home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ

ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ

ဘေဘီလေးတွေက ၄ လခွဲ ၅ လလောက်မှာ အစာစားဖို့စိတ်အားထက်သန်ကြပါပြီနော်။ ဒီအချိန်မှာမေမေတို့က ကလေးကို ထမင်းပိတ်ပါးတိုက်ပြီးကျွေးတယ်။ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်စုံအောင် အသီးအရွက်လေးတွေကို ကြိတ်ခြေပြီးကျွေးကြပါတယ်။ ဒီလိုကနေကျွေးလာရင်းက ကလေးကတော်တော်လေးအရွယ်ရောက်လာပြီ။ ဒါပေမယ့် သွားလေးကတော့ တစ်ချောင်းစနှစ်ချောင်းစလောက်ပဲရှိသေးတယ်။ ဒီလိုအရွယ်ရောက်လာတဲ့အခါ ကလေးကို ထမင်းကျွေးရင်မေမေတို့ ဖွားဖွားတို့ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တစ်ခုရှိနေပါတယ်။ ဒါကတော့ ကလေးကို ဝါးကျွေးတာပါ။ ကလေးက မဝါးနိုင်သေးဘူး ဝါးကျွေးလိုက်မယ်ဆိုတာလေ။ ကလေးလေးတွေ ငယ်စဉ်ကဝါးကျွေးတာနဲ့လွတ်ခဲ့တဲ့သူရယ်လို့ သိပ်မရှိလှပါဘူး။

ကလေးကို အစာဝါးကျွေးတာက ဘယ်လိုမျိုးသက်ရောက်မှုတွေရှိနေနိုင်လဲ

ကလေးကို အစာဝါးကျွေးတာကကောင်းတာလည်းရှိသလို မကောင်းတဲ့အချက်တွေလည်းရှိနေနိုင်ပါတယ်။ ဘာတွေကောင်းလို့ ဘာတွေမကောင်းဘူးလဲ သိချင်ရင်ဆက်ကြည့်လိုက်ရအောင်နော်။

ကလေးကို ထမင်းဝါးကျွေးတာကကောင်းတယ်လို့ပြောရတဲ့အချက်

ကလေးကို ထမင်းဝါးကျွေးတာက ကောင်းတယ်လို့ပြောရတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ ကလေးကို ထမင်းဝါးကျွေးတာက အလေ့အထတစ်ခုလိုဖြစ်နေသလို ကျန်းမာတဲ့ စားသောက်မှုပုံစံလို့လည်း အများကလက်ခံထားကြပါတယ်။ ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ကလေးကို မိခင်ကထမင်းဝါးကျွေးတဲ့အခါ မိခင်တံထွေးမှာပါတဲ့pathogens က ကလေးရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်တာကြောင့်ပါ။ ကလေးကိုဝါးကျွေးလိုက်တဲ့ အစားအစာကနေတဆင့် ပါသွားတဲ့ မိခင်ရဲ့ တံထွေးက ဖွံ့ဖြိုးဆဲကလေးရဲ့ ကိုယ်ခံအားကို အကောင်းဆုံးအားဖြည့်ပေးပါတယ်။ ကိုယ်တွင်းမှာ ပဋိပစ္စည်းတွေတိုးလာအောင်လည်း လှုံ့ဆော်ပေးပါတယ်။

ဒီလိုမျိုး ကလေးကို အစားအစာတွေဝါးကျွေးတာက ပန်းနာရင်ကြပ်ဝေဒနာလိုမျိုး ကိုယ်ခံအားစနစ်အားနည်းတာကြောင့် ခံစားနိုင်တဲ့ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်က မှားယွင်းတိုက်ခိုက်မှုကြောင့်ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ ကလေးကို ကူးစက်ရောဂါနဲ့ အခြားသောပတ်ဝန်းကျင်က ဘက်တီးရီးယားတွေနဲ့ ထိတွေ့တာကြောင့်ဖြစ်လာမယ့်ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။ ဒီအချက်တွေကြောင့်ကလေးကို ထမင်းဝါးကျွေးသင့်တယ်လို့ဆိုရတာပါ။ တကယ်တော့ ထမင်းဝါးကျွေးတာက ကလေးရဲ့ ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့ရှေးရိုးစဉ်လာတစ်ခုပေါ့။

ကလေးကို ထမင်းဝါးမကျွေးသင့်တဲ့အခြေအနေတွေက

ကလေးကိုထမင်းဝါးမကျွေးပါနဲ့ပြောရတဲ့ အကြောင်းအရင်းကတော့ရှင်းပါတယ်။ လူကြီးဆီမှာရှိနေတဲ့ရောဂါတွေက တံထွေးကနေတဆင့် ကလေးဆီကို ကူးစက်ရောက်ရှိသွားမှာစိုးတာကြောင့်ပါ။ ရောဂါပိုးတစ်ခုခုရှိနေတဲ့အနေအထားမျိုးမှာ ကလေးကို ထမင်းဝါးကျွေးလိုက်မယ်ဆိုရင် ကလေးကို ကိုယ်ခံအားမြင့်အောင် လုပ်ပေးတာနဲ့မတူဘဲ ကျန်းမာရေးပြဿနာခံစားရအောင်လုပ်သလိုဖြစ်သွားနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးတွေခံစားနေရရင် ကလေးကို အစားဝါးမကျွေးဖို့ပြောပါရစေနော်။

အထူးသတိထားရမယ့်အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ကလေးကို အစားဝါးမခွံ့ခင် ခံတွင်းသန့်ရှင်းမှုကို အရင်လုပ်ပေးဖို့ပါ။ နောက်တစ်ခုကလူကြီးမှာ ဘာလက္ခဏာမှ မပြဘဲ ရောဂါပိုးတွေ ရှိနိုင်တယ်ဆိုတာ သတိထားပေးပါ။ လူကြီးမှာ လက္ခဏာ မပြပေမယ့် ကလေးလေးဆီကို ကူးစက်နိုင်ခြေရှိတယ်ဆိုတာ မမေ့ပါနဲ့။ ဘာကြောင့် ဒီလိုမှာရလဲဆိုတော့ ကိုယ်ခံအား ကောင်းစေချင်လို့ ဝါးကျွေးကာမှ ကလေးကို တစ်ခုခုကူးစက်သွားမှာ စိုးရိမ်လို့ပါပဲ။ ဝါးမကျွေးလည်းပဲ ကလေးကို ကိုယ်ခံအားကောင်းအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

ကောင်းမွန်တဲ့ အာဟာရဖြည့်တင်းမှုက ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကို ပျိုးထောင်ပေးတဲ့နည်းလမ်းဖြစ်တာကြောင့် ဘေဘီလေးကိုယ်ခံအားအတွက် ဆောင်သင့်တာဆောင်လို့ရှောင်သင့်တာရှောင်ပါနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Does Saliva Have Health Risks? 3 Ways Germs Can Spreadhttps://health.clevelandclinic.org/does-saliva-have-health-risks-3-ways-germs-can-spread/ Accessed Date 1 March 2019

Is it perfectly fine to give your child pre-chewed food like Alicia Silverstone did with her son?https://www.quora.com/Is-it-perfectly-fine-to-give-your-child-pre-chewed-food-like-Alicia-Silverstone-did-with-her-son Accessed Date 1 March 2019

Should You Pre-Chew Your Baby’s Food?https://health.usnews.com/health-news/blogs/eat-run/2013/05/21/should-you-pre-chew-your-babys-food Accessed Date 1 March 2019

Should You Pre-Chew Your Baby’s Food?https://www.livescience.com/19435-pre-chew-baby-food.html Accessed Date 1 March 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။