backup og meta

အလုပ်ရှုပ်သောမိခင်များအတွက် လွယ်ကူသက်သာစေသော နည်းလမ်း ၈ သွယ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်ရှုပ်သောမိခင်များအတွက် လွယ်ကူသက်သာစေသော နည်းလမ်း ၈ သွယ်

    လုပ်စရာတွေ အများကြီးရှိတယ်ဆိုပြီး အရမ်းအလုပ်ရှုပ်နေတဲ့ မိခင်တွေ အကုန်လုံးအတွက် နည်းလမ်းကောင်းများရှိပါတယ်။ အောက်ဖေါ်ပြပါ အချက် ၈ ချက်က အလုပ်ရှုပ်နေသော မိခင်တွေရဲ့ ဘဝမှာ ပျာယာခတ်ခြင်းကို သက်သာစေပါလိမ့်မယ်။

    ၁။ ကျန်းမာစေတဲ့ အစားအသောက်တွေစားပါ။

    လွယ်ကူရိုးရှင်းစွာပြင်ဆင်ရတဲ့ အစားအသောက်တွေကို ချက်ပြုတ်ပါ။ ထိုသို့ချက်ပြုတ်ရာတွင် ပါဝင်ပစ္စည်းတွေကို လှီးဖြတ်ပြီး အိုးထဲထည့်ပါ။ သင်ပြန်လာရင်တော့ အစာဟာ ရယ်ဒီဖြစ်နေရမည်။ ထိုသို့သော အသေးစိတ် အစအဆုံး လုပ်စရာမလိုသော အစားအသောက်တွေကို ရွေးချယ်ပါ။ ရယ်ဒီမိတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆော့တွေဟာလည်း သင့်အတွက် သက်သာစေမှာပါ။

    ၂။ တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပါ။

    သင့်ကလေးတွေကို သူတို့ရဲ့ကိုယ်ခန္ဓါ သန့်ရှင်းနေစေခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို သူတို့နားလည်ပါစေ။

    ၃။ တစ်နေရာတည်းမှာ အရာရာကို အစီအစဉ်ဆွဲပါ။

    လုပ်ရမယ့် အလုပ်တွေ၊ အလုပ်ပြင်ပ လှုပ်ရှားမှုတွေ၊ မိသားစု အစီအစဉ်တွေကို ပြက္ခဒိန်ထဲမှာ မှတ်ပါ။ ဒါဟာ ဘာလုပ်ရမလဲဆိုတာ မေ့မနေအောင် ကာကွယ်ပေးမှာပါ။ အရေးအကြီးဆုံးကတော့ လုပ်စရာတွေနဲ့ ပတ်သက်ပြီး ပျော့ပျောင်းစွာသဘောထားပါ။ ဒီနေ့မှာ ဆိုဖာ ကို မရှင်းနိုင်ရင် ကိုယ့်ကိုယ်ကို မကျေမနပ်မဖြစ်သင့်ပါဘူး။ သင့်အတွက် နောက်တစ်ချိန်ဆိုတာ ရှိနိုင်ပါတယ်။

    ၄။ ကလေးတွေကို အချိန်ပေးပါ။

    အလုပ်တွေလုပ်နေရတာကြောင့် သင့်ဘဝအတွက် ဘာအရေးကြီးသလဲဆိုတာကို မေ့နေနိုင်ပါတယ်။ သင်ချစ်တဲ့သူတွေနဲ့ အချိန်ဖြုန်းပါ။ သင့်အလုပ်ရှင်ဆီက လာတဲ့ အီးမေးလ်ဟာ မိနစ် ၃၀ တော့ စောင့်နိုင်ပါတယ်။ ကွန်ပျူတာကို ပိတ်လိုက်ပြီး ကလေးတွေကို ကြည့်ကာ သူတို့ပျော်ရွှင်မှုတွေကို အနီးကပ်ခံစားလိုက်ပါ။ ဒီလိုခံစားမှုတွေဟာ သင့်ကလေးရဲ့ ဘဝတစ်သက်တာလုံး မှတ်မိနေစေမှာဖြစ်ပါတယ်။

    ၅။ ကလေးတွေနဲ့ ဆော့ကစားပါ။

    ကလေးတွေအတွက် အချိန်ဖယ်ထားပါ။ တီဗွီ ကြည့်မယ့်အစား၊ သူငယ်ချင်းတွေနဲ့တွေ့မယ့်အစား သူတို့ပြောတာနားထောင်ပါ။ ကလေးအိပ်တဲ့အချိန်ကျမှ သင်လုပ်စရာရှိတာကို ဆက်လုပ်ပါ။

    အိမ်မှာနေပြီး ဆော့ကစားခြင်း (သို့) အဝတ်အစားလဲပြီး ပန်းခြံအတွင်းမှာ ကစားခြင်း၊ အပင်အောက်မှာ စာအုပ်ဖတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဆော့ကစားခြင်းဟာ ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ သင်နဲ့ သင့်ကလေးငယ်ရဲ့ ရင်းနှီးမှုကိုလည်း တိုးတက်စေပါတယ်။

    ၆။ ကျောင်းအလုပ်

    စိတ်ဖိစီးမှုနည်းတဲ့ကလေးတွေဟာ ကြီးလာတဲ့အခါမှာ နှလုံးရောဂါဖြစ်ပွားနှုန်းနည်းတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ သင့်ကျောင်းသားတွေအတွက် စိတ်ဖိစီးမှုနည်းအောင် (ဥပမာ အိမ်စာ) ပြုလုပ်ပေးနိုင်တယ်ဆိုရင် လုပ်ပေးလိုက်ပါ။ သင့်ကလေးကို အိမ်စာလုပ်တဲ့ အကျင့်ကို ပျိုးထောင်ပေးပါ။ တကယ်လို့ အိမ်စာဟာ သူတို့အတွက် ခက်ခဲနေတယ်ဆိုရင် မိဘတွေနဲ့ ဘေးပတ်ဝန်းကျင်ကသူတွေဟာ ကလေးငယ်ရဲ့ ပညာရေးမှာ ပါဝင်ကူညီပေးမယ်ဆိုရင် ဒီလိုကလေးမျိုးတွေဟာ ပညာရေးမှာ ထူးချွန်တတ်ကြပါတယ်။ ဒါပေမယ့် အိမ်စာကို အကုန်လုံးတော့ လုပ်မပေးသင့်ပါဘူး။ အဓိကရည်ရွယ်ချက်က သူတို့ကိုကူညီပေးဖို့ ဖြစ်ပြီး သူတို့အတွက် အကုန် လုပ်မပေးသင့်ပါဘူး။

    ၇။ တန်ဖိုးထားမှု မွေးမြူပေးပါ။

    တန်ဖိုးထားမှုတွေဟာ ကလေးတွေကို လမ်းမှန်ကို ရောက်စေဖို့ လမ်းပြပေးပါတယ်။ သင့်ကလေးမှာ ရှိစေချင်တဲ့ တန်ဖိုးထားမှုတွေကို စာရင်းပြုစုထားပြီး အခွင့်အရေးရတိုင်း သင်ကြားပေးသင့်ပါတယ်။ အကောင်းဆုံးဥပမာကတော့ စိတ်ရှည်မှုဆိုပါစို့၊ သင့်ကလေးဟာ ရေချိုးဖို့ သွားတိုက်ဖို့ ငြင်းဆန်တိုင်း စိတ်ရှည်ရှည်နဲ့ တည်ငြိမ်စွာ သင်ကြားပေးသင့်ပါတယ်။

    ၈။ အရေးပေါ်အခြေအနေတွေအတွက် အဆင်သင့်ဖြစ်ပါစေ။

    မမျှော်လင့်ထားတာတွေကို ကြိုတင်ပြင်ဆင်ထားခြင်း အားဖြင့် စိတ်ချလက်ချနေလိုက်ပါ။ အရေးပေါ်ကုသဆေးတွေနဲ့ အရေးကြီးပစ္စည်းတွေပါတဲ့ အရေးပေါ်အိတ်ဟာ အိမ်တိုင်းမှာ ရှိသင့်ပါတယ်။ အမေတွေဟာ မိသားစုအတွက် အရာရာကို လုပ်ပေးနေရတဲ့ လူတွေဖြစ်ပါတယ်။ ဒါပေမယ့် ဘဝဆိုတာ အလုပ်တွေချည်းလုပ်ရမှာ မဟုတ်ပါဘူး။ အရေးကြီးပြီး လုပ်သင့်တဲ့ အရာတွေလုပ်ခြင်းဟာလည်း တူညီစွာ အရေးပါပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement