backup og meta

သွားပိုးစားခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆများ ။ ။

သွားပိုးစားခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆများ ။ ။

ငယ်ငယ်တုန်းက သွားပိုးစားပြီး သွားကိုက်တဲ့ ဝေဒနာတွေ ခံစားဖူးကြမှာပါ။ ဒါတွေက ကလေးတိုင်းနီးပါးလောက်ကြုံတွေ့တတ်ကြတဲ့ ကိစ္စတစ်ခုပါ။ ဒီလိုအချိန်မျိုးမှာဆို မိဘတွေဘက်က သွားပိုးစားတာနဲ့ ပက်သက်ပြီး ကလေးတွေကို ဆိုဆုံးမလေ့ရှိပါတယ်။ ဒါဆို ငယ်ငယ်တည်းက သင်ကြားဖူးတဲ့ သွားပိုးစားတာနဲ့ ပက်သက်တဲ့ ဆိုရိုးစကားတွေက အမှန်ပဲလား။ သွားပိုးစားခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆများ ကို လေ့လာကြည့်ရအောင်။

သွားပိုးစားခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆများ

  • သွားမှန်မှန်တိုက်ရင် သွားပိုးမစားတော့ဘူး ။ ။

သွားတိုက်ရုံတစ်ခုတည်းက သင့်ကို သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ သွားပိုးစားတယ်ဆိုတဲ့ ဖြစ်စဉ်က အရမ်းကို ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေထဲက တစ်ခုပါ။ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အက်ဆစ်တစ်မျိုးထုတ်ပြီး သွားရဲ့ ကြွေလွှာတွေကို ဖျက်ဆီးပစ်တာကြောင့် သွားပိုးစားရတာဖြစ်ပါတယ်။

သွားတိုက်တာ တစ်မျိုးတည်းနဲ့ကတော့ ဘက်တီးရီးယားပိုးတချို့ကိုသာဖယ်ရှားပေးနိုင်ပြီး အက်ဆစ်ထုတ်နှုန်းကိုတော့ လျှော့ချပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သွားပုံမှန်တိုက်တာ၊ သွားပွတ်ကြိုး သုံးတာတွေက တခြားသောသွားနဲ့ ခံတွင်းပြဿနာတွေကို ဖြစ်နိုင်ခြေ နည်းစေမှာပါ။

  • အချိုစားများရင် သွားပိုးစားတယ် ။ ။

အချိုစားများတာနဲ့ သွားပိုးစားတာက တိုက်ရိုက်ကြီးဆက်စပ်နေတာတော့ မဟုတ်ပါဘူး။ သွားထဲမှာရှိတဲ့ သွားပိုးလို့ခေါ်တဲ့ ဘက်တီးရီးယားတွေက စားလိုက်တဲ့ အစားအသောက်တွေထဲက ကာဘိုဟိုက်ဒရိတ် အနည်းငယ်လောက်ကို စားသုံးပြီး အညစ်အကြေး အဖြစ် သွားပိုးစားတာကိုဖြစ်စေတဲ့ အက်ဆစ်တွေကို ပြန်စွန့်ထုတ်ပါတယ်။

အချိုစားတာအပြင် သွားမှာ ကပ်စေတဲ့ အစားအစာ‌တွေကလည်း သွားပိုးကို ဖြစ်စေပါတယ်။

သွားပိုးစားတာက ကူးစက်တတ်တဲ့ ရောဂါတစ်ခုဆိုတာကို မသိတဲ့သူတွေ အများကြီးပါ။ သွားပိုးစားတာကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ သွားထဲမှာ အခြေကုပ်ပြီး နေရာယူထားတတ်ကြတဲ့အတွက် တစ်ဇွန်းထဲ ထမင်းတူတူစားမိရင်ဖြစ်ဖြစ် မိဘတွေကနေ ကလေးကို ထမင်း ဝါးကျွေးရင်ပဲ ဖြစ်ဖြစ် သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေဟာ တစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီကို ကူးစက်သွားတတ်ပါတယ်။

  • သွားပိုးစားတာက အမြစ်ပြတ်ကုသလို့ ရတဲ့ ရောဂါတစ်မျိုးဖြစ်တယ် ။

စိတ်မကောင်းစရာတစ်ခုက တစ်ခါ သွားပိုးစားဖူးလို့ရှိရင် အဲဒီ ဘက်တီးရီးယားတွေက သင့်ဆီမှာ တစ်သက်လုံးရှိနေတတ်ပါတယ်။ ဒါကြောင့် ငယ်ငယ်လေးထဲက သွားပိုးမစားခဲ့အောင် ခံတွင်းကျန်းမာရေးကို သေချာ ဂရုစိုက်ဖို့လိုအပ်ပါတယ်။

  • ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးတွေကသာ သွားပိုးစားခြင်းကို အထိရောက်ဆုံး ကာကွယ်ကုသနိုင်တဲ့ အဖြေပါ ။ ။

ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးတွေက သင့်ပိုးစားနေတဲ့ သွားတွေကို သက်သာစေတာမှန်စေပေမယ့် သွားပိုးစားတာကို တိုက်ထုတ်ဖို့အတွက်ကတော့ သူတစ်ခုတည်းကသာ အဖြေမဟုတ်ပါဘူး။

  • သွားရဲ့ ကြွေလွှာတွေ အားနည်းတာကြောင့် သွားပိုးစားရတာဖြစ်တယ် ။ ။

သွားပိုးစားတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားကနေ ထုတ်လိုက်တဲ့ အက်ဆစ်တွေကြောင့် သွားရဲ့ ကြွေလွှာတွေပျက်စီးပြီး သွားပိုးစားရတာ ဖြစ်ပါတယ်။ သင့်သွားရဲ့ ကြွေလွှာအားနည်းတာကြောင့် သွားပိုးစားရတယ်ဆိုတာ မမှန်ပါဘူး။ သွားပိုးစားဖို့အတွက် ဘက်တီးရီးယားရဲ့ အက်ဆစ်တွေထွက်နေဖို့ လိုပါတယ်။

  • သွားပိုးစားတဲ့နေရာကို ဖာလိုက်ရင် သွားပိုးစားတာကို ကာကွယ်ပြီးသား ဖြစ်သွားမယ် ။ ။

သွားပိုးစားတာကို တိုက်ထုတ်ဖို့အတွက်က ဆေးပိုင်းဆိုင်ရာ အကူအညီတွေလိုပါတယ်။ သွားပိုးစားတာကြောင့် ဖြစ်နေတဲ့ အပေါက်ကို ဖာတာဟာ တစ်ခုတည်းနဲ့တော့ သွားပိုးစားတာကို ကုသလို့ မပျောက်ပါဘူး။ သွားပိုးစားတဲ့အပေါက်ကို ဖာရမယ့် အပြင် သွားကို biofilm treatmentပေးဖို့လည်း လိုပါသေးတယ်။

ရေးသားသူ- Dr Thin Yadanar@ Frances

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 cavity muths busted https://carifree.com/2017/07/26/6-cavity-myths-busted-2/ Accessed Date 11.2.2019

Cavities/ Tooth decay https://www.mayoclinic.org/diseases-conditions/cavities/symptoms-causes/syc-20352892 Accessed Date 11.2.2019

Tooth Decay https://medlineplus.gov/toothdecay.html Accessed Date 11.2.2019

Cavities https://www.mouthhealthy.org/en/az-topics/c/cavities Accessed Date 11.2.2019

Sugar and dental caries https://www.who.int/news-room/fact-sheets/detail/sugars-and-dental-caries Accessed Date 11.2.2019

 

ယခုပုံစံ

07/11/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခံတွင်းအနံ့ဆိုး ဘာကြောင့် ဖြစ်ရတာလဲ

သွားကိုက်ဝေဒနာ သက်သာစေမယ့်နည်းလမ်း (၅) ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement