backup og meta

အနိုင်ကျင့်ခံခဲ့ရသော ကလေးများသည် နောင်တွင်စိတ်ဝေဒနာခံစားရနိုင်သည်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနိုင်ကျင့်ခံခဲ့ရသော ကလေးများသည် နောင်တွင်စိတ်ဝေဒနာခံစားရနိုင်သည်

    အနိုင်ကျင့်ခံခဲ့ရသော ကလေးများသည် နောင်တွင်စိတ်ဝေဒနာခံစားရနိုင်သည်။ ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ အနိုင်ကျင့်သူ ဖြစ်စေ၊ အနိုင်ကျင့်ခံရသူဖြစ်စေ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဒီအခြေအနေကို လူကြီးတွေက သူ့ဖာသာ ပျောက်သွားနိုင်တဲ့ ခဏတာသာ ကြာမြင့်ပြီး အရေးမကြီးတဲ့ အချက်တစ်ခုအဖြစ် တွေးထင်ကာ လျစ်လျူရှုထားတတ်ကြပါတယ်။ ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေပေါ် ကြီးမားတဲ့ သက်တမ်းတစ်လျှောက် သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အတိအကျပြောရရင်တော့ သူတို့ လူကြီးဖြစ်လာတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ဖြစ်လာစေနိုင်ပါတယ်။

    ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ လူကြီးဖြစ်လာချိန်မှာ စိတ်ရောဂါဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အနိုင်ကျင့်ခြင်းကြောင့် စိတ်ရောဂါဖြစ်ခြင်းကို လေ့လာနိုင်စေဖို့အတွက် Warwick တက္ကသိုလ် နဲ့ Bristol တက္ကသိုလ်တို့ ပူးပေါင်းပြီး အင်္ဂလန်မှာ ၄၇၀၀ သောပါဝင်သူတွေ ကို မွေးကင်းစ ကစပြီး အသက် ၁၈ နှစ်အထိ စောင့်ကြည့်ခဲ့တဲ့ စုစည်းလေ့လာမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့လာမှုက ငယ်ရွယ်စဉ်မှာ အနိုင်ကျင့်ခံရတဲ့ ကလေးတွေဟာ သူတို့ကြီးလာတဲ့အခါမှာ အနိုင်ကျင့်မခံရတဲ့ ကလေးတွေနဲ့ ယှဉ်ရင် စိတ်ရောဂါ လက္ခဏာတွေ ပိုမို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ အတိအကျပြောရရင်တော့ ငယ်စဉ်က အနိုင်ကျင့်ခံရဖူးတဲ့ကလေးတွေဟာ သူတို့ ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ နှစ်ဆ ပိုမို ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အံ့သြဖွယ်ကောင်းတာကတော့ အနိုင်ကျင့်တဲ့ ကလေးတွေလည်း ဒီလိုပြဿနာဖြစ်နိုင်ခြေ ငါးဆ ပိုများတာ တွေ့ရပါတယ်။ ဒီလိုစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ကြာရှည်စွာ အနိုင်ကျင့်သူ၊ အနိုင်ကျင့်ခံရသူတွေနဲ့ ပြင်းထန်တဲ့ အနိုင်ကျင့်သူတွေမှာ ပိုမို ပြင်းထန်တယ်လို့ သိရပါတယ်။

    အနိုင်ကျင့်သူရော၊ အနိုင်ကျင့်ခံရသူမှာပါ အဖြစ်များတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

    • ဂယောင်ကတမ်း ဖြစ်ခြင်း။ ။ အမြင်အာရုံ၊ အနံ့၊ အသံ၊ အရသာ၊ တကယ်မရှိတဲ့ အရာတွေကို မြင်ယောင်ခြင်း
    • ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ သံသယ အလွန်များခြင်း။ ။ သူတို့ကို အခြားသူတွေက စောင့်ကြည့်နေတယ်၊ အသတ်ခံရနိုင်တယ်လို့ ထင်မြင်နေခြင်း
    • တွေးတောမှုပုံစံ ပြောင်းလဲခြင်း ။ ။ စိတ်ရောဂါ လူနာတွေဟာ စကားတစ်ဝက်မှာ ရပ်လိုက်ပြီး အခြား ကိစ္စတစ်ခုအကြောင်းတစ်ခုကို သူတို့ကိုယ်တိုင်တောင် မသိလိုက်ပဲ ပြောင်းလဲခြင်း
    • စိတ်ကျခြင်း၊ စိတ်ပူခြင်း၊ လူမှုအသိုင်းအဝိုင်းမှ အပယ် ခံရခြင်း ။ ။ ဒါဟာ သူတို့သတိမထားမိတဲ့ ထင်ယောင်ထင်မှား ဖြစ်မှုတွေ၊ ဂယောင်ဂတမ်း ဖြစ်ခြင်းတွေကြောင့် ဖြစ်ပါတယ်။

