သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ

သွားတိုက်တယ်ဆိုတာ ကိုယ်တွေ ကလေးဘဝတည်းက လုပ်လာတဲ့အလေ့အကျင့်တစ်ခုပါ။ ဒီလို မနက်တိုင်းညတိုင်း လုပ်ဖြစ်နေတဲ့ သွားတိုက်တာနဲ့ ပက်သက်ပြီးတော့ သိထားတဲ့အကြောင်းအရာတွေ ဘာတွေရှိလဲ။ တစ်ချို့ကိုယ်သိထားတာတွေက မှားနေတတ်ပြီး သိသင့်တာတွေကျ မသိဖြစ်တတ်တာကြောင့် ဒီဆောင်းပါးထဲမှာ သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ နဲ့ သိသင့်တဲ့အချက်တွေ အကြောင်း ပြောပြပေးမှာပါ။ ကိုယ်သိထားတာတွေက ဘယ်လောက်မှန်လဲ ကြည့်ရအောင်။ ။ သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ ကတော့ သွားကိုကြမ်းကြမ်းတိုက်မှ သွားချေး တွေကျွတ်မယ်- ဒါက မှားနေပါတယ်။ သွားကို ကြမ်းကြမ်းတိုက်လိုက်ရင် သွားရဲ့ကြွေလွှာ တွေကိုရော၊ သွားဖုံးကိုရော ထိခိုက်စေနိုင်ပါတယ်။ သွားချေးတွေဆိုတာ သွားကို ပုံမှန်တိုက်တာလောက်နဲ့တင် စင်သွားတဲ့အရာတွေပါ။ သွားဖုံးရောဂါက တစ်ခါဖြစ်ဖူးတာနဲ့ တစ်သက်လုံးဆက်ရှိနေတော့မှာ။ ဘာမှမတတ်နိုင်ဘူး။ သွားဖုံးရောဂါဆိုတာ ဆရာဝန်ဆီမှာ သေချာသွားပြပြီး ဆေးကုသမှုခံယူတာ၊ ခံတွင်းသန့်ရှင်းရေးကို ပြန်ဂရုစိုက်လိုက်တာနဲ့တင် သက်သာလာမယ့်ရောဂါတစ်ခုပါ။ ပျော့ပျောင်းလွန်းတဲ့ သွားတိုက်တံကိုသာ […]


သွားအလှပြုပြင်ခြင်း

သွားထိန်းကိရိယာ (Braces) တပ်ပေးခြင်းရဲ့ ကောင်းကျိုးတွေ

သွားထိန်းကိရိယာကို လူတော်တော်များများ တပ်ရမှာ ကြောက်ကြပါတယ်။ သွားဖုံးတွေကိုများ ပွန်းသွားမလား။ နေရထိုင်ရခက်စေမလား။ သွားတိုက်ဖို့၊ ခံတွင်းသန့်ရှင်းရေးလုပ်ဖို့ လွယ်ကူပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ်လေးတွေ ကိန်းအောင်းသွားတဲ့အခါ သွားထိန်းကိရိယာ တပ်ဖို့ မဝံ့ရဲတော့ပါဘူး။ သွားထိန်းကိရိယာကို ဘာကြောင့် တပ်ကြတာလဲ။ အဓိက ကတော့ ငယ်သွားလဲပြီး ကြီးသွားပေါက်တဲ့အခါ သွားမညီတာ၊ သွားတွေ ထပ်နေတာ၊ ကြဲနေတဲ့သူတွေအတွက် သွားကို ညီသွားအောင် ထိန်းညှိပေးတဲ့ သံကြိုးကဲ့သို့ ကိရိယာ ဖြစ်ပါတယ်။ ကိုယ့်သွားရဲ့ အခြေအနေပေါ်မူတည်ပြီး လပိုင်းလောက်ပဲ တပ်ဖို့ လိုတဲ့သူတွေ ရှိသလို နှစ်နဲ့ချီအောင် တပ်ရတဲ့ သူတွေလည်း ရှိပါတယ်။ အစပိုင်းမှာတော့ ပါးစပ်ထဲ နေရထိုင်ရခက်သလို ခံစားရနိုင်ပေမယ့် နောက်ပိုင်း အသားကျသွားရင် အဆင်ပြေသွားမှာပါ။ သွားကို ညီညာဖြောင့်တန်းသွားစေဖို့ သက်သက် အသုံးပြုကြတယ်လို့ ထင်ထားပေမယ့် တကယ်တော့ သွားထိန်းကိရိယာမှာ လူတော်တော်များများ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားပွတ်တံကို မှန်မှန်ကန်ကန် အသုံးပြုကြမယ်။ သန့်ရှင်းအောင်ထားကြမယ်။

မမွှေးရင်နေပါစေ။ အနံ့အသက်ဆိုးတဲ့ ခံတွင်းတစ်ခုကိုတော့ ဘယ်သူမှ မလိုချင်ကြဘူးလေ။ ဒီလို လူတိုင်းလိုချင်တဲ့ သန့်ရှင်းကျန်းမာတဲ့ ခံတွင်းတစ်ခုရဖို့အတွက်ဆိုရင် သွားတိုက်တာက အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်း စေဖို့ သွားတိုက်တယ်ဆိုတဲ့နေရာမှာ သွားတိုက်နည်းမှန်ကန်ဖို့ရော ကိုယ်သုံးနေတဲ့ သွားပွတ်တံကို သန့်ရှင်းအောင်ထားဖို့အတွက်ရော နှစ်ခုလုံးက အရေးကြီးပါတယ်။ သွားပွတ်တံကို သုံပြီးသွားကို မှန်ကန်တဲ့နည်းနဲ့ ဘယ်လိုသွားတိုက်ကြမလဲ။ ။ နူးညံ့ပြီး အမျှင်သေးသေးလေးတွေနဲ့ လုပ်ထားတဲ့ သွားပွတ်တံကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ သွားတိုက်တဲ့နေရာမှာ သွားပွတ်တံကို ၄၅ ဒီဂရီလောက်စောင်းတဲ့ အနေအထားနဲ့ တိုက်သင့်ပါတယ်။ သွားတွေကို ကန့်လန့်ဖြတ် ဘေးတိုက် မတိုက်ပါနဲ့။ သွားမျက်နှာပြင် ရှေ့နောက် နေရာလပ်မကျန် အပေါ်အောက် ပွတ်ဆွဲပြီး သွားတိုက်ပေးသင့်ပါတယ်။ သွားတိုက်တဲ့အခါ အံသွားတွေကိုလည်းချန်မထားသင့်ပါဘူး။ အတွင်းထဲထိ သေချာတိုက်ပေးမှ အစားအစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ သွားတိုက်တယ်ဆိုပြီးရော ဆိုပြီး သွားကို […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားပွတ်တံဆို အကုန်အတူတူပဲ မဟုတ်ဘူးလား။ ကောင်းတာမကောင်းတာ ဘာကွာလို့လဲ။

သွားနဲ့ ခံတွင်းကျန်းမာရေးဟာ လူသားတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ သွားတိုက်ခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အလှအပအတွက်သာမက ကျန်းမာရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ပြုံးလိုက်တဲ့အခါ ပုလဲလုံးလေးလို ဖြူဖွေးပြီး ညီညာနေတဲ့ သွားလေးတွေပေါ်တာတာကို ဘယ်သူမဆို လိုချင်ကြတာပါပဲ။ ကိုယ့်ရဲ့ သွားနဲ့ ခံတွင်းကို သေချာဂရုမစိုက်ဘဲ ပစ်ထားတဲ့အခါ ကြာလာရင် သွားတွေ အရောင်မှိန်ပြီး ဝါလာမယ်။ သွားတွေ ပျက်စီးလာမယ်။ အနံ့အသက်ဆိုးတွေ ထွက်လာမယ်။ သွားအပေါ်မှာ အဝါရောင်ကျောက်တွေ (သွားချေးတွေ) တက်လာမယ်။ သွားပိုးစားလာမယ်။ စားကြွင်းစားကျန်တွေကို သေချာသန့်ရှင်းမှု မရှိတဲ့အခါ အစာဟောင်းတွေကနေ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ခံတွင်းကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။ သွားမှန်မှန်တိုက်သင့်တဲ့နောက်တစ်ချက်က သွားကျန်းမာရေးဆိုတာ အများစုတွေးကြသလို ခံတွင်းနဲ့ပဲဆိုင်တာမဟုတ်လို့ပါပဲ။ သွားနဲ့ခံတွင်းကျန်းမာရေးကနေ လူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကိုပါ သက်ရောက်မှုရှိနိုင်ပါတယ်။ သွားဖုံးရောဂါဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါလို ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ခြေပိုများစေတဲ့အချက်မို့ပါ။ သွားတိုက်တာက ဟုတ်ပါပြီ။နောက်ထပ်အရေးကြီးတဲ့အချက်က သွားပွတ်တံနဲ့သွားတိုက်ဆေးကောင်းဖို့ပါပဲ။ ကိုယ့်ရဲ့သွားတွေနဲ့နေ့တိုင်းထိတွေ့ရမယ့် သွားပွတ်တံက […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားချေးတွေ တာ့တာ

