လိင်တံပြဿနာများ

ကျန်းမာတဲ့ လိင်တံကို ပိုင်ဆိုင်ထားတာက အမျိုးသားတွေအတွက်တော့ အလုံစုံကျန်းမာခြင်းပါပဲ။ လိင်တံ ကျန်းမာတယ်ဆိုတာ လိင်တံ သန့်ရှင်းတာ၊ လိင်တံရောဂါတွေဖြစ်တဲ့ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတဲ့ ရောဂါတွေ ကင်းစင်နေတာပဲ ဖြစ်ပါတယ်။ လိင်တံကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်တံပြဿနာများ

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

လိင်တံပြဿနာများ ကို ရှာဖွေမည်။

လိင်တံပြဿနာများ

ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome)

ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome) စိတ်ပညာအရ ဒီပြဿနာကို Small Penis Syndrome သို့မဟုတ် Penile Dysmorphic Disorder (PDD) လို့ ခေါ်ပါတယ်။ ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome) ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome) အကြောင်းလေး လေ့လာလိုက်ပါဦးနော်။ Small Penis Syndrome  (PDD) ဆိုတာဘာလဲ။ PDD သည် အမျိုးသားတွေမှာ ရှိတဲ့ စိုးရိမ်ပူပန်ခြင်း စိတ်ဝေဒနာပါ။ ကိုယ့်ရဲ့ လိင်အင်္ဂါက ပုံမှန်အရွယ်အစားထက် သေးနေခြင်း (၃လက်မနဲ့ အောက်) မရှိဘဲ ပုံမှန်အရွယ်အစားရှိနေပါလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် သေးနေတယ်လို့ မြင်သလို ကိုယ့်ရဲ့ အဖော်က လိင်အင်္ဂါအရွယ်အစားနဲ့ပတ်သက်ပြီး ကိုယ့်အပေါ် […]


လိင်တံပြဿနာများ

ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ

လိင်အင်္ဂါပတ်လည်မှာ ရှိတဲ့အရေပြားသည် တခြားနေရာတွေထက် ဘက်တီးရီးယားပေါက်ဖွားဖို့ ပိုလွယ်သလို အနံ့အသက်ထွက်ခြင်း၊ ယားယံခြင်း၊ မှိုစွဲခြင်း အစရှိတဲ့ အရေပြားပြဿနာတွေ ဖြစ်ဖို့ ပိုများပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတတ်တာကြောင့် လိင်အင်္ဂါတစ်ဝိုက်မှာ ပိုပြီး ယားယံတတ်ပါတယ်။ ဒီတစ်ခေါက်တော့ ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ အကြောင်းကို ဝေမျှပေးသွားချင်ပါတယ်။ ယားတဲ့နေရာကို လက်နဲ့ကုတ်တယ်ဆိုတာ သိပ်ကိုကြည့်ရဆိုးတဲ့အပြင် ဝေဒနာကို ခဏလေးပဲ သက်သာစေနိုင်သလို မတော်တဆ ပွန်းပဲ့သွားရာကနေ ပိုးဝင်ပြီး ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြရမှာလည်း ရှက်တယ်ဆိုတဲ့ ဘော်ဒါတွေအတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလမ်းကောင်းတွေကို ပြောပြပေးမှာမို့ သေချာဖတ်ကြည့်လိုက်ကြရအောင်။ ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ ကတော့ ၁။ ရေခဲဝတ်ကပ်ခြင်း သန့်ရှင်းတဲ့ အဝတ်ထဲ ရေခဲ ၂တုံး ၃တုံးလောက်ထည့်ပြီး လိင်တံရဲ့ ယားယံနေတဲ့ […]


လိင်တံပြဿနာများ

အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ

အမျိုးသား လိင်အင်္ဂါရဲ့ အရေပြားဆိုတာ မနူးညံ့တဲ့တိုင်အောင် ထိခိုက်ပွန်းပဲ့ဖို့ အရမ်းလွယ်ကူပါတယ်။ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရေ အာသာဖြေတဲ့ အကြိမ်ရေများလွန်းတာ၊ ကျပ်သိပ်လွန်းတဲ့ ဘောင်းဘီ၊ အတွင်းခံကျပ်ကျပ်တွေ ဝတ်တာ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာတွေကြောင့် အမျိုးသားလိင်တံရဲ့ ထိပ်ဖူး၊ ကိုယ်ထည်နဲ့ ထိပ်ဖုံးအရေပြားမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ အကယ်လို့ အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။ အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ သက်သောင့်သက်သာ မဖြစ်ဘူးဆိုပေမယ့် ကိုယ်သာ သေချာဂရုစိုက်ပေးမယ်ဆိုရင် ပျောက်ဖို့လွယ်ကူတာကြောင့် သိပ်တော့ စိတ်ပူစရာမလိုပါဘူး။ ကိုယ့်ဘော်ဒါတွေထဲမှာ မကြာခဏ ငယ်ပါကို ထိခိုက်မိတဲ့သူတွေ ရှိရင် ဒါမှမဟုတ် ကိုယ်တိုင်လည်း ဒီလိုဖြစ်လာခဲ့ရင် ဘာတွေဆောင်ရ၊ ရှောင်ရမလဲဆိုတာကို ဒီဆောင်းပါးဖတ်ကြည့်ရင်း လေ့လာကြရအောင်လား။ လိင်အင်္ဂါတွင် ထိခိုက်ပွန်းပဲ့စေတဲ့ အကြောင်းရင်းတွေက […]


လိင်တံပြဿနာများ

ချစ်သူနဲ့ ချိန်းတွေ့ပြီးတိုင်း ဝှေးစေ့က ဘာကြောင့်အောင့်နေရတာလဲ

အခုတလော ယောက်ျားလေးတွေ ခဏခဏလာမေးကြတဲ့ မေးခွန်းတစ်ခုရှိတယ်ဗျ။ သူတို့ချစ်သူကောင်မလေးတွေနဲ့ ချိန်းတွေ့ပြီး ပြန်လာတဲ့အချိန်မှာ ဝှေးစေ့က အရမ်းအောင့်ပါတယ်။ ဘာလိင်မှုကိစ္စမှလဲမဖြစ်ခဲ့ပါဘူးတဲ့။ ချစ်သူနဲ့ ချိန်းတွေ့ပြီးတိုင်း ဝှေးစေ့က ဘာကြောင့်အောင့်နေရတာလဲ ဆိုပြီး မေးထားတာပါ။ တကယ်ကတော့ မေးခွန်းမှာကတည်းက အဖြေက ပါနေပြီးသားပါ။ အလွယ်ပြောရမယ်ဆိုရင် လိင်စိတ်ဆန္ဒဖြစ်ပေါ်နေပါလျက်နဲ့ လိင်ဆက်ဆံခြင်း (တစ်နည်းအားဖြင့် သုက်လွှတ်ခြင်း) လုံးဝမရှိခဲ့လို့ အောင့်တာပါ။ သူ့ကို ဆေးပညာအရ Epididymal Hypertension (အတိုကောက် EH) လို့ခေါ်ပါတယ်။ ယောက်ျားလေးတွေမှာပဲ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ကြီးကြီးမားမား စိုးရိမ်စရာ၊ စိတ်ပူစရာမရှိဘူးဆိုပေမဲ့ ယောက်ျားလေးတွေရဲ့ အဓိကနေရာမှာ ဖြစ်တာဆိုတော့လည်း အနည်းငယ်ပူပန်တတ်ကြတာတော့ သဘာဝပါပဲ။ ဒီဆောင်းပါးမှာ ခုပြဿနာကြောင့် ဝှေးစေ့အောင့်ရခြင်းအကြောင်းကို နားလည်လွယ်အောင် ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/mens-health/mens-health-issues/increased-testicular-temperature-and-infertility/ EH ရဲ့ အဓိကလက္ခဏာတွေကဘာတွေလဲ။ EH သည် ဝှေးစေ့ကိုပဲ အဓိကသွားပြီး သက်ရောက်ပါတယ်။ […]


လိင်တံပြဿနာများ

လိင်တံထိပ်မှာ အနာပေါက်နေတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲ။

Private part လို့ခေါ်တဲ့ မျိုးပွားအင်္ဂါပတ်လည်ဟာ တကယ်ကို သန့်သန့်ရှင်းရှင်းထားသင့်တဲ့နေရာတစ်ခုပါ။ အနာပေါက်တာ အကျိတ်ထွက်တာမျိုးတွေ လုံးဝကို မဖြစ်သင့် မရှိသင့်တဲ့နေရာတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ်က သန့်သန့်ရှင်းရှင်းလည်းထားရက်သားနဲ့ လိင်တံထိပ်မှာ အနာလေးတွေ ပေါက်နေတယ်။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ဒီလိုဖြစ်နေပြီဆိုရင် ရတက်မအေး စိုးရိမ်သွားတတ်ကြတဲ့သူတွေ ချည်းပဲလေ။ လိင်တံထိပ်မှာ အနာပေါက်တာ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ ။ လိင်တံထိပ်မှာ အနာပေါက်နိုင်တဲ့သူတွေကို အဓိက အုပ်စုနှစ်စုခွဲလိုက်လို့ရပါတယ်။ လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါကြောင့် အနာပေါက်နိုင်တဲ့ အုပ်စုနဲ့ ကူးစက်ရောဂါမဟုတ်တဲ့ ပြဿနာတွေ ကြောင့် အနာပေါက်နိုင်တဲ့ အုပ်စုဆိုပြီး ခွဲလိုက်လို့ရပါတယ်။ လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ လိင်တံထိပ်အနာပေါက်ခြင်းဖြစ်နိုင်တဲ့သူတွေကတော့ လိင်ဆက်ဆံဖော်အရေအတွက်များတဲ့သူတွေ အကာအကွယ် မပါဘဲလိင်ဆက်ဆံတဲ့သူတွေ လိင်တံထိပ် အရေပြားကို သေချာ သန့်ရှင်းရေမလုပ်တဲ့သူတွေ လိင်တံထိပ်မှာအနာပေါက်နေတဲ့ သူတွေ၊ ရေယုန် ပေါက်နေတဲ့သူတွေနဲ့ […]


လိင်တံပြဿနာများ

လိင်တံအရေပြား ခြောက်သွေ့ကွဲအက်နေရင် စိုးရိမ်သင့်လား

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်အင်္ဂါတစ်ဝိုက်မှာ အမြဲချွေးနဲ့ အဆီနဲ့ စိုစွတ်နေတတ်တာ သဘာဝပါပဲ။ ဒီလိုစိုနေတဲ့ကြားကမှ ကိုယ့်ရဲ့ လိင်အင်္ဂါက ခြောက်သွေ့ပြီးတော့ အဖြူရောင် အသားဖတ်တွေကွာနေတယ်၊ ထိလိုက်တဲ့အခါ အရေပြားက ကြမ်းကြမ်းကြီးဖြစ်နေတယ်ဆိုရင် ပုရိသတို့အနေနဲ့လည်း အနည်းငယ်တော့ စိတ်ပူနိုင်တာပေါ့။ များသောအားဖြင့် လိင်တံအရေပြား ခြောက်သွေ့ခြင်းသည် စိုးရိမ်စရာမရှိပါဘူး။ ဖြစ်ခဲ့ရင်လည်း ရက်အနည်းငယ်သာ ကြာတတ်ပြီး သူ့အလိုလို ပျောက်သွားမှာပါ။ တခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကြောင့် အရေပြားခြောက်ပြီး ကွဲတာမျိုးမဖြစ်စေလို့ ဒီအချက်နဲ့ပတ်သက်ပြီး စိုးရိမ်စရာတော့မလိုပါဘူး။ အခုဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ လိင်တံခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်း (၅) ချက်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ စိုးရိမ်စရာမလိုတဲ့ အကြောင်းရင်း (၅) ချက် ၁။ ပြင်းလွန်းတဲ့ ကိုယ်တိုက်ဆပ်ပြာတွေ အသုံးပြုတဲ့အခါ လိင်အင်္ဂါအရေပြားနဲ့ ဓာတ်မတည့်ဖြစ်ပြီး သဘာဝအဆီတွေက ခမ်းခြောက်သွားကာ ခြောက်ကပ်ကပ်ဖြစ်သွားနိုင်ပါတယ်။ ၂။ အသန့်ကြိုက်လွန်းတဲ့ အမျိုးသားတွေ ကိုယ့်ရဲ့ လိင်အင်္ဂါကို ရေမွှေးတွေ […]