    အနိုင်ကျင့်ခြင်းနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံရှိသူတွေဟာ တွေးတောမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ စိတ်ပညာလေ့လာမှုတစ်ခုက ပြုလုပ်ခဲ့ပြီးတဲ့ သုတေသနတစ်ခုနဲ့ ပတ်သက်ပြီး အနိုင်ကျင့်ခြင်းနဲ့ စိတ်ရောဂါတို့နဲ့ ဆက်နွယ်မှုကို ကောက်ချက်ချခဲ့ပါတယ်။ ဒီလေ့လာမှုမှာတော့ ပရော်ဖက်ဆာ Dieter Wolke ဟာ ကလေး အယောက် ၆၄၀၀ ကို မွေးကင်းစ အရွယ်ကစပြီး ၁၃ နှစ်ကြာတဲ့အထိ လေ့လာခဲ့ကြပါတယ်။ ဒီလေ့လာမှုမှာ ပါဝင်တဲ့ ကလေးတွေကို နှစ်စဉ် အင်တာဗျူးခြင်း၊ စစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ မိဘတွေကို ကလေးတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အကြောင်းကို ဖြည့်ခိုင်းခဲ့ပါတယ်။ နောက်ဆုံးအင်တာဗျူးကိုတော့ ကလေးတွေ အသက် ၁၃ နှစ်ရှိတဲ့အချိန်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီအင်တာဗျူးမှာ ကလေးတွေကို လွန်ခဲ့တဲ့ ခြောက်လအတွင်း အနိုင်ကျင့်ခံရဖူးလား၊ အနိုင်ကျင့်ဖူးလား၊ စိတ်ရောဂါတစ်မျိုးမျိုး ခံစားရဖူးလား အစရှိသဖြင့် မေးမြန်းခဲ့ကြပါတယ်။

    ဒီသုတေသနဟာ ကလေးတွေရဲ့ လောကကြီးကိုအမြင်နဲ့ သူတို့ရဲ့ အနိုင်ကျင့်ခြင်းအပါအဝင် ဒဏ်ရာရဖွယ် အဖြစ်အပျက်တွေရဲ့ သိသာထင်ရှားတဲ့ ဆက်နွယ်မှုကို ပြသခဲ့ကြပါတယ်။ အသက် ၈ နှစ်ကနေ ၁၀ နှစ်အတွင်း ကလေးငယ်တွေရဲ့ ၄၇ ရာခိုင်နှုန်းဟာ အနိုင်ကျင့်ခံရဖူးသူတွေ ဖြစ်ကြပါတယ်။ ယောက်ျားလေးတွေဟာ သိသာထင်ရှားတဲ့ အနိုင်ကျင့်မှုတွေ ဖြစ်တဲ့ (ကိုယ်ခန္ဓာ ထိခိုက်မှု၊ စကားအပြောနဲ့ အရှက်ရစေမှု) တွေကို ခံစားကြရပြီး မိန်းကလေးတွေကတော့ လူမှုဝန်းကျင်ဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေ ( ပယ်ထားခြင်း၊ အတင်းပြောခြင်း) ကနေ ခံစားကြရပါတယ်။ အသက် ၁၃ နှစ်ရောက်ချိန်မှာ ကလေးတွေရဲ့ ၅ ရာခိုင်နှုန်းကျော်ဟာ စိတ်ရောဂါ အပျော့စားတစ်မျိုး ခံစားနေရပြီး ၁၁ ရာခိုင်နှုန်း ကျော်ကတော့ ဒီအခြေအနေဖြစ်နိုင်တဲ့ လက္ခဏာတွေကို ခံစားနေရတာတွေ့ရှိရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement