လိင်တံပြဿနာများ

ကျန်းမာတဲ့ လိင်တံကို ပိုင်ဆိုင်ထားတာက အမျိုးသားတွေအတွက်တော့ အလုံစုံကျန်းမာခြင်းပါပဲ။ လိင်တံ ကျန်းမာတယ်ဆိုတာ လိင်တံ သန့်ရှင်းတာ၊ လိင်တံရောဂါတွေဖြစ်တဲ့ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတဲ့ ရောဂါတွေ ကင်းစင်နေတာပဲ ဖြစ်ပါတယ်။ လိင်တံကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်တံပြဿနာများ

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

လိင်တံပြဿနာများ ကို ရှာဖွေမည်။

လိင်တံပြဿနာများ

လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ

သာမန်လူတစ်ယောက်ရဲ့ မျက်လုံးနဲ့ မမြင်နိုင်တဲ့ Sarcoptes Scabiei ဆိုတဲ့ ကပ်ပါးရောဂါပိုးဟာ အရေပြားထဲ ဝင်ရောက်ကူးစက်ရာကနေ ဝဲခြောက် ယားနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ လိင်တံပေါ်မှာ ယားယံတဲ့ အကွက်တွေထတာဆိုရင် ဝဲခြောက်ပေါက်တာ ဖြစ်နိုင်ပါတယ်။ လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲ။ လိင်တံပေါ်က ဝဲခြောက် ယားနာရဲ့ လက္ခဏာက ဘာတွေလဲ။ လိင်တံအရေပြား ပတ်လည်မှာ အလွန်အမင်း ယားယံတဲ့ ဝေဒနာကို ခံစားရမယ်။ ယားနေတဲ့ အရေပြားပေါ်မှာ သေးပြီး ဝက်ခြံလိုပုံစံဖြစ်နေတဲ့ အဖုလေးတွေ ထနေမယ်။ လိင်တံသာမက ကပ္ပာယ်အိတ်၊ ပေါင်ခြံတွေအထိပါ ကူးစက်နိုင်ပါတယ်။ ကပ်ပါးရောဂါပိုးတွေ ကူးစက်ခံရပြီး ၄ပတ် မှ ၆ပတ်အတွင်း ဝဲခြောက် စတင် ဖြစ်ပေါ်လာပါတယ်။ ဝဲခြောက်တွေက ဘာလို့ အရမ်းယားတာလဲ။ ကပ်ပါးရောဂါပိုးတွေဟာ […]


လိင်တံပြဿနာများ

လိင်တံကနေ အနံ့ဆိုးထွက် စေတဲ့ အဓိကတရားခံ

အမျိုးသားတော်တော်များများမှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့ လိင်တံမှာ မကောင်းတဲ့ အနံ့အသက်တွေ အမြဲထွက်နေတတ်တာပါပဲ။ ဒီလို လိင်တံကနေ အနံ့ဆိုးထွက် စေတဲ့ အဓိကတရားခံ ကို ပြောပါဆိုရင် လိင်တံအရေပြားအောက်မှာ ဖုံးနေတဲ့ အဖြူရောင်အရိအချွဲတွေနဲ့ အဖတ်တွေလို့ ဆိုရမှာပါ။ အထူးသဖြင့် လိင်တံထိပ်အရေပြားကို ဖြတ်မထားတဲ့ အမျိုးသားတွေ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့အခါမှာ ဒီအဖြူရောင်အဖတ်တွေ (Smegma) ဖြစ်လာပါတယ်။ လိင်တံကနေ အနံ့ဆိုးထွက် စေတဲ့ အဓိကတရားခံ ထိပ်အရေပြား မဖြတ်ထားတဲ့အခါ လိင်တံထိပ်ရဲ့ ပတ်လည်ကို အရေပြားက အမြဲဖုံးနေပါတယ်။ အမျိုးသားတွေက အမြဲ အားကစား၊ လေ့ကျင့်ခန်းလုပ်တာ၊ လှုပ်လှုပ်ရှားရှားနဲ့ အပြင်ထွက်ပြီး သွားလာနေရတာကြောင့် ပေါင်ခြံနဲ့ လိင်တံတစ်ဝိုက်မှာ ချွေးတွေက အမြဲလိုလို ထွက်တတ်ပါတယ်။ ဒီအဖြူရောင်အရိအချွဲတွေ (Smegma) ဆိုတာ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်အသေတွေ၊ အဆီတွေ၊ ဆီး၊ သုက်ရည်၊ […]


လိင်တံပြဿနာများ

လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ

အမျိုးသားတွေရဲ့ လိင်တံကနေ ဆီးနဲ့ သုက်ရည်ထွက်တာ ပုံမှန်ဖြစ်စဉ်ဆိုပေမယ့် တခြားသော အရည်တွေ ထွက်လာတာ၊ အရည်တွေရဲ့ အရောင်က ပုံမှန်မဟုတ်ဘူးဆိုရင်တော့ စိတ်ပူစရာ ကိစ္စ ဖြစ်လာပါပြီ။ ဒီနေ့ဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများတဲ့ လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ ဆိုတော့ ဆီးစွန့်ပြွန် ပိုးဝင်ခြင်း (Urethritis) လိင်တံနဲ့ ဆီးအိမ်ကို ဆက်စပ်ထားတဲ့ ဆီးစွန့်ပြွန် နီရဲရောင်ရမ်းတာ၊ ပိုးဝင်တဲ့ ရောဂါ ဖြစ်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့ လိင်တံကနေ အဝါရောင် သို့မဟုတ် စိမ်းဖန့်ဖန့်အရောင် ပြည်အရည်တွေ ထွက်လာတာ ဆီးသွားနေစဉ်မှာ ပူလောင်နေတဲ့ ခံစားချက်ကြီးဖြစ်နေတာ ရုတ်တရက်ကြီး ဆီးသွားချင်စိတ် အလွန်အကျွံဖြစ်လာတာ ဆီးမအောင့်နိုင်တော့တာအပြင် ဘယ်လိုလက္ခဏာမျိုးမှ မပြတာမျိုးလည်း ရှိနိုင်ပါတယ်။ ဆီးစွန့်ပြွန် […]


လိင်တံပြဿနာများ

လိင်တံ ၂ချောင်းဖြင့် မွေးလာသော အမျိုးသားများ

မွေးလာတဲ့အချိန်မှာ ယောက်ျားလေးက လိင်တံ ၂ချောင်း ခွဲထွက်နေတဲ့အခြေအနေကို Diphallia လို့ ခေါ်ပါတယ်။ ယောက်ျားလေး ၆သန်းမှာ တစ်ယောက်သာလျှင် ရှားရှားပါးပါး တွေ့ရတတ်တဲ့ အခြေအနေပါ။ လိင်တံ ၂ချောင်း ရှိခြင်းဟာ အန္တရာယ်များတာမျိုးတော့ မဟုတ်ပေမဲ့ သူ့မှာ နောက်ဆက်တွဲ စိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် အစာချေဖျက်တဲ့ နေရာနဲ့ ဆီးလမ်းကြောင်း အစရှိတဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ရှိလဲ။ Diphallia ဆိုတာ မွေးပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ အခြေအနေမဟုတ်ဘဲ မွေးလာကတည်းကိုက လိင်တံ ၂ခုအနေနဲ့ ကွဲထွက်ပြီး မွေးလာတာဖြစ်တဲ့အတွက် ဆရာဝန်တွေအနေနဲ့ ကလေးကို အလွယ်တကူ စစ်ဆေးကြည့်လို့ ရနိုင်ပါတယ်။ လိင်တံ၊ ဝှေးစေ့၊ ကပ္ပယ်အိတ်က ပုံမှန်မဟုတ်တာ လိင်တံ ၂ခု ကွဲထွက်နေတာ (Penile […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား နောက်လှန်ဆွဲလို့ မရတာ ဘာကြောင့်လဲ

လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ လက္ခဏာ တစ်ခုပါ။ ဒီအခြေအနေကို Phimosis - လိင်တံအရေပြား နောက်လှန်ဆွဲမရခြင်း ဖြစ်စဉ်လို့ လူသိများကြပါတယ်။ အသက် ၃နှစ်အရွယ် ကလေးတွေမှာ အရေပြားကျပ်နေတာမျိုး ဖြစ်တတ်ပေမဲ့ အဲ့ဒီနောက်ပိုင်းမှာတော့ ပြန်ပြီး ချောင်ချောင်ချိချိ ဖြစ်သွားတတ်ပါတယ်။ ဆီးသွားရတာ နာကျင်မှု၊ ရောင်ရမ်းမှု၊ သက်သောင့်သက်သာ မဖြစ်မှု၊ ဆီးသွားဖို့ အဆင်မပြေတာတွေ ရှိလာပြီဆိုမှ ကုသမှုခံယူသင့်တယ်လို့ ယူဆထားပါတယ်။ သူ့ရဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ။ အသက် ၃နှစ်နဲ့ နောက်ပိုင်းမှာ လိင်တံအရေပြားက ချောင်ချိသွားပြီး နောက်ပြန်လှန်ဆွဲလို့ ရပါတယ်။ တချို့သော အမျိုးသားတွေမှာတော့ နောက်လှန်ဆွဲနိုင်ဖို့ အချိန်တော်တော်လေး ပေးရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ယောက်က သူ့ရဲ့ လိင်တံထိပ်အရေပြားကို နောက်လှန်ဆွဲတဲ့နေရာမှာ ဘယ်လိုအခက်အခဲမှ […]


လိင်တံပြဿနာများ

လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား

လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား ...... အမျိုးသားတစ်ယောက်အတွက် လိင်တံ ပေါ်မှာ သွေးပြန်ကြောတွေ ထင်ထင်ရှားရှား မြင်နေရတဲ့ ဖြစ်စဉ်ဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ အထူးသဖြင့် လိင်တံ ကောင်းစွာ ထောင်မတ်နိုင်ဖို့အတွက် ဒီသွေးပြန်ကြောတွေထဲကို သွေးကောင်းစွာ စီးဆင်းသွားပြီး အဲ့ဒီသွေးတွေကို နှလုံးဆီသို့ ပြန်လည်ပို့ဆောင်ပေးတာကြောင့် ဒီအကြောတွေရှိနေဖို့ လိုအပ်ပါတယ်။ လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား တချို့အမျိုးသားတွေမှာ လိင်တံ သွေးကြောက မျှင်မျှင်လေးသာ မြင်တတ်ပြီး တချို့တွေမှာတော့ အပြင်ဘက်မှာ တော်တော်လေးကို ကြီးကြီးမားမား ထောင်ထွက်နေနိုင်ပါတယ်။ ဒီသွေးပြန်ကြောတွေနဲ့ ပုံစံအရွယ်အစား အချိန်နဲ့အမျှ ပြောင်းသွားတတ်ပြီး လိင်ဆက်ဆံေနစဉ်မှာ ထိခိုက်မိတာ၊ သွေးကြောပေါက်ပြဲတဲ့ အခြေအနေမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လိင်တံ သွေးကြောတွေဟာ ဘာကြောင့် အမျိုးသားတွေရဲ့ လိင်မှုဘဝအတွက် အရေးပါလဲ၊ ဘယ်လိုအချိန်မှာ ပုံစံပြောင်းလဲသွားနိုင်လဲ၊ ဘယ်အခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသဖို့ […]


လိင်တံပြဿနာများ

မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ

ကျန်းမာရေးကောင်းတဲ့ ပုရိသတွေအနေနဲ့ ဖွားဖက်တော် ထောင်မတ်နေတာ သိပ်ဆန်းတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ အထိအတွေ့ကြောင့်၊ စိတ်ခံစားချက်ကြောင့် တင်မကဘဲ တစ်ခါတလေမှာ အကြောင်းပြချက်မရှိဘဲနဲ့လည်း လိင်တံ ထောင်မတ်နိုင်ပါတယ်။ အထူးသဖြင့် လူပျိုဖြစ်ကာစ ဆယ်ကျော်သက်အရွယ် ကောင်လေးတွေနဲ့ အရွယ်ငယ်သေးတဲ့ လူငယ်ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီဖြစ်စဉ်ကို Nocturnal Penile Tumescence (NPT) မနက်ခင်းမှာ လိင်တံထောင်မတ်နေခြင်း ဖြစ်စဉ်လို့လည်း ခေါ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ အမျိုးသားအများစုဟာ မနက်နိုးလာတဲ့အခါ ဖွားဖက်တော် ထိုးထိုးထောင်ထောင် ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ ၁။ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ မျက်လုံးက မှိတ်နေပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာက အသားချင်း အထိအတွေ့အပေါ်မှာ ကောင်းကောင်း ခံစားသိရှိနိုင်ပါတယ်။ ကိုယ်တိုင်က အိပ်နေရင်းနဲ့ […]


လိင်တံပြဿနာများ

လိင်တံထောင်မတ်နိုင်စွမ်းနှင့် အံ့အားသင့်စရာ အချက်(၁၂)ချက်

အမျိုးသားတော်တော်များများ ဝန်မခံရဲကြတဲ့ ပြဿနာတွေထဲမှာ ဖွားဖက်တော် ကောင်းစွာ မထောင်မတ်နိုင်တာလည်း တစ်ခုအပါအဝင်ပါပဲ။ ပုံမှန်အားဖြင့် အသက်ကြီးလာမှ လုပ်ဆောင်ရည် ကျသွားတယ်ဆိုပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖွဲတစ်ဆုပ်မနိုင်တော့တဲ့ သူတွေလည်း အများကြီးပါပဲ။ အခုဆောင်းပါးမှာ ပုရိသတို့ သိထားသင့်တဲ့ လိင်တံထောင်မတ်နိုင်ခြင်းနဲ့ ပတ်သက်တဲ့ အချက် ၁၂ ချက်ကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ၁။ လိင်တံမထောင်မတ်နိုင်သူ အများစုဟာ စိုးရိမ်စိတ်တွေကြောင့် ဖြစ်နေရတာပါ။ အသက်အရွယ်ကြောင့် မဟုတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေကို လေ့လာကြည့်တဲ့အခါ အများစုက လိင်ဆက်ဆံမှု ပြုရာမှာ ကောင်းစွာ စွမ်းဆောင်နိုင်ပါ့မလား၊ ကိုယ့်ရဲ့ အဖော်ကို စိတ်တိုင်းကျစေပါ့မလား အစရှိသဖြင့် စိုးရိမ်ပူပန်စိတ်တွေ ရှိတတ်ပါတယ်။ ဒီစိတ်ကြောင့် ကိုယ်က သေချာအာရုံမစူးစိုက်နိုင်တော့တာကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်တာပါ။ ၂။ လိင်တံတွေဟာ ထောင်မတ်နေချိန်မှာ ကျိုးဖို့ ပိုလွယ်ကူပါတယ်။ လိင်ဆက်ဆံတဲ့ […]