သွားမှာကပ်ငြိနေတဲ့ သွားချေးတွေက ကျန်းမာရေးအတွက်ရော ခံတွင်းအနံ့အသက်အတွက်ပါတော်တော်လေးဆိုးရွားတဲ့ ရန်သူတွေပေါ့။ စဖြစ်စမှာ မမြင်နိုင်ပေမယ့် တဖြည်းဖြည်းချင်းများလာတဲ့အခါ သွားမှာ စုပုံစေးကပ်လာသလိုခံစားရနိုင်ပါတယ်။ သွားချေးတွေရှိနေခြင်းက သွားကိုထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး သွားချေးတွေကြောင့် သွားတွေဝါတာ၊ အပေါ်ယံကြွေလွှာတွေ ဘက်တီးရီးယားတွေကြောင့် ထိခိုက်ပျက်စီးတာ၊ သွားပိုးစားတာ နဲ့ ခံတွင်းအနံ့ဆိုးတာတွေဖြစ်စေနိုင်ပါတယ်။ တော်တော်များများ သတိမထားမိတဲ့နောက်တစ်ချက်က သွားတွေက ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာစေဖို့တော်တော်လေးအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာပါ။ သွားနဲ့ခံတွင်းကျန်းမာဖို့အတွက် တစ်ခါတလေမှာ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ရုံ သွားပွတ်ကြိုးသုံးပြီး သွားကြိုသွားကြားတွေထဲက စားကြွင်းစားကျန်တွေကို ဖယ်ရှားရုံနဲ့ မလုံလောက်တာမျိုးတွေရှိနိုင်ပါတယ်။ ဒီလိုအချိန်မှာတော့ သွားပေါ်က သွားချေးတွေကို ဖယ်ရှားဖို့အတွက် အစားအသောက်တွေကို အားကိုးဖို့လိုလာပါမယ်။ ကဲဒီတစ်ခေါက်တော့ပြုံးတိုင်းလှပနေစေဖို့အတွက်ဖြူဖွေးသန့်စင်တဲ့ သွားလေးတွေပိုင်ဆိုင်နိုင်စေဖို့ ဘာတွေစားရမလဲပြောပြပေးမယ်နော်။ သွားချေးတွေကို တာ့တာပြနိုင်ဖို့အတွက် သွားလေးတွေဖြူဖွေးသန့်စင်လှပနေစေဖို့အတွက် ဒါလေးတွေစားပေးသင့်ပါတယ်။ နို့ထွက်ပစ္စည်းတွေ နို့ထွက်ပစ္စည်းတွက တံထွေးထွက်အောင်လုပ်ဆောင်ပေးပြီး သွားတွေမျာ သွားချေးမတက်အောင်ကာကွယ်ပေးပါတယ်။ ခံတွင်းထဲမှာရှိတဲ့ တံထွေးတွေက သွားတွေမှာ သွားချေးတွေမကပ်အောင်ကာကွယ်ပေးတဲ့ သဘာဝပစ္စည်းတစ်မျိုးပေါ့။ […]


ကလေးသွားကျန်းမာ​ရေး

သွားပိုးစားခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆများ ။ ။

ငယ်ငယ်တုန်းက သွားပိုးစားပြီး သွားကိုက်တဲ့ ဝေဒနာတွေ ခံစားဖူးကြမှာပါ။ ဒါတွေက ကလေးတိုင်းနီးပါးလောက်ကြုံတွေ့တတ်ကြတဲ့ ကိစ္စတစ်ခုပါ။ ဒီလိုအချိန်မျိုးမှာဆို မိဘတွေဘက်က သွားပိုးစားတာနဲ့ ပက်သက်ပြီး ကလေးတွေကို ဆိုဆုံးမလေ့ရှိပါတယ်။ ဒါဆို ငယ်ငယ်တည်းက သင်ကြားဖူးတဲ့ သွားပိုးစားတာနဲ့ ပက်သက်တဲ့ ဆိုရိုးစကားတွေက အမှန်ပဲလား။ သွားပိုးစားခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆများ ကို လေ့လာကြည့်ရအောင်။ သွားပိုးစားခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆများ သွားမှန်မှန်တိုက်ရင် သွားပိုးမစားတော့ဘူး ။ ။ သွားတိုက်ရုံတစ်ခုတည်းက သင့်ကို သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ သွားပိုးစားတယ်ဆိုတဲ့ ဖြစ်စဉ်က အရမ်းကို ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေထဲက တစ်ခုပါ။ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အက်ဆစ်တစ်မျိုးထုတ်ပြီး သွားရဲ့ ကြွေလွှာတွေကို ဖျက်ဆီးပစ်တာကြောင့် သွားပိုးစားရတာဖြစ်ပါတယ်။ သွားတိုက်တာ တစ်မျိုးတည်းနဲ့ကတော့ ဘက်တီးရီးယားပိုးတချို့ကိုသာဖယ်ရှားပေးနိုင်ပြီး […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းနံ့ဆိုးလို့ လူကြားထဲ စကားမပြောရဲဘူး ဖြစ်နေလား ။ ။

လူကြားထဲ စကားပြောထဲအချိန်မှာ ကိုယ့်ခံတွင်းနံ့ဆိုးလို့ သူများ နှာခေါင်းရှုံ့သွားတဲ့ ဖြစ်ရပ်မျိုးကို သင်ကြုံတွေ့နေရပြီဆိုရင် သင့် ခံတွင်းကျန်းမာရေးကို ပြန်ဂရုစိုက်ဖို့လိုနေပါပြီ။ ခံတွင်းနံ့ဆိုးတာဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုကို ထိခိုက်စေနိုင်တဲ့အပြင် သင့်ကိုလူကြားထဲမှာ အရှက်ရစေတဲ့ ကိစ္စတစ်ခုပါ။ ဒီတော့ ကိုယ့်ရဲ့ခံတွင်းနံ့ဆိုးကို ဘယ်လိုပျောက်အောင် လုပ်မလဲ။ ။ သွားကို ပုံမှန်တိုက်ပါ - ခံတွင်းနံ့နံတာရဲ့ အဓိက အကြောင်းအရင်းက သွားကြိုသွားကြားထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့တာကြောင့်နဲ့ သွားချေးတွေကြောင့်ပါ။ ဒီပြဿာနာကို အဖြေရှင်းနိုင်ဆုံးကတော့ သွားပုံမှန်တိုက်တာနဲ့ သွားပွတ်ကြိုး အသုံးပြုပေးတာဖြစ်ပါတယ်။ ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုပြီး ပလုတ်ကျင်းပါ - ခံတွင်းသန့်စင်ဆေးရည်ကို နေ့စဉ် အသုံးပြုပေးပါ။ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဘက်တီးရီးယားတွေ ထပ်မပေါက်အောင် တားဆီးပေးနိုင်တဲ့ ခံတွင်းသန့်စင်ဆေးရည်တွေကို သုံးပေးဖို့တော့ အရေးကြီးပါတယ်။ ခက်တာက […]


သွားပြဿနာများ

ဝါနေတဲ့ သွားတွေကြောင့် စိတ်ညစ်နေပါသလား ။

ဝါနေတဲ့သွားတွေကြောင့် လူအများကြားထဲမှာ ပြုံးရယ်ပြဖို့ ယုံကြည်မှု မရှိတာမျိုး ဖြစ်ဖူးပါသလား။ သွားဝါတယ်ဆိုတာ နာကျင်မှု ဝေဒနာမျိုးပေးတာတော့ မဟုတ်ပေမယ့် သင့်ရဲ့ အလှတရားကို ပျက်စီးစေနိုင်တဲ့ အရာလို့တော့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ ခံတွင်းသန့်ရှင်းရေးကိုလည်း ဂရုစိုက်နေပါရက်နဲ့ ဒီလို ဝါနေတဲ့ သွားတွေကို ဘယ်လိုပြုပြင်လို့ရမလဲ။ ပိုက်ဆံလည်း မကုန်ချင်ဘူး အသားနာလည်း မခံချင်ဘူး အချိန်ကုန်လည်း မခံနိုင်ဘူးဆိုရင်တော့ ခုပြောပြမယ့် သဘာဝ နည်းတွေနဲ့ ဝါနေတဲ့ သွားတွေကို ပြန်ပြီး ဖြူဖွေးအောင် လုပ်လို့ရပါတယ်။ စိတ်ဝင်စားကြလား။ ။ ၁ ။ သွားကို ပုံမှန်တိုက်ပါ ။ ။ သွားကို နေ့စဉ်တိုက်တာဟာ သင့်သွားပေါ်မှာ ကပ်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်တဲ့ တစ်ခုတည်းသော နည်းပါ။ သွားတိုက်တယ်ဆိုတဲ့နေရာမှာလည်း မှန်ကန်တဲ့ နည်းနဲ့ တိုက်ပေးဖို့တော့ လိုပါတယ်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

