သွားကို polishလုပ်တာက သွားချေးတွေကို ပြောင်စေတယ်။
ဒီနေရာမှ တစ်ခုရှင်းချင်တာရှိပါတယ်။ သွားကို polishတယ်ဆိုတာ သွားမျက်နှာပြင်ကို ချောအောင် လုပ်လိုက်တာပါ။ သွားကြားထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ သွားတိုက်တာနဲ့မတူပါဘူး။ မျက်နှာပြင်ကို ခြစ်လိုက်တာဖြစ်တဲ့အတွက် ကြောင့် အခန့်မသင့်ရင် သွားကြွေလွှာ တွေပါ ပျက်စီးစေတတ်ပါတယ်။
လျှာက မသန့်ရှင်းဘဲလည်းထားလို့ရတဲ့ အရာတစ်ခုပါ။ ။
လျှာမှာလည်း စားကြွင်းစားကျန်နဲ့ ဘက်တီးရီးယားတွေ ကပ်နေနိုင်တာကြောင့် ခံတွင်းသန့်ရှင်းလို့ဆိုလိုက်တာနဲ့ လျှာကိုမေ့ထားလို့ မရပါဘူး။ လျှာပွတ်ကြိုးနဲ့ လျှာကို သေချာသန့်ရှင်းပေးသင့်ပါတယ်။
သွားကို သေချာအချိန်ပေးပြီး မတိုက်ရင်ဘာမှမဖြစ်ဘူး။ အရေးကြီးတာသွားတိုက်ဖြစ်ဖို့ပဲ ။ ။
သွားတိုက်ရင်ပြီးရောဆိုပြီး အဖြစ်သဘောမျိုးနဲ့ သွားတိုက်လို့မရပါဘူး။ သွားရှေ့မျက်နှာပြင်ရော အတွင်းတွေကိုရော အံသွားတွေပါမကျန် နှံ့စပ်အောင် သွားတိုက်ပေးရပါမယ်။ သွားတိုက်ရင်လည်း သွားပွတ်တံကို ၄၅ ဒီဂရီစောင်းထားပြီး အပေါ်အောက်ဆွဲကာ ၂ မိနစ်ခန့်ကြာအောင် တိုက်ပေးသင့်ပါတယ်။
မိသားစုဖြစ်တာကြောင့် ခင်လွန်းတာကြောင့် သွားပွတ်တံ မျှဝေသုံးလို့ရတယ်။ ။
မိသားစုပဲ ဖြစ်ဖြစ်၊ အရင်းနှီးဆုံး သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ကိုယ့်သွားပွတ်တံကို မျှဝေမသုံးသင့်ပါဘူး။ ရောဂါပိုးတွေက သွားပွတ်တံဆီမှာ ကပ်နေနိုင်ပြီး တစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။
သွားပွတ်တံတစ်ချောင်းဆိုတာ ဖွာလန်ကြဲပြီး သုံးမရတဲ့အခါမျိုးမှ စွန့်ပစ်သင့်သည်။
ဘယ်လောက်ပဲ နှမြောတတ်တယ်ပြောပြော သွားပွတ်တံနဲ့ ပက်သက်ပြီးတော့ မနှမြောသင့်ပါဘူး။ ပစ္စည်းတွေ ကိုင်တွယ်တာ အရမ်းရိုသေတယ်ဆိုပြီး သွားပွတ်တံတစ်ချောင်းတည်းကို အချိန်အကြာကြီးအထိ သုံးနေတာမျိုးက လုံးဝကို မလုပ်သင့်တဲ့အရာပါ။ သွားပွတ်တံဆိုတာ သုံးတဲ့အချိန်ကြာလာလေလေ သူ့ဆီမှာ ကပ်နေနိုင်တဲ့ ဘက်တီးရီးယားတွေ များလာလေလေပါ။ ဒီတော့ ကိုယ့်သွားပွတ်တံ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ စသုံးတဲ့အချိန်ကစရေရင် ၆ လပြည့်ပြီဆိုတာနဲ့ အသစ်တစ်ခု လဲကိုလဲရပါမယ်။
ဒါတွေကတော့ ငယ်ငယ်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုဖြစ်တဲ့ သွားတိုက်တာနဲ့ ပက်သက်လို့ မှားယွင်းသိနေတဲ့ အချက်တွေကို ပြန်ရှင်းပြထားတာတွေပဲဖြစ်ပါတယ်။ မှန်ကန်တဲ့အချက်တွေကို သိပြီး လူတိုင်း ခံတွင်းရောဂါကနေ ကင်းဝေးနိုင်ပါစေ။ ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။