backup og meta

သင်သည် သင့်ကလေး၏ သူငယ်ချင်းများကို မနှစ်မြို့သောအခါများတွင် ဘာလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်သည် သင့်ကလေး၏ သူငယ်ချင်းများကို မနှစ်မြို့သောအခါများတွင် ဘာလုပ်မလဲ

    မိဘများသည် သူတို့၏ကလေးများကို ကျန်းမာ ပျော်ရွှင်စွာ ကြီးပြင်းစေလိုကြပါသည်။ သို့သော် သင့်ကလေးသည် သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံချိန်ရောက်လာလျှင် သင်သည် ကလေးကို အချိန်ပြည့် အကာအကွယ်ပေးထား၍ မရပါ။ သင့်ကလေး၏ သူငယ်ချင်းများထဲတွင် အနည်းဆုံး သင်မကြိုက်သော သူတစ်ယောက်တော့ပါနိုင်ပါသည်။

    ထို့ကြောင့် မဖြစ်သင့်ဘဲ ကြီးမားသည့်ပြသနာများ မဖြစ်ရလေအောင် သင့်ကလေး၏ သူငယ်ချင်းများနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းသည့်နည်းများကို ရေးသားလိုက်ရပါသည်။

    သင့်ကလေး၏ သူငယ်ချင်းကို သင်မနှစ်သက်လျှင် ပထမဦးဆုံး ထိုသို့ဖြစ်ရခြင်းအကြောင်းကို အရင်စဉ်းစားပါ။ ထိုကလေးသည် ကိုယ်ရည်ကိုယ်သွေးနိမ့်ပါးခြင်းကြောင့် ဆိုလျှင် လျစ်လျူရှုထားလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် သင်ကိုယ်တိုင်ပင်လျှင် သင့်သူငယ်ချင်းများကို ရွေးချယ်ခွင့် မရှိသောကြောင့်ဖြစ်ပါသည်။ သို့သော် သင့်သူငယ်ချင်းများ အနေနှင့် သူတို့ပေါင်းချင်သော သူငယ်ချင်းများကို ရွေးချယ်ခွင့်ရှိပါသည်။

    သင့်ကလေးသည် အရွယ်ရောက်လာပြီး ပိုရင့်ကျက်လာချိန်တွင် သင့်အနေဖြင့် သူကိုယ်တိုင် မှန်ကန်သော အပေါင်းအသင်းနှင့် ရွေးချယ်ပေါင်းသင်းစေခြင်း ပြုလုပ်ပါ။ သူတို့ကို နားလည်လာလေလေ သူတို့ သူငယ်ချင်းများကိုလည်း လက်ခံနိုင်လာလေလေဖြစ်ပေလိမ့်မည်။

    သင့်ကလေးပေါင်းနေသော သူငယ်ချင်းကြောင့် ပြသနာများဖြစ်လာခဲ့သော် သင့်ကလေးကို အပြစ်တင်ဆူပူနေမည့်အစား ထိုသူငယ်ချင်းများနှင့် အပြင်မထွက်ခိုင်းပါနှင့်တော့။ သင့်အနေနှင့် ထိုကလေးများ၏ အမူအကျင့်ကို မနှစ်သက်ကြောင်း မိမိကလေးကို နားလည်အောင်ရှင်းပြပါ။ ထိုသူငယ်ချင်းများနှင့် မဖြစ်မနေအပြင်ထွက်ရပါလျှင်လည်း စည်းကမ်းချက်များချမှတ်ရန်လိုအပ်ပါသည်။ သူတို့၏ အပြုအမူများကို အမြဲစောင့်ကြည့်နေပါ။

    ထိုပြဿနာအတွက် အရေးကြီးသော နောက်တစ်ချက်မှာ စိတ်ရှည်ရန်ဖြစ်ပါသည်။ ကလေးများကို သူတို့၏သူငယ်ချင်းများအား မနှစ်သက်ကြောင်း အလျင်စလိုမပြောပါနှင့်။ သင့်ကလေးသည် ထိုသူငယ်ချင်းများနှင့် အပြင်ထွက်ခြင်းကို ပြင်းထန်စွာ တားမြစ်ခြင်းက ကလေးနှင့် သင့်ကြားတွင် အမြင်စောင်းမှုများဖြစ်လာစေနိုင်ပါသည်။

    သင့်ကလေး၏ သူငယ်ချင်းများသည် သင်စိုးရိမ်နေသော အမူအကျင့်များကို ပြုလုပ်ပါက ကောင်းသောအမူအကျင့်များကို ပျိုးထောင်ပေးလိုက်ပါ။ ကလေးငယ်အား သူ့သူငယ်ချင်းများအကြောင်းဝေဖန်ပြောဆိုရန် သင့်ကလေးသည် အသက်ငယ်လွန်းသဖြင့် နားလည်မှုမရှိနိုင်သေးပါ။ သင့်ကလေးကို သူ့သူငယ်ချင်းများအကြောင်းပြောတော့မည်ဆိုလျှင် စိတ်လျှော့ထားပါ။ စိတ်ရှည်ရှည်ထားပါ။ စကားပြောနေစဉ် ထအော်ခြင်းမျိုး မပြုလုပ်ရပါ။ သင့်ကလေးကို သင်လိုချင်သော အရာများကိုချည်း ပြောနေမည့်အစား သူပြောသော စကားများကိုနားထောင်ပေးခြင်းကလည်း ဖြေရှင်းရန်နည်းလမ်းတစ်ခုဖြစ်လာနိုင်ပါသည်။

    အချုပ်ဆိုရသော် သင့်ကလေး၏သူငယ်ချင်းများကို သင်ဘယ်လိုမှ လက်မခံနိုင်တော့လျှင် ကလေး၏ဆရာမများနှင့် တွေ့ဆုံပြီး ဆွေးနွေးနိုင်ပါသည်။ သူတို့သည် သင်ဖြစ်နေသော ပြသနာများနှင့် ပတ်သက်ပြီး ပိုပြီး အမျှော်အမြင်ရှိပါလိမ့်မည်။ သင့်ကလေး၏ ဆရာများက သင့်ကလေးကို ကျောင်းတွင် ထိုသူငယ်ချင်းများနှင့် ဝေးသွားအောင် တနည်းနည်းဖြင့် အပြောင်းအလဲပြုလုပ်ပေးကောင်း ပြုလုပ်ပေးနိုင်ပါသည်။ ထို့ပြင် သင့်ကလေးကို ကောင်းကျိုးမပေးသော ကလေးများကို အာရုံမထားမိစေရန် ကလေးအားလှုပ်ရှားမှုများတွင် စိတ်ဝင်စားလာအောင် ပြုလုပ်ပေးနိုင်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement