၁။ သွားမညီခြင်း (Misaligned Teeth)
မကြာခဏ လက်မကို အာရုံစိုက်ပြီး စုပ်နေတဲ့အချိန်မှာ ပါးစောင်မှာ ရှိနေတဲ့ ကြွက်သားတွေက ပျော့ခွေလာပြီး သူနဲ့ ဆက်စပ်နေတဲ့ မေးရိုး အနေအထားကို ပြောင်းလဲစေကာ သွားတွေကို မညီမညာ ဖြစ်စေတာ၊ သွားတွေ အရှေ့ဘက်ကို ခေါထွက်လာတာ၊ သို့မဟုတ် အနောက်ဘက်ကို စောင်းလာတာ၊ မေးရိုး အနေအထား ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။
၂။ အာခေါင်က ထိခိုက်ပွန်းပဲ့ရန် လွယ်ကူလာတာ
လက်မစုပ်ခြင်းဟာ ပါးစပ်ထဲမှာ ရှိတဲ့ အာခေါင်ကို ချိုင့်သွားစေပြီး ခွက်ဝင်သွားစေတယ်။ ထိခိုက်ပွန်းပဲ့လွယ်လာသလို အအေးဒဏ်၊ အပူဒဏ် အစရှိတဲ့ ခံစားသိနိုင်မှု ပိုများလာပါတယ်။
၃။ ခံတွင်းရောဂါ ဖြစ်ခြင်း
ဘယ်သူကမှတော့ အချိန်ပြည့် လက်ကို ဆေးနိုင်မှာ မဟုတ်ပါဘူး။ လက်ဆိုတာ အရာဝတ္ထု ပေါင်းစုံကို လက်နဲ့ ကိုင်တွယ်နေရတာ၊ အပြင်က ဖုန်တွေ၊ သဲတွေ ကပ်ငြိနေတာကြောင့် ရောဂါပိုး ပေါင်းစုံက ရှိနေပြီးသားပါ။ အဲ့လို မသန့်ရှင်းတဲ့ လက်ကို ပါးစပ်ထဲ ထည့်လိုက်ပြီ ဆိုတာနဲ့ ရောဂါပိုးတွေက သွား၊ သွားဖုံး၊ လျှာ၊ အာခေါင်၊ လည်ချောင်း၊ အာသီးတွေမှာ သွားကပ်ငြိပြီး ပိုးဝင်စေကာ ရောဂါ ဖြစ်စေနိုင်ပါတယ်။
၄။ လက်မကို ရှည်မျောမျော ဖြစ်လာစေတာ
ရေရှည် စုပ်ခံနေရတဲ့ လက်မဟာ အချိန်ကြာလာတာနဲ့ လက်မ ပုံသဏ္ဍာန် ပျက်ယွင်းပြီး အရေပြား ခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်း၊ လက်မက ရှည်မျောမျော ဖြစ်လာခြင်း၊ ပိုးဝင်နိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
၅။ ဘာသာစကား ပြောဆိုရာမှာ အခက်အခဲ ဖြစ်ခြင်း
နောက်ဆက်တွဲ ဖြစ်တဲ့ ပြဿနာတွေထဲမှာ ဘာသာစကား ပြောဆိုရာတွင် အခက်အခဲ ဖြစ်ခြင်း၊ စကား မပီတော့ခြင်း၊ အသံထွက်ကို ကွဲကွဲပြားပြား မပြောနိုင်တာတွေလည်း ပါဝင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။