အမြွှာကလေးများကို တစ်ဦးချင်း ပြုစုစောင့်ရှောက်ခြင်း

    အမြွှာကလေးများကို တစ်ဦးချင်း ပြုစုစောင့်ရှောက်ခြင်း

    ဘာကြောင့် အမြွှာကလေးများကို တစ်ဦးချင်း ဆက်ဆံသင့် သလဲ။

    လူတိုင်းတွင် ကိုယ်ပိုင်လက္ခဏာရှိသကဲ့သို့ သင်၏ အမြွှာ ကလေးများတွင်လည်း ရှိပါသည်။ အမှန်မှာ သူတို့သည် ရုပ်ချင်းတူသော်လည်း သူတို့ကို အထုပ်တစ်ခုဟုမြင်ခြင်းထက် သီးခြား တစ်ဦးတစ်ယောက်အဖြစ်မြင်ခြင်းကို နှစ်သက်ပါ သည်။ သို့သော်လည်း လူများသည် အမြွှာများတွင် သီးခြား လက္ခဏာရှိသည်ကို လျစ်လျူရုကြသည်။ ၎င်းသည် သီးခြား ပင်ကိုယ်စရိုက် ဖြစ်ပေါ်မှုကို တားဆီးသည်။ သို့ဖြစ်သော ကြောင့် သူတို့ကြီးပြင်းလာသောအခါ ပြဿနာများစွာ တွေ့ကြုံရနိုင်သည်။

    သူတို့သည် အရေးပါသော ဆုံးဖြတ်ချက်များကို အခြားတစ်ဦး၏ သဘောတူမှု မရှိဘဲ ကိုယ်တိုင်မလုပ်နိုင်သော ကြောင့် သူတို့ကို သူတို့လွတ်လပ်မှု ဆုံးရှုံးလာသည်ဟု ခံစားရနိုင်သည်။ သူတို့မိဘများနှင့် အခြားမိသားစုဝင်များ ကပင် အမြွှာများသည် အတွေးတူရှိသင့်သည်ဟု ယူဆသော ကြောင့် တူညီသော ရွေးချယ်မှုများကိုသာ လုပ်စေသည်။ ထို့အပြင် အမြွှာများသည် သူတို့ကိုယ်ပိုင် စိတ်ဝင်စားမှု ဖြစ်လာရန် နှင့် သီးခြား ပင်ကိုယ်လက္ခဏာကို လက်ခံရန် ခက်ခဲလာနိုင်သည်။ သူတို့သည် သူတို့အမြွှာဖြင့် မကြာခဏ နှိုင်းယှဉ်ခြင်း ခံရသောကြောင့် မသက်မသာခံစားရသည်။

    မိဘတစ်ဦးအနေဖြင့် အမြွှာကလေးများတွင် ပင်ကိုယ် စရိုက်ကို အားပေးလှုံဆော်ပေးရန် လိုအပ်သည်။ သင်သည် အမြွှာများက အစကတည်းက တစ်ဦးစီအဖြစ် ပြုစုမွေးမြူ သင့်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ၎င်းသည် သူတို့၏ ဖွံ့ဖြိုးမှုအတွင်း တစ်ဦးတစ်ယောက်စီအဖြစ် သူတို့ကို သူတို့ ခွဲခြားဖော်ပြခြင်းကို တိုးတက်စေသည်။ အသုံးဝင်သော အကြံပြုချက်အချို့ကို သင်အောက်တွင် ကြည့်ရှုနိုင်သည်။

    သင်၏အမြွှာကလေးများကို လွယ်လပ်စွာ တွေးခေါ်ပြုမှုနိုင်ပြီး တစ်ဦးချင်းရပ်တည်နိုင်အောင် အားပေးပါ။

    မိဘများသည် ကလေးများ ငယ်ရွယ်စဉ်တွင် ကလေးများ နှင့် အနီးကပ်ဆုံး ထိတွေ့သူများဖြစ်သည်။ ထို့ကြောင့် သင်၏ အမြွှာကလေးများကို တစ်ဦးချင်း ရပ်တည် နိုင်အောင် ပျိုးထောင် ပေးရန်မှာ သင်၏ တာဝန်ဖြစ်သည်။

