သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

အံဆုံးသွားနှုတ်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

    အံဆုံးသွားနှုတ်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

    အံဆုံးသွားနဲ့ ပတ်သက်ပြီး လူတွေ အမေးများတဲ့အရာတွေကတော့ ဘယ်အချိန်မှာ နှုတ်သင့်လဲ၊ ဘာကြောင့် နှုတ်သင့်လဲ၊ နှုတ်ဖို့ လိုအပ်လား အစရှိသဖြင့်ပါပဲ။

    အံဆုံးသွားဟာ သွားဖုံးရဲ့ နောက်ဆုံးဘက်ခြမ်းမှာ ထွက်လာတတ်ပြီး များသောအားဖြင့် အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်းမှာ ပေါက်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ နှုတ်စရာမလိုပေမယ့် တချို့သော အကြောင်းရင်းတွေကြောင့် သွားဆရာဝန်က နှုတ်ဖို့ အကြံပေးလာနိုင်ပါတယ်။

    အံဆုံးသွား နှုတ်သင့်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

    ၁။ သမားရိုးကျ မပေါက်တဲ့အခါမျိုး (ဥပမာ – မေးရိုး၊ သွားဖုံးကြားထဲမှာ ညှပ်မိနေပြီး အလွန်နာကျင်နေတဲ့အခါ) မှာ နှုတ်သင့်ပါတယ်။

    ၂။ အံဆုံးသွားဟာ သွားဖုံးဘေးကနေ ချော်ထွက်ပြီး ပေါက်လာတာ၊ သူ့အရှေ့မှာရှိတဲ့ သွားတွေကို ပွတ်တိုက်နေမိတဲ့အခါမျိုးမှာ နှုတ်ဖို့ လိုအပ်ပါတယ်။

    ၃။ ပါးစပ်ကျဉ်းတဲ့သူတွေမှာ မေးရိုးပိုပြီး သေးတဲ့အတွက် သွားထပ်ပေါက်ဖို့ နေရာမရှိတော့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ၄။ အံဆုံးသွားပေါက်တဲ့ နေရာက အနောက်ကိုရောက်လွန်းနေတဲ့အခါ သွားပွတ်တံ၊ သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးလုပ်လို့ မရတာကြောင့် သွားနဲ့ ခံတွင်းကျန်းမာရေးပြဿနာတွေ ဖြစ်လာပြီဆိုရင် နှုတ်ဖို့ သွားဆရာဝန်က အကြံပေးပါလိမ့်မယ်။

    အံဆုံးသွားမနှုတ်ခင် ဘာအရင်လုပ်သင့်လဲ။

    ၁။ အသက် ၁၆ နှစ် ကနေစပြီး ၆လ တစ်ကြိမ် သွားဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။

    ၂။ အံဆုံးစပေါက်တာနဲ့ နှုတ်ဖို့ မလိုအပ်သေးပါဘူး။ နာကျင်တာ၊ နေရထိုင်ရခက်တာ၊ တခြားသွားနဲ့ သွားဖုံးတွေကို ပွတ်တိုက်မိနေတာ၊ သန့်ရှင်းရေးလုပ်ရခက်တဲ့အခြေအနေမျိုးမှာမှ နှုတ်ဖို့ ဆရာဝန်က အကြံပေးပါလိမ့်မယ်။

    ၃။ ကိုယ့်မှာ ရှိတဲ့ ကျန်းမာရေးပြဿနာတွေ၊ ပုံမှန်သောက်နေတဲ့ ဆေးတွေရှိရင် ကြိုပြောထားပါ။

    ၄။ အံဆုံးသွားကို ခွဲစိတ်ပြီး မဖယ်ရှားခင် သိချင်တဲ့ မေးခွန်းတွေကို ကြိုမေးထားပါ။

    ၅။ သွားရဲ့ အခြေအနေပေါ်မူတည်ပြီး မေ့ဆေး၊ ထုံဆေး ပေးဖို့လိုမလားဆိုတာကို တိုင်ပင်ပါ။