လိင်တံပြဿနာများ

အမျိုးသားအင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဘေးထွက်ဆိုးကျိုး

အမျိုးသားအင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဘေးထွက်ဆိုးကျိုး တွေနဲ့ ပတ်သက်လို့ သိပြီးပြီလား! လိင်ကျန်းမာရေးနဲ့ပတ်သက်လာရင် ယောက်ျားအများစုရဲ့ အမေးတတ်ဆုံးမေးခွန်းကတော့ ကျွန်တော့်လိင်တံ ကြီးအောင်ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ အမှန်အတိုင်းပြောရရင် ယောက်ျားတစ်ယောက်ရဲ့ လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီးမကြီးနိုင်တော့ပါဘူး။ အဲ့တော့ ကြီးဆေးတွေသောက်ရင် မရဘူးလား၊ သူများတွေ ဆေးထိုး၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခုအတွင်းတော့ ကြီးလာတယ်လို့ ထင်ရမှာပါ။ ဒါပေမယ့် သဘာဝမဟုတ်တဲ့ အရာတွေကို လိင်တံအတွင်းထဲ ထိုးသွင်းပြီးနောက် ဖြစ်လာနိုင်တဲ့ ကြောက်မက်ဖွယ်ရာဆိုးကျိုးတွေကို ရင်ဆိုင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရဲ့လား။ အမျိုးသားအင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဘေးထွက်ဆိုးကျိုး မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများရဲ့ ကျန်းမာရေးအသိပညာ အလွန်နည်းတဲ့နေရာတွေမှာ ခေတ်စားတဲ့ ဓလေ့တစ်ခုပါ။ လိင်တံကြီးစေဖို့ သဘာဝမဟုတ်တဲ့ စီလီကွန်၊ ဗက်စလင်း၊ အုန်းဆီ စတာတွေကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား ကို အသက်ကြီးမှ ခွဲစိတ်လို့ရလား

လိင်တံထိပ်အရေပြား ဖြတ်ခြင်း (Circumcision) ကို များသောအားဖြင့် မွေးပြီးကာစ ကလေးအရွယ်မှာကတည်းက လုပ်ကြပါတယ်။ အရင်တုန်းကတော့ ဘာသာရေး၊ လူမျိုးရေးအယူဝါဒတွေကြောင့် ဖြတ်ပစ်တတ်ကြပေမယ့် ခုနောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို အလေးပေးတဲ့အနေနဲ့ ဒီအပြုအမူကို မိဘတွေကိုယ်တိုင်က လိုလိုလားလား လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒါဆို ငယ်ငယ်က မလုပ်ခဲ့ရလို့ ကြီးလာမှ အရေပြားဖြတ်လို့ရလားဆိုပြီး မေးစရာရှိလာပါတယ်။ ပြောရမယ်ဆိုရင် ဒီ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ အသက်အရွယ်မရွေး လုပ်လို့ရပြီး အသေးစားခွဲစိတ်မှုဖြစ်တာကြောင့် သိပ်ပြီးစိုးရိမ်ဖို့တော့ မလိုပါဘူး။ အသက်ကြီးမှ ကိုယ်ဆန္ဒရှိလို့ ဖြတ်ချင်တယ်ဆိုလည်း ဖြတ်လို့ရပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လူကြီးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်လို့ ဘာကောင်းကျိုးရနိုင်မလဲ၊ ဘာအတွက် လုပ်သင့်လဲ၊ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးချင်ပါတယ်။ အသက်ကြီးမှ လိင်တံထိပ်အရေပြား ဘာကြောင့်ဖြတ်ကြတာလဲ။ ဒီကိစ္စမှ အသိနောက်ကျတယ်ဆိုတာတော့ မရှိပါဘူး။ ကိုယ့်မိဘတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတများစွာမရှိလို့ မလုပ်ခဲ့ရရင်တောင် ဒီဘက်ခေတ်အမျိုးသားတွေမှာ […]


လိင်တံပြဿနာများ

လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်လား

လိင်တံမထောင်မတ်နိုင်ခြင်း တစ်နည်းအားဖြင့် ပန်းသေပန်းညှိုးရောဂါဟာ အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတစ်ခုပါပဲ။ အလွယ်ပြောရမယ်ဆိုရင် ထိုးသွင်းဆက်ဆံခြင်းပြုတော့မယ့်အချိန်မှာ လိင်တံပျော့ကျသွားတာ၊ ထောင်မတ်ဖို့ အချိန်စောင့်ရတာပါ။ အမျိုးသားတစ်ယောက်မှာ ရှိတဲ့ ကျားဟော်မုန်းပမာဏသည် လိင်တံထောင်မတ်ခြင်းကို လွှမ်းမိုးနေတဲ့ အဓိကဟော်မုန်းဆိုလည်း မမှားပါဘူး။ ကျားဟော်မုန်းအပြင် တခြားအချက်တွေကလည်း လိင်တံထောင်မတ်နိုင်စွမ်းကို လွှမ်းမိုးနေပါတယ်။ ဥပမာ လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်လား ရုပ်ခန္ဓာကျန်းမာရေးရော စိတ်ကျန်းမာရေး နှစ်မျိုးလုံးက လိင်တံထောင်မတ်နိုင်ခြင်းကို သွားပြီး လွှမ်းမိုးနိုင်တယ်ဆိုတာ အရင်ဆုံးသိထားဖို့ လိုပါတယ်။ ရုပ်ခန္ဓာအရဆိုရင်တော့ သွေးကြောတွေ ကျဉ်းလာတဲ့ရောဂါ (atherosclerosis) ကြောင့်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားတွေအတွက် လိင်တံထောင်မတ်နိုင်ဖို့ အထဲက သွေးကြောတွေထဲကို သွေးအပြည့်အဝစီးဆင်းရပါတယ်။ ဒီလိုသွေးစီးဆင်းမှုကြောင့် သွေးကြောတွေဟာ ဖောင်းလာပြီး ထောင်မတ်ခြင်းကို ဖြစ်စေတာပါ။ သွေးကြောတွေ ကျဉ်းသွားတဲ့အခါ လိင်တံအတွင်း သွေးအလုံအလောက်ပို့ဆောင်ပေးနိုင်ခြင်းမရှိတော့ပါဘူး။ ကိုလက်စထရောတွေ […]


လိင်တံပြဿနာများ

ကင်ဆာမဟုတ်တဲ့ ဝှေးစေ့ပြဿနာများ ။

ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး ဆိုတဲ့ ဆိုရိုးစကားလေးကြားဖူးမှာပါ။ မိန်းကလေးတွေမှာ မီးယပ်ပြဿနာ အဖြစ်များသလို ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေက ယောကျာ်းလေးတွေမှာ အများဆုံးဖြစ်တဲ့ ဝေဒနာတစ်ခုပါ။ ဆီးလမ်းကြောင်းပြဿနာတွေထဲမှာမှ ဒီနေ့ပြောပြပေးချင်တာက ကင်ဆာမဟုတ်တဲ့ ဝှေးစေ့ပြဿနာများ အကြောင်းပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။ ။ ဝှေးစေ့ပြဿနာများ ( ၁ ) Epididymitis - သုက်ပို့ပြွန်ရောင်ခြင်း။ Testicles လို့ခေါ်တဲ့ ဝှေးစေ့က သုက်ပိုးတွေကို လိင်တံ penis ဆီရောက်အောင်ပို့ပေးတဲ့ ပြွန် epididymis ရောင်တဲ့ ပြဿနာဖြစ်ပါတယ်။ ရောင်လာတဲ့ ဒဏ်က ဝှေးစေ့ကိုပါရောက်သွားပြီး ဝှေးစေ့ပတ်လည်ပါလိုက်ရောင်လာတာကို epididymo-orchitis လို့ခေါ်ပါတယ်။ • လက္ခဏာတွေကတော့ ကပ္ပာယ်အိတ်ပတ်လည်မှာ နာကျင်မှု၊ ရောင်ရမ်းမှုတွေလည်းဖြစ်နေတတ်ပြီး ကိုင်ကြည့်လိုက်တဲ့အခါ ပူနေတာမျိုးတွေ ရှိတတ်ပါတယ်။ • ကလေးအရွယ်နဲ့ မြီးကောင်ပေါက် အရွယ်တွေမှာ ပိုဖြစ်နိုင်တယ်ဆိုပေမယ့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်