    သူတို့ကို အထုပ်တစ်ခုဟု မမြင်ပါနှင့်။

    အမြွှာဆိုသည်မှာ လူနှစ်ယောက်ဖြစ်ပါသည်။ တူညီသော နှစ်ခုကို ထုပ်ပိုးထားခြင်းမဟုတ်ပါ။ ထို့ကြောင့် သင်သည် သူတို့ကို တစ်ခုတည်းဟု မစဉ်းစားသင့်ပါ။

    အမြွှာကလေးတစ်ဦးချင်းစီဖြင့် အချိန်ပေးပါ။

    သင်၏ အမြွှာကလေးများသည် အရာရာကို သတိပြုရန် ငယ်လွန်းနေလျှင်ပင် သင်သည် သူတို့ကို တစ်ချိန်တည်း နှစ်ယောက်လုံး မဟုတ်ဘဲ သီးခြား ဆက်ဆံသင့်သည်။ သင် သည် ကလေးတစ်ဦးစီဖြင့် ပွတ်သပ်ယုယခြင်း၊ စကားပြော ခြင်း ကစားခြင်းစသည်ဖြင့် အချိန်ပေးသင့်သည်။ ထိုသို့ တစ်ဦးချင်းစီကို ဂရုစိုက်ပါက သင့်အမြွှာ ကလေးများသည် သူတို့ကို သင်သေချာနားထောင်ဂရုစိုက်သည်ဟု ခံစားရမည်။

    ကလေးတစ်ဦးစီ၏ လိုအပ်မှုအပေါ် မူတည်ပြီး ပြုစုထိန်း ကျောင်းပုံကို ညိယူပါ။

    သင့်ကလေးအား သူတို့နှင့် အကိုက်ညီဆုံး နည်းလမ်းများ ဖြင့် ပြုစုပျိုးထောင်ပါ။ သူတို့၏ လိုအပ်ချက်များကို လွတ်လပ် စွာ ပြောပြစေပါ။

    သူတို့ကို အချင်းချင်း မနှိုင်းယှဉ်ပါနှင့်။

    ဘယ်သူမှ အထူးသဖြင့် အမြွှာကလေးများသည် အခြားသူ များဖြင့် နှိုင်းယှဉ်ခြင်းကို မလိုလားပါ။ ကလေးတိုင်းသည် သူတို့၏ ပင်ကိုယ်စွမ်းရည်များ တစ်ချိန်ချိန်တွင် ထွက်ပေါ်လာ နိုင်သည်။ အမြွှာကလေးများတွင် တစ်ဦးသည် သိပ္ပံ၌ ထူးချွန် ပါက အခြားတစ်ဦးသည် သိပ္ပံ၌ ထူးချွန်ရမည်ဟု မဆိုလိုပါ။ သူတို့သည် သူတို့ကိုယ်ပိုင်နည်းလမ်းဖြင့် သူတို့ကို သူတို့ စူးစမ်းရှာဖွေရန် အချိန်လိုအပ်သည်။

    သူတို့၏ ပင်ကိုယ်ဝါသနာကို သူတို့ကိုယ်တိုင်ဖော်ထုတ် စေပါ။

    အမြွှာကလေးများတွင် အရာအမျိုးမျိုးအတွက် မတူညီ သော စိတ်ဝင်စားမှု၊ ရွေးချယ်မှု ရှိနိုင်သည်။ သင်သည် ထို မတူညီမှုများကို ဂရုစိုက်ကြည့်ရှုပြီး သူတို့ကိုယ်ပိုင် ဝါသနာ၊ စိတ်ဝင်စားမှု၊ သူငယ်ချင်းများရအောင် အားပေးပါ။

    လိုအပ်ပါက တစ်ဦးနှင့်တစ်ဦး ဝေးဝေးနေခိုင်းပါ။

    မိဘများသည် သူတို့၏ အမြွှာကလေးများ တစ်ဦးနှင့်တစ်ဦး အချိန်တိုင်း ပူးကပ်နေသည်ကို မြင်လိုကြသည်။ သို့သော် လည်း အချို့ကိစ္စများတွင် ခွဲနေခြင်းသည် သူတို့၏ ပင်ကိုယ် စရိုက်များ ဖြစ်ပေါ်အောင်ကူညီပေးပြီး အခြားကလေးများဖြင့် ဆက်ဆံခြင်းကို တိုးတက်စေပါသည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement