သွားမညီတဲ့အခါ စားလိုက်တဲ့ အစားအစာတွေက သွားကြားထဲ ပိုပြီး ညှပ်တတ်ပါတယ်။ စားကြွင်းစားကျန်တွေကို မဖယ်ရှားတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာမယ်။ တဖြည်းဖြည်း သွားပိုးစားလာပြီး နောက်ပိုင်းမှာ လုံး၀ ဆွေးမြေ့ပျက်စီးသွားတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလို ပြဿနာတွေ မဖြစ်စေဖို့ သွားထိန်းကိရိယာက ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
၃။ အစာကြေလွယ်စေတယ်။
သွားဟာ ညီညာဖြောင့်တန်းမနေရင် စားလိုက်တဲ့ အစားအစာကို သေချာကြေညက်အောင် ဝါးစားရခက်စေပါတယ်။ အစာကို သေချာမဝါးနိုင်ဘဲ မြိုချလိုက်တဲ့အခါ အစာအိမ်ကလည်း အစာချေဖျက်ဖို့ အလုပ်ပိုလုပ်ရတော့တာပေါ့။ သွားထိန်းကိရိယာတပ်ပြီး သွားကို ညီနေအောင် ညှိပေးလိုက်တဲ့အခါ အစာလည်း ဝါးရလွယ်ကူသွားမယ်။ အစာအိမ်လည်း ကောင်းကောင်း အစာချေဖျက်ပေးနိုင်တော့ အစာကြေလွယ်စေနိုင်ပါတယ်။
၄။ သွားကျိုးပဲ့တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
အားကစားလုပ်နေရင်း၊ ဆော့ကစားနေရင်း ချော်လိမ့်ကျပြီး မာလွန်းတဲ့အရာတစ်ခုခုနဲ့ သွားကို မတော်တဆထိခိုက်တဲ့ ပြဿနာတွေဟာ အဖြစ်များပါတယ်။ သွားထိန်းကိရိယာဟာ သွားကို ညီညာဖြောင့်တန်းပေးရုံသက်သက်မဟုတ်ဘဲ ပြင်ပအရာဝတ္ထုတွေကြောင့် သွားကို ပြင်းပြင်းထန်ထန် ထိခိုက်မိတဲ့အခါ မကျိုးပဲ့သွားစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
၅။ မိမိကိုယ်ကိုယ် ယုံကြည်မှုတိုးလာစေတယ်။
ဘယ်သူမဆို ရယ်ပြုံးလိုက်တဲ့အခါတိုင်း ပုလဲသွယ်သွားလေးတွေ ညီညာဖြောင့်တန်းနေတာမျိုးပဲ လိုချင်ကြမှာပါ။ သွားထိန်းကိရိယာကို အချိန်အတိုင်းအတာတစ်ခုထိ တပ်ပေးပြီး သွားညီအောင် ညှိပေးလိုက်ရင် မြင်သူငေးရလောက်တဲ့ အပြုံးမျိုး ပိုင်ဆိုင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာမှာ အသေအချာပါပဲ။
သွားထိန်းကိရိယာ (Braces) တပ်ဖို့ စဉ်းစားထားတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ သွားဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ကြည့်သင့်ပါတယ်။ ကိုယ့်သွားရဲ့ အခြေအနေ၊ သွားထိန်းကိရိယာ တပ်သင့်လား၊ ဘယ်လောက်ကြာအောင် တပ်ဖို့ လိုအပ်လဲဆိုတာကို သွားဆရာဝန်က သေချာပြောပြပေးမှာပါ။
သွားထိန်းကိရိယာ တပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် နည်းစနစ်မှန်ကန်စွာ တိုက်ပေးရမယ်။ သွားပွတ်ကြိုးကို အသုံးပြုပြီး သွားကြားထဲမှာ ရှိနေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးရမယ်။ လျှာကိုလည်း ပလတ်စတစ်လျှာခြစ်တံနဲ့ တစ်နေ့ တစ်ကြိမ် ခြစ်ထုတ်ပေးမယ်။ သွားဆရာဝန်ဆီ တစ်နှစ်ကို အနည်းဆုံး ၂ကြိမ် ပြသပေးမယ်ဆိုရင် သွားနဲ့ ခံတွင်းပြဿနာတွေ ကင်းဝေးပြီး ဖြူစင်လှပတဲ့ အပြုံးလေးေတွ ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။