ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာ ဒိန်ချဉ် စတိုက်နိုင်ပြီလဲ

ကလေးအများစုအနေနဲ့ အဖတ် စစားနိုင်တဲ့ အရွယ် (အသက် ခြောက်လနောက်ပိုင်း)မှာ ဒိန်ချဉ် ကို စသောက်နိုင်ပါပြီ။ ဒိန်ချဉ်မှာ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်တွေအပါအဝင် အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာမို့ ကလေးအတွက် ရွေးချယ်သင့်တဲ့ ကနဦးအစားအစာ တစ်မျိုး ဖြစ်ပါတယ်။ အချိုဓာတ်လုံးဝမပါဘဲ ပိုးသတ်ပြီးသား နွားနို့စစ်စစ်က ထုတ်လုပ်ထားတဲ့ ဒိန်ချဉ်ကို ကျွေးတာတော့ အကောင်းဆုံးရွေးချယ်မှုပဲ ဖြစ်ပါတယ်။ အချိုဓာတ်လုံးဝမပါဘဲ နွားနို့စစ်စစ်ကနေ ပြုလုပ်ထားတဲ့ ဒိန်ချဉ် ကို သောက်ဖို့ ဘာလို့လိုအပ်တာလဲ။ ကလေးတွေ ကြိုက်အောင် အနံ့အရသာတွေထည့်ထားတဲ့ ဒါမှမဟုတ် သစ်သီးလေးတွေပါတဲ့ ဒိန်ချဉ်တွေ (ကလေးများအတွက်လို့ တံဆိပ်ကပ်ထားပေမယ့်) အားလုံးနီးပါးဟာ ဆေးသကြားတွေ ပါဝင်နိုင်တဲ့အတွက် သွားပိုးစားခြင်းနဲ့ အဝလွန်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘာအချိုဓာတ်မှမပါတဲ့ ဒိန်ချဉ်ဟာ ဆေးသကြားတွေကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကိုရိုက်ပြီးဆုံးမ မှာလား ဆိုးကျိုးတွေရှိနိုင်ပါတယ်

သင်ဟာ ကလေးကိုရိုက်ပြီးဆုံးမ တတ်သူလား။ ရိုက်ဆုံးမတဲ့နည်းလမ်းက ကလေးကို တကယ်လိမ္မာသွားစေမှာလား။ မိဘတွေဟာ ကလေးတွေကို ရိုက်ဆုံးမတဲ့အခါ ဒေါသထွက်နေချိန်ဖြစ်တာကြောင့် တစ်ခါတရံ စိတ်မထိန်းနိုင်ဘဲ ကိုယ့်စိတ်ဖြေသလို လုပ်နေမိတတ်ပါတယ်။ မိဘအနေနဲ့ ကိုယ့်စိတ်ကို အရင်ထိန်းပြီးမှ ဆုံးမသင့်သလောက်ဆုံးမမယ်ဆိုရင် အကောင်းဆုံးပါ။ မိဘတွေက ကလေးကို ရိုက်ရတော့မယ်လို့ တွေးလိုက်ရင် အလိုလိုကို စိတ်မာထားရမယ်လို့ ခံယူထားကြပါတယ်။ အသည်းမာရမယ်ပေါ့။ ဒါ့ကြောင့်ပဲ ကလေးကိုရိုက်ပြီးမှ သနားပြီးပြန်ငိုတဲ့ တချို့မိဘတွေလည်း ရှိပါတယ်။ နောက်တစ်ချက်က အခုလိုရိုက်ခံရအောင် ကလေးက သူ့ဘာသာဖန်တီးခဲ့တာလို့ တွေးတာဖြစ်ပါတယ်။ အရိုက်ခံရအောင်လုပ်တာ သူတို့အမှားပဲ၊ ငါတို့မှားတာမဟုတ်ဘူးလို့ တွေးကြတာပါ။ ကလေးကိုရိုက်ပြီးဆုံးမ လိုက်ရင် ကလေးရဲ့အပြုအမူတွေကို ခဏတာအတွင်း ထိန်းချုပ်နိုင်မှာလား ကလေးတစ်ယောက်က အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊ နားလည်မှတ်သားနိုင်စွမ်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ရိုက်ဆုံးမခြင်းကို အန္တရာယ်လို ကလေးက သတိအနေအထားနဲ့ သိရှိလက်ခံလိုက်ပြီး ချက်ချင်းတုံ့ပြန်လာပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ ဘယ်အချိန်မှာ ပထမဦးဆုံးမှတ်ဉာဏ်ကို တည်ဆောက်သလဲ

