နို့ထုတ်လုပ်ခြင်း၏ ရှုပ်ထွေးသောဖြစ်စဉ်ကို ကူညီပေးသည်။ သန္ဓေသားခြောက်ပတ်အရွယ်တွင် သင့်နို့မှတစ်ဆင့်နို့ရည်ကို သယ်ယူပို့ဆောင်ပေးရန်အတွက် လမ်းကြောင်းများစွာဖြစ်ပေါ်လာသည်။

    သင်ကလေးမွေးသောအချိန်တွင် ဂလန်းများစွာပါသော တစ်ရှူးသည် သိသာစွာများပြားလာပြီးနောက် သင်၏ရင်သားသည် တစ်ဒဿငါးပေါင်ခန့်ပိုပြီးလေးလာသည်။ ပရိုလက်တင် ဟော်မုန်းထုတ်လုပ်ခြင်းအားဖြင့် လေအိတ်ကလေးများသည် သွေးထဲမှပရိုတင်းသကြားနှင့် အဆီများကိုနို့ရည်ထုတ်လုပ်ရန် သယ်ဆောင်သွားကြသည်။ သင်၏နို့ရည်ပြွန်စနစ်သည် ကိုယ်ဝန်ဒုတိယသုံးလအတွင်း အပြည့်အဝဖွံ့ဖြိုးလာလိမ့်မည်။ နို့ရည်ကိုကလေးမွေးပြီး လေးဆယ်ရှစ်နာရီမှ ကိုးဆယ်ခြောက်နာရီအတွင်း ထုတ်လုပ်လိမ့်မည်။ ဟော်မုန်းထုတ်လုပ်သော အချင်းကိုခန္ဓါကိုယ်မှထုတ်ပြီးသည်နှင့် အီစထရိုဂျင်နှင့် ပရိုဂျက်စတရုန်းတို့သည် ပမာဏလျော့ကျသွားပြီး ပရိုလက်တင်ပမာဏမြင့်တက်လာကာ သင့်ကလေးကိုအာဟာရပေးရန်အတွက် နို့ရည်များပြုလုပ်ပေးသည်။

    သင့်ဆီမှသင့်ကလေးထံသို့ နို့ရည် မည်သို့စီးဆင်းသနည်း။

    သင့်ကလေးသည် မိခင်နို့သီးခေါင်းကိုစုပ်သောအခါတွင် အောက်စီတိုဇင်နှင့် ပရိုလက်တင်ဟော်မုန်းများ သွေးထဲသို့ ထွက်လာကြသည်။ နို့ရည်သည် သင်၏ရင်သားသို့ရောက်သောအခါတွင် အောက်စီတိုဇင်သည် နို့ရည်နှင့်ပြည့်နေသော လေအိတ်လေးများ၏ပတ်လည်တွင်ရှိသောဆဲလ်များကို ကျုံ့ကာညှစ်စေသည်။ နို့ရည်၏အရှိန်နှင့် ကလေးစုပ်သောအရှိန်များ ပူးပေါင်းကာ နို့ရည်သည်ကလေးထံသို့ရောက်ရှိသည်။

    နို့စတိုက်ကာစ ပထမရက်များအတွင်း သင်၏ သားအိမ်သည် ကလေးနို့စို့သောအခါတွင် အနည်းငယ် စုပ်ဆွဲထားသလိုနာကျင်နိုင်သည်။ ထိုသို့ သက်တောင့်သက်သာမရှိသော ခံစားချက်သည် အောက်စီတိုဇင် ဟော်မုန်းသည် သင်၏သားအိမ်ကိုနဂိုမူလအရွယ်အစား ပြန်လည်ရောက်ရှိရန်ကူညီပေးနေသည့် အချက်ပြလက္ခဏာပင်ဖြစ်သည်။

    သင်သည် သင့်ကလေးကို နို့များများတိုက်လေလေ၊ နို့ထွက်များလေလေဖြစ်သည်။ နို့တိုက်ခြင်းဆိုသည်မှာ အလွန်အံ့သြဖွယ်ကောင်းသော သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Kaung Thar မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement