သားသားမီးမီးတွေရဲ့ ကိုယ်ခံအား ပြည့်ပြည့်ဝဝဖွံ့ဖြိုးစေဖို့ ဘယ်လို အာဟာရတွေ ဖြည့်ဆည်းပေးရမလဲ။
ရောဂါတစ်ခုခုဖြစ်ရင် ကလေးတွေက ပိုကူးစက်လွယ်တာကို သိကြတယ်ဟုတ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကလေးတွေရဲ့ ကိုယ်ခံအား က ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်ပါ။ ဒါပေမယ့် ကလေးရဲ့ ကိုယ်ခံအားတွေ ဒီထက်ပို ဖွံ့ဖြိုးလာဖို့ မိဘတွေက ဘေးကနေ ကူညီပေးလို့ ရပါတယ်။ ကလေးတွေကို အသက်အလိုက် ကာကွယ်ဆေးတွေ ထိုးနှံတာ၊ လိုအပ်တဲ့ အာဟာရတွေ ဖြည့်ပေးတာက ကိုယ်ခံအားပြည့်ပြည့်ဝဝဖွံ့ဖြိုးစေဖို့ နည်းလမ်းကောင်းတွေပါပဲ။ ကိုယ်ခံအားစနစ် ဘာလုပ်ပေးသလဲ ကိုယ်ခံအားစနစ်က ကလေးတွေကို ရောဂါပိုးတွေနဲ့ ဖျားနာမှုတွေကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ထဲမှာ ဆဲလ်တွေ၊ ပရိုတင်းတွေ၊ တစ်ရှူးတွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးက လက်တွဲညီညီနဲ့ ပြင်ပကနေ ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပါတယ်။ ကိုယ်ခံအားက အရွယ်ရောက်လာလေလေ သန်မာလာလေလေပါ။ ကိုယ်ခံအား တစ်ရပ်ကို ဘယ်လို တည်ဆောက်ယူရသလဲ မေမေဆီကနေ မွေးဖွားလာချိန်မှာ ကိုယ်ခံအားက ကလေးတွေဆီကို သဘာဝလက်ဆောင်အနေနဲ့ ပါလာတာဖြစ်ပါတယ်။ […]