လျှာနာ နေလား ဒါလေးတွေစားပေးပါ

ခံတွင်းကျန်းမာရေးလို့ ပြောလိုက်ရင် တော်တော်များများပြေးမြင်တာက သွား နဲ့ သွားဖုံးပါ။ လူတော်တော်များများက လျှာလေးကို မေ့ထားတတ်ကြပါတယ်။ ခံတွင်းကျန်းမာရေးဆိုရင် လျှာလေးကို မေ့မထားဖို့ ပြောပါရစေ။ လျှာက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အစားအစာတွေကို မျိုချတာ၊ အရသာခံတာ နဲ့ စကားပြောတာတွေ အဆင်ပြေပြေလုပ်ဆောင်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ မနက်ခင်းနဲ့ ညအိပ်ရာမဝင်ခင် ခံတွင်းသန့်ရှင်းရေးလုပ်တဲ့အခါ သွားနဲ့ သွားဖုံးပြီးရင် လျှာလေးကိုပါ ထည့်ပြီးသန့်ရှင်းပေးပါ။ လျှာလေးက နာနေလား၊ အရောင်ပြောင်းနေလားဆိုတာကို သေချာဆန်းစစ်ကြည့်ဖို့ ပြောပါရစေ။ ဒီတစ်ခေါက်တော့ လျှာနာ ရင် ဘာစားရမလဲဆိုတာကိုပြောပြပေးဖို့ပြောပါရစေ။ လျှာမှာ အနာတစ်ခုခုဖြစ်တာကြောင့် လျှာနာ နေပြီဆိုရင် လျှာကို ကိုက်မိထားတာကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခုထိခိုက်မိထားတာကြောင့် လျှာနာ နေပြီဆိုရင် ဒါလေးတွေကို စားကြည့်ပေးဖို့ပြောပါရစေ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ လျှာနာ တာကို သက်သာစေမယ့် စားစရာတစ်ခုပါ။ နို့နဲ့ […]


သွားနှင့်မေးရိုးခွဲစိတ်ကုသမှုများ

အံဆုံးသွားနှုတ်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

အံဆုံးသွားနဲ့ ပတ်သက်ပြီး လူတွေ အမေးများတဲ့အရာတွေကတော့ ဘယ်အချိန်မှာ နှုတ်သင့်လဲ၊ ဘာကြောင့် နှုတ်သင့်လဲ၊ နှုတ်ဖို့ လိုအပ်လား အစရှိသဖြင့်ပါပဲ။ အံဆုံးသွားဟာ သွားဖုံးရဲ့ နောက်ဆုံးဘက်ခြမ်းမှာ ထွက်လာတတ်ပြီး များသောအားဖြင့် အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်းမှာ ပေါက်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ နှုတ်စရာမလိုပေမယ့် တချို့သော အကြောင်းရင်းတွေကြောင့် သွားဆရာဝန်က နှုတ်ဖို့ အကြံပေးလာနိုင်ပါတယ်။ အံဆုံးသွား နှုတ်သင့်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ ၁။ သမားရိုးကျ မပေါက်တဲ့အခါမျိုး (ဥပမာ - မေးရိုး၊ သွားဖုံးကြားထဲမှာ ညှပ်မိနေပြီး အလွန်နာကျင်နေတဲ့အခါ) မှာ နှုတ်သင့်ပါတယ်။ ၂။ အံဆုံးသွားဟာ သွားဖုံးဘေးကနေ ချော်ထွက်ပြီး ပေါက်လာတာ၊ သူ့အရှေ့မှာရှိတဲ့ သွားတွေကို ပွတ်တိုက်နေမိတဲ့အခါမျိုးမှာ နှုတ်ဖို့ လိုအပ်ပါတယ်။ ၃။ ပါးစပ်ကျဉ်းတဲ့သူတွေမှာ မေးရိုးပိုပြီး သေးတဲ့အတွက် သွားထပ်ပေါက်ဖို့ နေရာမရှိတော့တာကြောင့်လည်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း