လိင်တံပြဿနာများ

လိင်တံအရေပြား ပေါ်မှာ ပေါက်တဲ့ ဝက်ခြံ

ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကြားမှာ ဝက်ခြံပြဿနာဆိုတာ တော်တော်အမေးများပြီး အမြဲဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာတင်မကပါဘူး၊ ကိုယ်ခန္ဓာပေါ်က ချွေးပေါက်ရှိတဲ့ နေရာတိုင်းမှာ ဝက်ခြံပေါက်နိုင်ပါတယ်။ ဒါဆိုရင် အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း ဝက်ခြံပေါက်နိုင်တာပေါ့။ လိင်တံအရေပြား ဆိုတာ ထိခိုက်လွယ်ပြီး မကြာခဏ ချွေးတွေ ခိုအောင်းတာ၊ စိုထိုင်းထိုင်းဖြစ်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာတွေကြောင့် ဝက်ခြံပေါက်နိုင်ခြေရှိပါတယ်။ ဝက်ခြံဆိုတာ သေချာအောင် စစ်လို့ရတဲ့ လက္ခဏာတွေ ချွေးပေါက်ထဲမှာ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ စုမိတာ၊ ပျက်စီးနေတဲ့ အရေပြားဆဲလ်အသေတွေ များနေတာ၊ လိင်အင်္ဂါတစ်ဝိုက်မှာ ချွေးနဲ့ ဘက်တီးရီးယားပိုးကြောင့် အဆီဖု၊ ဝက်ခြံနဲ့ အမည်းစက်တွေ ဖြစ်လာနိုင်ပါတယ်။ ဝက်ခြံရှိတာ သိနိုင်တဲ့ လက္ခဏာတွေကတော့ ပြည်ဖုလို အဖြူဆံလေး ရှိနေတာ ကိုင်ကြည့်လိုက်တဲ့အခါ ပျော့အိအိလေး ခံစားရတာ အရေပြားက ပြေပြစ်မနေဘဲ အဖုလေး ဖြစ်နေတာဆိုရင် […]


လိင်တံပြဿနာများ

လေ့ကျင့်ခန်း လုပ်လွန်းရင် လိင်တံအရွယ်အစား သေးသွားမလား

ထူးဆန်းစွာပဲ။ ဒီမေးခွန်းကို အမျိုးသားတွေထက် အမျိုးသမီးတွေက အမေးများတာ တွေ့ရပါတယ်။ ကိုယ့်ရဲ့ ချစ်သူကောင်လေးက Gym မှာ လေ့ကျင့်ခန်းတွေ အရမ်းလုပ်လွန်းလို့၊ အလေးတွေ မလွန်းလို့ လိင်တံ အရွယ်အစား သေးသွားမလား၊ ယောက်ျားမပီသတော့ဘူးလား ဆိုပြီး စိုးရိမ်ပူပန်တတ်ကြတာပါ။ အမျိုးသားတွေမှာလည်း လေ့ကျင့်ခန်းကြောင့် ငယ်ပါ အရွယ်အစား ပိုသေးသွားမလား၊ ကြီးလာနိုင်သေးလား ဆိုပြီး စိတ်မရှင်းဖြစ်နေတာတွေ တွေ့ရပါတယ်။ ဒီနေ့မှာတော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ယောက်ျားပီသခြင်း အလွဲလေးတွေနဲ့ ပတ်သက်ပြီး စိတ်ရှင်းသွားရလေအောင် ပြောပြပေးချင်ပါတယ်။ လေ့ကျင့်ခန်း လုပ်လွန်းရင် လိင်တံအရွယ်အစား သေးသွားမလား လိင်တံ အရွယ်အစား သေးခြင်း၊ ကြီးခြင်းဟာ လေ့ကျင့်ခန်း လုပ်တာနဲ့ မသက်ဆိုင်ဘဲ ကိုယ့်အမျိုးသားရဲ့ နေပုံထိုင်ပုံ၊ စားသောက်ပုံနဲ့သာ သက်ဆိုင်ပါတယ်။ ကိုယ့်အမျိုးသားက လူပျိုဘဝထဲက ဆေးလိပ်၊ အရက်၊ ဘီယာတွေ အလွန်အကျွံသောက်မယ်၊ အဆီ၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်