ကလေးများအတွက် မှတ်ဉာဏ်သည်ပုံမှန်အားဖြင့် အထူးအားလပ်ရက်၊ အငယ်လေး မွေးသောနေ့ စသည်ဖြင့် ထူးခြားသော နေ့စွဲဖြစ်ရပ်လေးများမှ စတင်သည်။ မိဘအနေဖြင့် သင်သည် သင့်ကလေးများအတွက် ကောင်းမွန်သော အမှတ်တရကောင်းများကိုသာ ဖန်တီးပေးဖို့ မျှော်လင့်မည်ဖြစ်သည်။ မှတ်ဉာဏ်စတင်သော အသက်အရွယ် ကျွန်ုပ်တို့ အများစုသည် အသက် သုံးနှစ်၊ လေးနှစ်မတိုင်ခင်က ကိစ္စများကို လုံးဝမမှတ်မိသည်ကများသည်။ နောက်ပိုင်းအသက်အရွယ်များမှာတောင်မှ အချို့ကိစ္စများကိုသာ မှတ်မိတော့သည်။ အသက် ၇နှစ်မှ ၁၀ နှစ်ကြားရောက်သည့်အထိ ကလေးများသည် မှတ်ဉာဏ်များကို တည်ဆောက်နိုင်သော်လည်း အချိန်ကြာသည်နှင့်အမျှ မှေးမှိန်ပျောက်ကွယ်ပြီး အသစ်အသစ်သော ပထမဦးဆုံး မှတ်ဉာဏ်များ၏ အစားထိုးခြင်းကို ခံရသည်။ ကျွမ်းကျင်သူများက ထိုသို့ မှတ်လိုက်မေ့လိုက် သံသရာလည်နေခြင်းကို ကလေးဘ၀ မှတ်ဉာဏ်မေ့ခြင်းဟု ရည်ညွန်းကြသည်။ ထိုကလေးဘဝမှတ်ဉာဏ်မေ့ခြင်းသည် ပုံမှန်ဖြစ်ပြီး ကလေးများကြုံတွေ့ရမည့် ဦးနှောက်ပုံမှန် ဖွံ့ဖြိုးမှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်နိုင်သည်။ ကျွမ်းကျင်သူများက တစ်နှစ်အောက်ကလေးများတွင် ပိုမိုရှုပ်ထွေးသော မှတ်ဉာဏ်ပုံစံများကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး အရေး၊အဖတ်၊အတွက်အချက် ဘယ်အချိန်မှာ သင်ကြားသင့်သလဲ

စာသင်ကြားမှုသည် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသည်။ ထို့ကြောင့် အကောင်းဆုံးသော စာသင်ကြားမှုနည်းလမ်းကို ရရှိဖို့ မိဘများသည် သူတို့ကလေး စာဖတ်၊ စာရေး၊ တွက်ချက်မှုကဲ့သို့သော ရိုးရှင်းသော သင်ကြားမှုများကို စတင်ဖို့ သင့်တော်သော အသက်အရွယ်ကို သိဖို့ အထူးအရေးကြီးပါသည်။ သင့်ကလေး ဘယ်အချိန်မှာ စာဖတ်ဖို့ သင်ယူသင့်သလဲ။ ကလေး အသက် လေးနှစ်ပြည့်သည်နှင့် မိဘများသည် ကလေးများ၏ စာဖတ်မှုအကြိုစွမ်းရည်ကို စတင်သင်ကြားဖို့ ထောက်ခံထားပါသည်။ ထိုစွမ်းရည်များတွင် ရိုးရှင်းသော စကားလုံးများကို မှတ်မိခြင်း၊ အသံထွက်ဖတ်ခြင်း၊ ဗျည်းသရ အက္ခရာများ ချရေးခြင်း နှင့် ကာရန်လိုက်သော စကားလုံးများကို အစားထိုးခြင်း စွမ်းရည်တို့ပါဝင်ပါသည်။ ပညာရေးဆိုင်ရာ ဆရာကြီးများ၏ အဆိုအရ ကလေးများသည် မူကြိုနှင့် နှစ်တန်းကြားတွင် စတင်စာဖတ်တတ်ပြီဖြစ်သည်။ သို့သော် လူကြီးများထံမှ ကောင်းမွန်သော သင်ကြားမှုနှင့် လမ်းညွှန်မှုကို လက်ခံရရှိမှသာ ဖြစ်သည်။ သင့်ကလေးကို […]


ကလေးငယ်အာဟာရ

သင့်ကလေးကို ဘယ်အချိန်မှာ ပန်းသီးဖျော်ရည်တိုက်နိုင်ပြီလဲ

အသီးဖျော်ရည်သည် သောက်ရလွယ်ကူသော ဖျော်ရည်တစ်ခုဖြစ်ပြီး ဗီတာမင် နှင့် သတ္တုဓါတ်များကြွယ်ဝသော အစားအစာရင်းမြစ်တစ်ခုအဖြစ် ယုံကြည်ကြသည်။ သို့သော် သင့်ကလေးအထူးသဖြင့် မွေးကင်းစကလေးနှင့် တစ်နှစ်အောက်ကလေးများကို အသီးဖျော်ရည် တိုက်ဖို့အတွက်ကိုတော့ သင်တွေးထားတာထက် ပိုစဉ်းစားသတိထားဖို့လိုအပ်သည်။ သစ်သီးဖျော်ရည်များသည် တစ်နှစ်အောက်ကလေး ဝမ်းချုပ်ခြင်းအတွက် အထူးကောင်းမွန်သည်။ ကလေးဆရာဝန်များသည် တစ်နှစ်အောက်အရွယ် သင့်ကလေး ဝမ်းချုပ်ခြင်း သက်သာစေရန် ပန်းသီးဖျော်ရည်နှင့် ရေကို ရောပြီး တိုက်ကျွေးဖို့ အကြံပေးထားပါသည်။ ထိုဖျော်ရည်သည် ၁၀၀ ရာခိုင်နှုန်း သဘာဝစစ်စစ်ဖြစ်ပြီး သကြား၊ ဆေးသကြားများ ပါဝင်ခြင်းမရှိရန်၊ ဖျော်ရည်ဘူးတွင် ပိုးသတ်ထားသည်ဟု ရေးထားသော အညွှန်းပါရန် အထူးသတိထားပါ။ သင့်ကလေး ကို ပန်းသီးဖျော်ရည် (သို့) မည်သည့်ဖျော်ရည်မဆို မတိုက်ကျွေးခင် ကလေးအတွက် ဘေးကင်းစိတ်ချကြောင်း သေချာစေရန် သင့်ဆရာဝန်၊ အာဟာရပညာရှင် (သို့) ကလေးဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ အတွေ့အကြုံမရှိသောသူ (သို့) […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

သင်သည် သင့်ကလေး၏ သူငယ်ချင်းများကို မနှစ်မြို့သောအခါများတွင် ဘာလုပ်မလဲ

မိဘများသည် သူတို့၏ကလေးများကို ကျန်းမာ ပျော်ရွှင်စွာ ကြီးပြင်းစေလိုကြပါသည်။ သို့သော် သင့်ကလေးသည် သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံချိန်ရောက်လာလျှင် သင်သည် ကလေးကို အချိန်ပြည့် အကာအကွယ်ပေးထား၍ မရပါ။ သင့်ကလေး၏ သူငယ်ချင်းများထဲတွင် အနည်းဆုံး သင်မကြိုက်သော သူတစ်ယောက်တော့ပါနိုင်ပါသည်။ ထို့ကြောင့် မဖြစ်သင့်ဘဲ ကြီးမားသည့်ပြသနာများ မဖြစ်ရလေအောင် သင့်ကလေး၏ သူငယ်ချင်းများနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းသည့်နည်းများကို ရေးသားလိုက်ရပါသည်။ သင့်ကလေး၏ သူငယ်ချင်းကို သင်မနှစ်သက်လျှင် ပထမဦးဆုံး ထိုသို့ဖြစ်ရခြင်းအကြောင်းကို အရင်စဉ်းစားပါ။ ထိုကလေးသည် ကိုယ်ရည်ကိုယ်သွေးနိမ့်ပါးခြင်းကြောင့် ဆိုလျှင် လျစ်လျူရှုထားလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် သင်ကိုယ်တိုင်ပင်လျှင် သင့်သူငယ်ချင်းများကို ရွေးချယ်ခွင့် မရှိသောကြောင့်ဖြစ်ပါသည်။ သို့သော် သင့်သူငယ်ချင်းများ အနေနှင့် သူတို့ပေါင်းချင်သော သူငယ်ချင်းများကို ရွေးချယ်ခွင့်ရှိပါသည်။ သင့်ကလေးသည် အရွယ်ရောက်လာပြီး ပိုရင့်ကျက်လာချိန်တွင် သင့်အနေဖြင့် သူကိုယ်တိုင် မှန်ကန်သော အပေါင်းအသင်းနှင့် ရွေးချယ်ပေါင်းသင်းစေခြင်း ပြုလုပ်ပါ။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ယောကျာ်းလေးများနှင့် မိန်းကလေးများသည် လေ့လာမှုစွမ်းရည်များ ဘယ်လိုကွာခြားသလဲ

ယောက်ျားလေးများနှင့် မိန်းကလေးများ၏ ကွာခြားချက်ကို နားလည်ခြင်းဖြင့် မိဘများသည် ကလေးများကို ဘယ်အချိန်တွင် သက်တောင့်သက်သာနေခြင်းကို လျော့နည်းအောင် လုပ်သင့်သလဲ၊ ဘယ်အချိန်မှာသူတို့ မကျွမ်းကျင်သော စွမ်းရည်များ တိုးတက်လာအောင်ပြုလုပ်ပေးသင့်သလဲ စသဖြင့် လေ့လာနိုင်ပါသည်။ ယင်းသည် မိဘများအနေဖြင့် ကလေးများ၏ ပင်ကိုယ်အပြုအမူများကို နားလည်စေလာခြင်း၊ ကလေးများ လေ့လာနေသည့် ပတ်ဝန်းကျင်ကိုပြောင်းလဲခြင်းဖြင့် ပြသနာများကို ဖြေရှင်းနိုင်လာခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။   ယောက်ျားလေးများ၏ ဦးနှောက်နှင့် မိန်းကလေးများ၏ ဦးနှောက် ယောက်ျာလေးများသည် မိန်းကလေးများနှင့် လေ့လာသင်ယူပုံချင်း မတူဟု လေ့လာမှုများက ဆိုပါသည်။ ဦးနှောက်သည် အဖြစ်အပျက်များကို ပြန်ပြောပြနိုင်စွမ်းရှိပါသည်။ ယေဘူယျအားဖြင့် မိန်းကလေးဦးနှောက်သည် မှတ်ဉာဏ်များကို စုစည်းခြင်း၊ အာရုံစူးစိုက်ခြင်း၊ တွေးခေါ်ခြင်း၊ ဘာသာစကားများကို လေ့လာခြင်း နည်းများဖြင့် စကားပြောခြင်းကို အဆင့်ဆင့်လုပ်ဆောင်ပေးသော ဦးနှောက်အပြင်လွှာ (Cerebral cortex ) ဖြင့် […]


ကျောင်းနေအရွယ်

ယောက်ျားလေးများသည် ဘာလို့ အနိုင်ကျင့်ကြပါသလဲ။ သူတို့ကို ဘယ်လို ကူညီပေးနိုင်မလဲ

အနိုင်ကျင့်သည်ဟုပြောလိုက်လျှင် ကျွန်ုပ်တို့သည် ကျောင်းနေရွယ် ယောကျာ်းလေးများအချင်းချင်း တိုက်ခိုက်ကြခြင်း၊ တစ်ယောက်နှင့်တယောက် ပစ်ပေါက်ကြခြင်းစသည့် ကြမ်းတမ်းသည့် အမူအရာများ ပြုလုပ်သည်ဟု ထင်တတ်ကြပါသည်။ ဘာကြောင့်ပါလဲ။ အချို့သည် မီဒီယာ၏လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သလို အချို့သည် လက်တွေ့ဘဝတွင် အမှန်တကယ်ဖြစ်နေသော အတွေကအကြုံများ ဖြစ်ပါသည်။ ယောက်ျားလေးများသည် ဘာလို့ ထိုသို့ကြမ်းတမ်းစွာ အနိုင်ကျင့်ကြပါသလဲ။ နှစ်ပေါင်းများစွာ သုတေသနပြုချက်များအရ အနိုင်ကျင့်သော ယောကျာ်းလေးများသည် မိမိကိုယ်ကို တန်ဖိုးလျှော့ခြင်း၊ ပေါင်းသင်းဆက်ဆံရေးညံ့ခြင်း၊ သူငယ်ချင်းနည်းခြင်း တို့ကြောင့်ဖြစ်တတ်ပြီး သူတို့ကိုယ်တိုင်သည်လည်း အကြောင်းအမျိုးမျိုးကြောင့် အနိုင်ကျင့် ခံနေရသူများဖြစ်နေတတ်ပါသည်။ သိုကသော် ထိုအရာများနှင့်ဆန်ကျင်ဘက်လည်းဖြစ်နေနိုင်ကြောင်း ပညာရှင်များက ဆိုပါသည်။ အနိုင်ကျင့်သူများသည် ဂိုဏ်းခေါင်းဆောင်များဖြစ်ကြကြောင်း အများစုတွင် လေ့လာရပါသည်။ ‘သူတို့၏ပေါင်းသင်းဆက်ဆံရေးသည် ပုံမှန်အတိုင်းဖြစ်ပါသည်။ ထို့ကြောင့် သူတို့ကို ချဉ်းကပ်ဖို့ ပြန်စဉ်းစားရမယ’် ဟု ပါမောက္ခ Dorothy Espelage ကပြောပါသည်။ ‘သူတို့သည် သူတို့ပြုသမျှခံနိုင်ကြသူများအပေါ်တွင် […]


ကလေးငယ်အာဟာရ

ကလေးများသည် ဘာကြောင့် တစ်နေ့လျှင် သုံးနပ်စားဖို့ လိုအပ်သလဲ

တစ်နေ့ကို အစာသုံးကြိမ်စားခြင်းသည် ဟိုးရှေးယခင် အချိန်များကတည်းက စာအုပ်များတွင် ဖော်ပြထားပြီး ကလေးများအတွက် ကျန်းမာရေးကောင်းစေမည့် အရေးကြီးသည့်အချက်ဖြစ်ပါသည်။ ထိုသို့စားခြင်းသည်အရသာကိုလည်းကောင်းစေသလို အစာများကိုလည်း ပုံမှန်အတိုင်းစားနိုင်စေပါသည်။ မိဘများအနေဖြင့် မိမိကလေးများကို ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားတတ်စေရန် ကူညီပေးရမည်ဖြစ်ပါသည်။ မနက်စာမစားခြင်းသည် အများထင်ထားသလို ကိုယ်အလေးချိန်မကျစေဘဲ ကိုယ်အလေးချိန်ကို ပိုတိုးစေပါသည်။ မနက်စာစားခြင်းဖြင့် စွမ်းအင်များရရှိကာ ကျောင်းတွင်လည်း စာများကို အာရုံစူးစိုက်နိုင်မည်ဖြစ်ပါသည်။ ကလေးများသည် နေ့လည်စာကိုကျောင်းမှာ စားကြရပါသည်။ ထို့ကြောင့် နေ့လည်စာကို အခြားအချိန်များထက် သကြားဓါတ်နည်းပြီး အာဟာရဓါတ်နှင့်ကျန်းမာစေသော အဆီဓါတ်များ ပိုပါအောင် စီစဉ်ပေးသင့်ပါသည်။ ပုံမှန်အားဖြင့် ညစာတွင် အာဟာရတန်ဖိုးများစွာပါဝင်သည့်အတွက် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို အဓိကအားပေးခြင်းဖြစ်ရာ ညစာမစားခြင်းသည် ကလေးများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။ အကောင်းဆုံး အာဟာရတန်ဖိုးများရရှိအောင် ကြိုးစားခြင်း တစ်နေ့တွင် သုံးနပ်စားခြင်း၏ အကျိုးကျေးဇူးတစ်ခုမှာ ကလေးများသည် တနေကုန် စွမ်းအင်များ သူ့အချိန်နှင့်သူရရှိနေသည့်အတွက် ထမင်းတစ်နပ်နှင့် တစ်နပ်ကြားတွင် […]


ကလေးငယ်အာဟာရ

ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ

ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ ..... မိခင်များသည် ကလေးများအတွက် ဖော်စပ်ထားသော နို့မှုန့်များထက် နွားနို့ကို ပိုပြီးအသုံးပြုကြပါသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့သည် ပိုပြီး သဘာဝအရင်းအမြစ်ဖြစ်ခြင်းနှင့် အာဟာရဓာတ်များ ပိုပြည့်စုံမည်ဟုထင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ ဆိုတော့ မည်သို့ပင်ဆိုစေကာမူ နွားနို့သည် သင့်ကလေး အသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သော အရာဖြစ်ပါသည်။ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သည်ဟု ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတာဖြစ်ပါသည်။ https://hellosayarwon.com/parenting/baby/baby-nutrition/how-to-choose-best-milk-powder-for-babies/ အဘယ်ကြောင့် နွားနို့ကို ကလေးအသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သလဲ။ အမေရိကန်နိုင်ငံမှ ကလေးဆရာဝန်များ၏ အဆိုအရ ကလေးကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း