    ၆။ သွားနှုတ်ဖို့အတွက် ကျောင်း၊ အလုပ်ကနေ ခွင့်ယူထားပါ။

    ၇။ သွားနှုတ်မယ့်အကြောင်းကို မိဘ၊ အုပ်ထိန်းသူတွေကို ပြောပြထားပါ။

    အံဆုံးသွားနှုတ်ရင် ဘယ်လောက်ကြာနိုင်လဲ။

    အသေးစားခွဲစိတ်မှု ဖြစ်တာကြောင့် ၄၅ မိနစ်ထက်တော့ ပိုပြီး မကြာနိုင်ပါဘူး။ အရင်ဆုံး ထုံဆေး၊ မေ့ဆေး ထိုးပြီးတာနဲ့ စတင်ခွဲစိတ်မှာပါ။ ကိုယ့်သွားရဲ့ အခြေအနေပေါ်မူတည်ပြီး သွားနှုတ်တဲ့အခါ လွယ်ကူတာရှိသလို မြန်မြန်လည်း ပြီးနိုင်ပါတယ်။

    အံဆုံးသွားနှုတ်ပြီးတဲ့အခါ ဘာတွေလုပ်ဖို့ လိုမလဲ။

    ထုံဆေး၊ မေ့ဆေး ပြယ်သွားပြီဆိုရင် နာကျင်မှုကို စတင်ခံစားရမှာ ဖြစ်တဲ့အတွက် အနာသက်သာအောင် လုပ်ဖို့ လိုပါတယ်။ ခွဲစိတ်ပြီးကာစ ရက်ပိုင်းအတွင်းမှာ ပါးရောင်တာ၊ အနည်းငယ် နေရ၊ ထိုင်ရခက်တာ ကြုံလာနိုင်ပါတယ်။ လုံးဝပျောက်ကင်းသွားဖို့ ရက်သတ္တပတ် အနည်းငယ် စောင့်ရနိုင်ပါတယ်။

    သွားနှုတ်ြပီးကာစမှာ ပိုးသတ်ထားတဲ့ ဂွမ်းကို ခွဲစိတ်ထားတဲ့ နေရာပေါ် ဖိကိုက်ထားပါ။ ဆရာဝန်ပြောထားတဲ့အတိုင်း ဂွမ်းကို လဲပေးပါ။ ၂ကြိမ်၊ ၃ကြိမ်လောက်ဆို လုံလောက်ပါပြီ။

    သွားနှုတ်ပြီး ၃ရက်အတွင်း ဆောင်ရန်၊ ရှောင်ရန်များ

    ၁။ ရောင်တာ၊ အသားအရောင်ပြောင်းတာ၊ နာကျင်တာ သက်သာစေဖို့ ရေခဲဝတ် ကပ်ထားပါ။

    ၂။ မေးရိုးကို လေ့ကျင့်ခန်းလုပ်ပေးဖို့ ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ပါ။

    ၃။ ပျော့နေသော အစာ (ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်) ကိုပဲ စားပေးပါ။

    ၄။ အရည်များများသောက်ပါ။

    ၅။ ခွဲစိတ်ပြီး ဒုတိယမြောက်နေ့မှာမှ သွားတိုက်ပါ။ ခွဲထားတဲ့ သွားဖုံးနေရာကို မထိမိစေဖို့ ဂရုစိုက်ပါ။

    ၆။ ဆရာဝန်ပေးထားတဲ့ သောက်ဆေးတွေကို သေချာ သောက်ပါ။

    ၇။ အဖျားတက်တာ၊ နာတာ၊ ရောင်တာ မကျဘူးဆိုရင် ဆရာဝန်နဲ့ ပြန်သွားပြပါ။

    ၈။ ပိုက်နဲ့ စုပ်သောက်တာမျိုး လုံးဝမလုပ်ရပါဘူး။

    ၉။ ပါးစပ်ကို ပလုပ်ကျင်းတဲ့အခါ ဖြည်းညင်းစွာ လုပ်ဖို့ လိုပါတယ်။ ဆားငန်ရည်နဲ့ ပလုပ်ကျင်းပေးနိုင်ရင် အကောင်းဆုံးပါပဲ။

    ၁၀။ ပူလွန်း၊ မာလွန်းတဲ့၊ ဝါးရခက်တဲ့၊ စေးကပ်တဲ့ အစားအစာတွေ ရှောင်ပါ။

    ၁၁။ ဆေးလိပ်၊ အရက် လုံးဝရှောင်ထားပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Ye Myo Myat မှ ရေးသားသည်။ 14 နာရီ အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: